မန်စီးတီး အပေါ် မူတည်လာတဲ့ ယူနိုက်တက်ရဲ့ ဆန်ချို မျှော်လင့်ချက်
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေမှာ ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူရေး မျှော်လင့်ချက်ဟာ မထင်မှတ်ဘဲ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ အခြေအနေ အပေါ် မူတည်သွားတဲ့ အနေအထား ဖြစ်လာပါတယ်။
မန်စီးတီးရဲ့ ချန်ပီယံလိဂ် ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ် အယူခံအတွက် ကြားနာမှုတွေ က စတင်တော့မှာ ဖြစ်ပြီး အယူခံ မအောင်ဘဲ ယူနိုက်တက် ချန်ပီယံလိဂ် ဝင်ခွင့် လွတ်လွတ်ကြွတ်ကြွတ် ရသွားခဲ့ရင် ဆန်ချိုကို ခေါ်ယူဖို့ ပို အဆင်ပြေသွားမှာပါ။
ဒေါ့မွန်ကတော့ အသက် ၂၀ အရွယ် အင်္ဂလန်သား တောင်ပံ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အလိုရှိနေပြီး ယူနိုက်တက်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရရင် အပြောင်းအရွှေ့ စရိတ်က သန်း ၅၀ ပိုရမှာ ဖြစ်လို့ ဆန်ချို အတွက် ပို အားစိုက် ကြိုးပမ်းနိုင်မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲတွေ ပြန်မစခင် လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက်က အဆင့် ၅ မှာ ရှိနေပြီး စီးတီးရဲ့ ချန်ပီယံလိဂ် ပိတ်ခံရတဲ့ ပြစ်ဒဏ်သာ ဆက်ရှိနေမယ်ဆိုရင် ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်လထဲ အားကစား ခုံရုံးမှာ ကြားနာတော့မယ့် စီးတီးရဲ့ အယူခံကို ယူနိုက်တက်တို့ ပို အလေးထား စောင့်ကြည့်ရတော့မှာပါ။
ယူနိုက်တက် အကြီးအကဲ အက် ဝုဒ်ဝပ်အသင်း အသင်းကြွေးမြီဟာ ပေါင် ၄၂၉ သန်း ထိ မြင့်တက်သွားပြီလို့ အသိပေပြီး နောက်မှာ ယူနိုက်တက်ဟာ ဘဏ္ဍာရေးပိုင်း အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ပိုမို လိုအပ်နေပြီ ဖြစ်ပါတယ်။ အသင်း အပြောင်းအရွှေ့ စရိတ်ကလည်း ဥရောပ ဝင်ခွင့်အပေါ်မှာ မူတည်ပြီး အတိုးအလျှော့ ရှိလာတော့မှာပါ။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဒီေႏြမွာ ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေခၚယူေရး ေမွ်ာ္လင့္ခ်က္ဟာ မထင္မွတ္ဘဲ ျမိဳ႔ခံျပိဳင္ဘက္ မန္စီးတီးရဲ႕ အေျခအေန အေပၚ မူတည္သြားတဲ့ အေနအထား ျဖစ္လာပါတယ္။
မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ ပိတ္ပင္ခံထားရတဲ့ ျပစ္ဒဏ္ အယူခံအတြက္ ၾကားနာမႈေတြ က စတင္ေတာ့မွာ ျဖစ္ျပီး အယူခံ မေအာင္ဘဲ ယူနိုက္တက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ လြတ္လြတ္ၾကြတ္ၾကြတ္ ရသြားခဲ့ရင္ ဆန္ခ်ိဳကို ေခၚယူဖို႔ ပို အဆင္ေျပသြားမွာပါ။
ေဒါ့မြန္ကေတာ့ အသက္ ၂၀ အရြယ္ အဂၤလန္သား ေတာင္ပံ ကစားသမား အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ အလိုရွိေနျပီး ယူနိုက္တက္ကလည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ရရင္ အေျပာင္းအေရႊ႕ စရိတ္က သန္း ၅၀ ပိုရမွာ ျဖစ္လို႔ ဆန္ခ်ိဳ အတြက္ ပို အားစိုက္ ၾကိဳးပမ္းနုိင္မွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ပြဲေတြ ျပန္မစခင္ လက္ရွိ အမွတ္ေပးဇယားမွာ ယူနိုက္တက္က အဆင့္ ၅ မွာ ရွိေနျပီး စီးတီးရဲ႕ ခ်န္ပီယံလိဂ္ ပိတ္ခံရတဲ့ ျပစ္ဒဏ္သာ ဆက္ရွိေနမယ္ဆိုရင္ ယူနိုက္တက္က ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေနာက္လထဲ အားကစား ခံုရံုးမွာ ၾကားနာေတာ့မယ့္ စီးတီးရဲ႕ အယူခံကို ယူနိုက္တက္တို႔ ပို အေလးထား ေစာင့္ၾကည့္ရေတာ့မွာပါ။
ယူနိုက္တက္ အၾကီးအကဲ အက္ ၀ုဒ္၀ပ္အသင္း အသင္းေၾကြးျမီဟာ ေပါင္ ၄၂၉ သန္း ထိ ျမင့္တက္သြားျပီလို႔ အသိေပျပီး ေနာက္မွာ ယူနိုက္တက္ဟာ ဘ႑ာေရးပိုင္း အတြက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ပိုမို လိုအပ္ေနျပီ ျဖစ္ပါတယ္။ အသင္း အေျပာင္းအေရႊ႕ စရိတ္ကလည္း ဥေရာပ ၀င္ခြင့္အေပၚမွာ မူတည္ျပီး အတိုးအေလွ်ာ့ ရွိလာေတာ့မွာပါ။