ဘရူနို သီချင်းကို တနေ့လုံး ဆိုပေးလေ့ရှိတဲ့ ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက် အသင်းဖော်

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ ကိုဗစ်ကာလ သီးခြား ခွဲနေရဖို့ ဖြစ်လာခဲ့ရင် အတူရှိဖို့ အသင်းဖော်တစ်ဦး ရွေးချယ်ရမယ် ဆိုပါက ဟွမ် မာတာကို ရွေးဖြစ်မှာ ဖြစ်ကြောင်း ဖြေကြားခဲ့ကာ ထုတ်ဖော် ပြောဆိုလာပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်ဖို့ ခြေလှမ်းစတဲ့ အနေနဲ့ ယူနိုက်တက်ဟာ ထရိန်နင် ပြန်စတင်ခဲ့တာ တစ်ပတ် ရှိပြီ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ကိုရိုနာကြောင့် ဘောလုံးပွဲတွေ မရပ်နားခင် လပိုင်းကမှ ယူနိုက်တက်ထံ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

အချိန်ကြာ မယူလိုက်ရဘဲ ယူနိုက်တက်မှာ မြန်မြန် အထိုင်ကျကာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ ဖာနန်ဒက်စ်က ယူနိုက်တက်မှာလည်း ခင်မင် ရင်းနှီးရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလ သီးခြား ခွဲနေရရင် ဘယ်သူ့ကို အတူ ရှိဖို့ ရွေးမလဲ မေးခွန်း ထုတ်ခံခဲ့ရပါတယ်။ ပေါ်တူဂီသားကတော့ ဝါရင့် ယူနိုက်တက် ကစားသမားကြီး မာတာကို ရွေးခဲ့တာပါ။

” ကျနော်ကတော့ ဟွမ် မာတာကို ရွေးဖြစ်မယ်။ သူနဲ့ သာ အတူ ရှိလို့ကတော့ ကျေနာ့် သီချင်းတွေ ဆိုနေတာ တနေ့လုံး ကြားရလိမ့်မယ်။ နေ့တိုင်းနော်။ သူက ကျနော့် အတွက် အမြဲ သီချင်းဆိုပေးနေတာဗျ။

အိုးထရက်ဖို့ဒ်မှာတော့ အဲဒီလို မဟုတ်သေးပေမယ့် သူကတော့ နှလုံးသားနဲ့ သေချာ ခံစားပြီး သီချင်း ဆိုပေးတာပါ။ ပုံမှန်ဆို ကျနော်က လေ့ကျင့်ရေးကို သူ့ထက် အရင် ရော်ကတယ်။ သူက မနက်စာ စားဖို့ ရောက်လာပြီဆို ကျနော့်အတွက် သီချင်း စ ဆိုတော့တာပဲ။ ‘ ဘရူနို .. ဘရူနို ဘရုနိူ !’ အဲ့လိုဗျာ။ ” လို့ ဖာနန်ဒက်စ်က ဖွင့်ဟခဲ့ပါတယ်။

လော့ဒေါင်းကာလက ဘောလုံးသမား အများစု အတွက် ခက်ခဲပေမယ့် ဘရူနို ဖာနန်ဒက်စ်ကတော့ မွေးကင်းစ သမီးလေးနဲ့ အတူ အချိန် ကုန်ဆုံးခွင့် ရနေတာ ဖြစ်လို့ သိပ်ပြီး နေရ မခက်ခဲခဲ့ဘူးလို့ ဆိုပါတယ်။ အသင်းက ချမှတ်တဲ့ လေ့ကျင့်ရေးတွေ လုပ်ဆောင်ရင်း သူ့အတွက်တော့ အဆင်ပြေခဲ့တယ်လို့ ဖာနန်ဒက်စ်က ဖွင့်ဟခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ၾကယ္ပြင့္ ဘရူနို ဖာနန္ဒက္စ္ဟာ ကိုဗစ္ကာလ သီးျခား ခဲြေနရဖို႔ ျဖစ္လာခဲ့ရင္ အတူရွိဖို႔ အသင္းေဖာ္တစ္ဦး ေရြးခ်ယ္ရမယ္ ဆိုပါက ဟြမ္ မာတာကို ေရြးျဖစ္မွာ ျဖစ္ေၾကာင္း ေျဖၾကားခဲ့ကာ ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္ဖို႔ ေျခလွမ္းစတဲ့ အေနနဲ႕ ယူနုိက္တက္ဟာ ထရိန္နင္ ျပန္စတင္ခဲ့တာ တစ္ပတ္ ရွိျပီ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ကိုရုိနာေၾကာင့္ ေဘာလံုးပြဲေတြ မရပ္နားခင္ လပိုင္းကမွ ယူနိုက္တက္ထံ ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။

အခ်ိန္ၾကာ မယူလိုက္ရဘဲ ယူနိုက္တက္မွာ ျမန္ျမန္ အထိုင္က်ကာ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနတဲ့ ဖာနန္ဒက္စ္က ယူနုိက္တက္မွာလည္း ခင္မင္ ရင္းနီွးရတဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြ ရွိေနျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကာလ သီးျခား ခဲြဲေနရရင္ ဘယ္သူ႔ကို အတူ ရွိဖို႔ ေရြးမလဲ ေမးခြန္း ထုတ္ခံခဲ့ရပါတယ္။ ေပၚတူဂီသားကေတာ့ ၀ါရင့္ ယူနိုက္တက္ ကစားသမားၾကီး မာတာကို ေရြးခဲ့တာပါ။

” က်ေနာ္ကေတာ့ ဟြမ္ မာတာကို ေရြးျဖစ္မယ္။ သူနဲ႕ သာ အတူ ရွိလို႔ကေတာ့ ကေ်နာ့္ သီခ်င္းေတြ ဆိုေနတာ တေန႔လံုး ၾကားရလိမ့္မယ္။ ေန႔တိုင္းေနာ္။ သူက က်ေနာ့္ အတြက္ အျမဲ သီခ်င္းဆိုေပးေနတာဗ်။

အိုးထရက္ဖို႔ဒ္မွာေတာ့ အဲဒီလို မဟုတ္ေသးေပမယ့္ သူကေတာ့ နွလံုးသားနဲ႕ ေသခ်ာ ခံစားျပီး သီခ်င္း ဆိုေပးတာပါ။ ပံုမွန္ဆို က်ေနာ္က ေလ့က်င့္ေရးကို သူ႔ထက္ အရင္ ေရာ္ကတယ္။ သူက မနက္စာ စားဖို႔ ေရာက္လာျပီဆို က်ေနာ့္အတြက္ သီခ်င္း စ ဆိုေတာ့တာပဲ။ ‘ ဘရူနို .. ဘရူနို ဘရုနိူ !’ အဲ့လိုဗ်ာ။ ” လို႔ ဖာနန္ဒက္စ္က ဖြင့္ဟခဲ့ပါတယ္။

ေလာ့ေဒါင္းကာလက ေဘာလံုးသမား အမ်ားစု အတြက္ ခက္ခဲေပမယ့္ ဘရူနို ဖာနန္ဒက္စ္ကေတာ့ ေမြးကင္းစ သမီးေလးနဲ႕ အတူ အခ်ိန္ ကုန္ဆံုးခြင့္ ရေနတာ ျဖစ္လို႔ သိပ္ျပီး ေနရ မခက္ခဲခဲ့ဘူးလို႔ ဆိုပါတယ္။ အသင္းက ခ်မွတ္တဲ့ ေလ့က်င့္ေရးေတြ လုပ္ေဆာင္ရင္း သူ႔အတြက္ေတာ့ အဆင္ေျပခဲ့တယ္လို႔ ဖာနန္ဒက္စ္က ဖြင့္ဟခဲ့ပါတယ္။