ပေါ့ဘာနဲ့ ရက်ဖို့ဒ်တို့ရဲ့ လက်ရှိအခြေအနေများ အကြောင်း ဆိုးရှား သတင်းပေး

ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေ ဖြစ်ပြီး ဒဏ်ရာ ကိုယ်စီ ရှိနေခဲ့ကြတဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာနဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်တို့ရဲ့ နောက်ဆုံး အခြေအနေများကို နည်းပြ ဆိုးရှားက ဒီနေ့မှာ သတင်းပါးခဲ့ပါတယ်။

ယူနိုက်တက်အသင်းသားတွေဟာ ပြီးခဲ့တဲ့ အပတ်က စလို့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ စတင် စုစည်းခဲ့ကြပြီး ပေါ့ဘာနဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးလုံးလည်း လေ့ကျင့်မှုများ ပါဝင် ပြုလုပ်ခဲ့ကြပါတယ်။ ဒါက ဘောလုံးပွဲတွေ ပြန်စတော့မယ့် ယူနိုက်တက် အတွက် သတင်းကောင်း တစ်ရပ်လည်း ဖြစ်ပါတယ်။

” သူတို့ (ပေါ့ဘာနဲ့ ရက်ဖို့ဒ်) နှစ်ယောက်လုံးကတော့ ကြည့်ရတာ အဆင်ပြေတဲ့ ပုံပါ။ သူတို့ ကောင်းနေပါပြီ။ အခုဆို လေ့ကျင့်ရေးမှာလည်း လာ ပူးပေါင်းနေပြီ။ တခြားကောင်လေးတွေ လုပ်သမျှ အကုန် လိုက်လုပ်နိုင်တယ်။ တခြား တုန့်ပြန်မှုတွေလည်း မရှိပါဘူး။ ကျနော်တို့ လေ့ကျင့်ရေး ပြန်စတည်းက လူစာရင်း အပြည့် ပြန် ပါနိုင်တာ သိပ်ကောင်းပါတယ်။ ဒီတော့ ရွေးချယ်စရာတွေလည်း များလာတာပေါ့။

ကျနော့် ကောင်လေးတွေကတော့ သိပ်ဟုတ်နေတယ်။ ရာသီဥတုကလည်း ကောင်းတော့ သူတို့ လေ့ကျင့်နေကြတာ ပျော်ပျော်ရွှင်ရွှင်ပဲ။ ပွဲတွေ ပြန်စဖို့ အေးဆေးလုံခြုံပြီ ဆိုတာ ကျနော်တို့ ပြသနိုင်မယ် မျှော်လင့်ပါတယ်။ အခုဆို ကျနေ်ာတို့ အုပ်စုလေးတွေ လေးငါးစု ခွဲထားပြီး အတူ လေ့ကျင့်တယ်။ အဆင်လည်း ပြေနေတယ်။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ကာရင်တန်ကွင်းရဲ့ လေ့ကျင့်မှုများမှာ နည်းပြ ဆိုးရှားက မနက်ပိုင်း ထရိန်နင်ကိုတော့ ကိုယ်တိုင် ကြပ်မတ်နေတာ တွေ့ရပြီး ပေါ့ဘာလည်း ပါဝင် လေ့ကျင့်နေခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦးလုံး ပွဲ မကစားရတာက ကြာပြီ ဖြစ်ပြီး နောက်လထဲ ပွဲတွေ အတွက် ကြပ်မတ် လေ့ကျင့်ပြင်ဆင်နေကြတာပါ။

Zawgyi – ယူနိုက္တက္ရဲ႕ အဓိက ကစားသမားေတြ ျဖစ္ျပီး ဒဏ္ရာ ကိုယ္စီ ရွိေနခဲ့ၾကတဲ့ ကြင္းလယ္ ကစားသမား ေပါ့ဘာနဲ႕ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္တို႔ရဲ႕ ေနာက္ဆံုး အေျခအေနမ်ားကို နည္းျပ ဆိုးရွားက ဒီေန႔မွာ သတင္းပါးခဲ့ပါတယ္။

ယူနုိက္တက္အသင္းသားေတြဟာ ျပီးခဲ့တဲ့ အပတ္က စလို႔ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ စတင္ စုစည္းခဲ့ၾကျပီး ေပါ့ဘာနဲ႕ ရက္ဖို႔ဒ္တို႔ နွစ္ဦးလံုးလည္း ေလ့က်င့္မႈမ်ား ပါ၀င္ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါက ေဘာလံုးပြဲေတြ ျပန္စေတာ့မယ့္ ယူနုိက္တက္ အတြက္ သတင္းေကာင္း တစ္ရပ္လည္း ျဖစ္ပါတယ္။

” သူတို႔ (ေပါ့ဘာနဲ႕ ရက္ဖို႔ဒ္) နွစ္ေယာက္လံုးကေတာ့ ၾကည့္ရတာ အဆင္ေျပတဲ့ ပံုပါ။ သူတို႔ ေကာင္းေနပါျပီ။ အခုဆို ေလ့က်င့္ေရးမွာလည္း လာ ပူးေပါင္းေနျပီ။ တျခားေကာင္ေလးေတြ လုပ္သမွ် အကုန္ လုိက္လုပ္နုိင္တယ္။ တျခား တုန္႔ျပန္မႈေတြလည္း မရွိပါဘူး။ က်ေနာ္တို႔ ေလ့က်င့္ေရး ျပန္စတည္းက လူစာရင္း အျပည့္ ျပန္ ပါနုိင္တာ သိပ္ေကာင္းပါတယ္။ ဒီေတာ့ ေရြးခ်ယ္စရာေတြလည္း မ်ားလာတာေပါ့။

က်ေနာ့္ ေကာင္ေလးေတြကေတာ့ သိပ္ဟုတ္ေနတယ္။ ရာသီဥတုကလည္း ေကာင္းေတာ့ သူတို႔ ေလ့က်င့္ေနၾကတာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ။ ပြဲေတြ ျပန္စဖို႔ ေအးေဆးလံုျခံဳျပီ ဆုိတာ က်ေနာ္တို႔ ျပသနုိင္မယ္ ေမွ်ာ္လင့္ပါတယ္။ အခုဆို က်ေန္ာတို႔ အုပ္စုေလးေတြ ေလးငါးစု ခြဲထားျပီး အတူ ေလ့က်င့္တယ္။ အဆင္လည္း ေျပေနတယ္။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ကာရင္တန္ကြင္းရဲ႕ ေလ့က်င့္မႈမ်ားမွာ နည္းျပ ဆိုးရွားက မနက္ပိုင္း ထရိန္နင္ကိုေတာ့ ကိုယ္တိုင္ ၾကပ္မတ္ေနတာ ေတြ႔ရျပီး ေပါ့ဘာလည္း ပါ၀င္ ေလ့က်င့္ေနခဲ့ပါတယ္။ ၄င္းတို႔ နွစ္ဦးလံုး ပြဲ မကစားရတာက ၾကာျပီ ျဖစ္ျပီး ေနာက္လထဲ ပြဲေတြ အတြက္ ၾကပ္မတ္ ေလ့က်င့္ျပင္ဆင္ေနၾကတာပါ။