အချက်တစ်ချက် လိုက်လျောရင် အစ်ဟာလိုကို အငှားဆက်ခေါ်လို့ ရှန်ဟိုင်းရှင်ဟွာ အကြောင်းပြန်
မန်ချက်စတာယူနိုက်တက်ဟာ အငှား ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို အပြီး မဝယ်ယူဘဲ အငှားသက်တမ်း သုံးလ ထပ်တိုးချင်နေပြီး တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာဘက်ကတော့ အပြီးဝယ်ဖို့သာ ဖိအားပေးခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်က သဘောတူညီမှု မပေးခဲ့ဘဲ အငှား သက်တမ်းတိုးဖို့သာ ဆက်လက် ညှိနှိုင်းနေခဲ့ပါတယ်။
အစ်ဟာလိုရဲ့ အငှားစာချုပ်က ဇွန်လကုန်မှာ ကုန်ဆုံးမှာ ဖြစ်လို့ ရက်ပိုင်းသာလိုတော့တာ ဖြစ်ပြီး နိုင်ဂျီးရီးယားသားကို ယူနိုက်တက် အငှားနဲ့ ပဲ ဆက်ခေါ်ချင်ရင် အချက်တစ်ချက် လိုက်လျောပေးဖို့ ရှန်ဟိုင်းရှင်ဟွာဘက်က တုန့်ပြန်လာခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
တိုက်စစ်မူှး အစ်ဟာလိုက ယူနိုက်တက် အတွက် ၈ ပွဲသာ ကစားထားရပေမယ့် ၎င်းရဲ့ အားထုတ်မှု၊ စွမ်းဆောင်ရည်နဲ့ အသင်းအပေါ် သဘောထားတွေကြောင့် လေးစားချင်ခင်မှု ခံယူနေရပါတယ်။ အခုလို မတင်မကျ အခြေအနေကြောင့် အစ်ဟာလို ထွက်ခွာသွားကြမှာကို ပရိသတ်တွေက မလိုလားကြပါဘူး။
နိုင်ဂျီးရီးယားသတင်းဌာန တစ်ခု အဆိုအရတော့ ရှင်ဟိုင်းရှင်ဟွာက ယူနိုက်တက် အစ်ဟာလိုကို ဆက်ခေါ်ထားချင်ရင် ငှားရမ်းခ ပေးရမယ် တောင်းဆိုလာခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီမှာ ခေါ်ယူခဲ့စဉ်က အသက် ၃၀ အရွယ် တိုက်စစ်မှူးအတွက် ငှားရမ်းခ မပေးခဲ့ရဘဲ လစာကိုသာ ပေးချေခဲ့ရပါတယ်။ ဒါတောင် အစ်ဟာလိုက ယူနိုက်တက်မှာ ကစားချင်လွန်းတာကြောင့် လစာကို လျှော့ယူကာ သဘောတူညီခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အတွက် အလွန်တန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့တာပါ။
ဒါပေမယ့် အစ်ဟာလိုကို ဆက်ခေါ်ရင်တော့ ယခင် သဘောတူညီမှု အတိုင်း ရှင်ဟိုင်းရှင်ဟွာက ခွင့်ပြုမပေးနိုင်တော့ဘဲ ငှားရမ်းခ သက်သက်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အသင်းက အစ်ဟာလိုအတွက် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲလို့ အတည်ပြုခဲ့ပြီး သတင်းထူး မရှိသေးကြောင်း ဝန်ခံထားပါတယ်။
Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ အငွား ေခၚယူထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို အျပီး မ၀ယ္ယူဘဲ အငွားသက္တမ္း သံုးလ ထပ္တိုးခ်င္ေနျပီး တရုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာဘက္ကေတာ့ အျပီး၀ယ္ဖို႔သာ ဖိအားေပးခဲ့တာပါ။ ဒါေပမယ့္ ယူနုိက္တက္က သေဘာတူညီမႈ မေပးခဲ့ဘဲ အငွား သက္တမ္းတိုးဖို႔သာ ဆက္လက္ ညွိနိႈင္းေနခဲ့ပါတယ္။
အစ္ဟာလိုရဲ႕ အငွားစာခ်ဳပ္က ဇြန္လကုန္မွာ ကုန္ဆံုးမွာ ျဖစ္လို႕ ရက္ပိုင္းသာလိုေတာ့တာ ျဖစ္ျပီး နိုင္ဂ်ီးရီးယားသားကို ယူနိုက္တက္ အငွားနဲ႕ ပဲ ဆက္ေခၚခ်င္ရင္ အခ်က္တစ္ခ်က္ လိုက္ေလ်ာေပးဖို႔ ရွန္ဟိုင္းရွင္ဟြာဘက္က တုန္႔ျပန္လာခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။
တိုက္စစ္မဴွး အစ္ဟာလိုက ယူနုိက္တက္ အတြက္ ၈ ပြဲသာ ကစားထားရေပမယ့္ ၄င္းရဲ႕ အားထုတ္မႈ၊ စြမ္းေဆာင္ရည္နဲ႕ အသင္းအေပၚ သေဘာထားေတြေၾကာင့္ ေလးစားခ်င္ခင္မႈ ခံယူေနရပါတယ္။ အခုလို မတင္မက် အေျခအေနေၾကာင့္ အစ္ဟာလို ထြက္ခြာသြားၾကမွာကို ပရိသတ္ေတြက မလိုလားၾကပါဘူး။
နိုင္ဂ်ီးရီးယားသတင္းဌာန တစ္ခု အဆိုအရေတာ့ ရွင္ဟိုင္းရွင္ဟြာက ယူနုိက္တက္ အစ္ဟာလိုကို ဆက္ေခၚထားခ်င္ရင္ ငွားရမ္းခ ေပးရမယ္ ေတာင္းဆိုလာခဲ့တယ္လို႔ သိရပါတယ္။
ဇန္န၀ါရီမွာ ေခၚယူခဲ့စဥ္က အသက္ ၃၀ အရြယ္ တိုက္စစ္မွဴးအတြက္ ငွားရမ္းခ မေပးခဲ့ရဘဲ လစာကိုသာ ေပးေခ်ခဲ့ရပါတယ္။ ဒါေတာင္ အစ္ဟာလိုက ယူနိုက္တက္မွာ ကစားခ်င္လြန္းတာေၾကာင့္ လစာကို ေလွ်ာ့ယူကာ သေဘာတူညီခဲ့တာ ျဖစ္ျပီး ယူနုိက္တက္ အတြက္ အလြန္တန္တဲ့ ေခၚယူမႈ ျဖစ္ခဲ့တာပါ။
ဒါေပမယ့္ အစ္ဟာလိုကို ဆက္ေခၚရင္ေတာ့ ယခင္ သေဘာတူညီမႈ အတိုင္း ရွင္ဟိုင္းရွင္ဟြာက ခြင့္ျပဳမေပးနုိင္ေတာ့ဘဲ ငွားရမ္းခ သက္သက္ေပးဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အသင္းက အစ္ဟာလိုအတြက္ ညွိနိႈင္းမႈမ်ား ဆက္လက္ လုပ္ေဆာင္ေနဆဲလို႔ အတည္ျပဳခဲ့ျပီး သတင္းထူး မရွိေသးေၾကာင္း ၀န္ခံထားပါတယ္။