ဘောလုံးရာသီ ကုန်သည်ထိ ယူနိုက်တက် ကစားဖို့ရှိနေတဲ့ လက်ကျန် ပွဲစဉ်များ
ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်စရင် မန်ချက်စတာယူနိုက်တက်ဟာ ဇွန် ၁၉-၂၁ သီတင်းပတ်မှာ ပွဲ စ ပြန် ကစားရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘောလုံးရာသီ ပြီးဆုံးအောင်ထိ ဆိုရင် ပရီးမီးယားလိဂ် အပြင် ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ပွဲများပါ ပါဝင်ကစားဖို့ ရှိနေပါသေးတယ်။
ဘောလုံးပွဲတွေ မရပ်နားခင်က ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ သြစတြီးယားကလပ် LASK ကို ၅ ဂိုးပြတ် နိုင်ထားပြီး အဲဒီမတိုင်ခင်မှာ မန်စီးတီးကိုလည်း ၂-၀ နဲ့ အနိုင်ယူထားက ခြေစွမ်းတက်နေတာ ဖြစ်ပါတယ်။ ပွဲတွေ မနားခင်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲ ကစားတဲ့ထဲ ၅ ပွဲ နိုင်ထားသည်ထိ ပုံစံကောင်းတွေ ရရှိနေပါတယ်။
ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲကျန်တွေ ကစားဖို့က ၉ ပွဲ ကျန်နေသေးပြီး စပါးနဲ့ ပွဲ က ပွဲဦးထွက် ပြန် ကစားရဖွယ် ရှိပါတယ်။ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အခြေအနေကောင်း နေပါတယ်။
ယူနိုက်တက်ရဲ့ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်များ
- Spurs v Man Utd
- Man Utd v Sheffield United
- Brighton v Man Utd
- Man Utd v Bournemouth
- Aston Villa v Man Utd
- Man Utd v Southampton
- Crystal Palace v Man Utd
- Man Utd v West Ham
- Leicester v Man Utd
ယူနိုက်တက်ဟာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ပွဲစဉ်များမှာ ပါဝင် ကစားရဦးမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲ အဖြစ် နောဝစ်ချ်နဲ့ ပွဲဟာ ဇွန် ၂၇-၂၈ မှာ ကစားမှာ ဖြစ်ပါတယ်။ LASK နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ်ကတော့ ကစားဖို့ မစီစဉ်ရသေးဘဲ ရှိနေပါတယ်။
Zawgyi – ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ ျပန္စရင္ မန္ခ်က္စတာယူနုိက္တက္ဟာ ဇြန္ ၁၉-၂၁ သီတင္းပတ္မွာ ပြဲ စ ျပန္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ေဘာလံုးရာသီ ျပီးဆံုးေအာင္ထိ ဆိုရင္ ပရီးမီးယားလိဂ္ အျပင္ ယူရိုပါလိဂ္နဲ႕ အက္ဖ္ေအဖလား ပြဲမ်ားပါ ပါ၀င္ကစားဖို႔ ရွိေနပါေသးတယ္။
ေဘာလံုးပြဲေတြ မရပ္နားခင္က ယူနုိက္တက္ဟာ ယူရိုပါလိဂ္မွာ ၾသစၾတီးယားကလပ္ LASK ကို ၅ ဂိုးျပတ္ နုိင္ထားျပီး အဲဒီမတိုင္ခင္မွာ မန္စီးတီးကိုလည္း ၂-၀ နဲ႕ အနုိင္ယူထားက ေျခစြမး္တက္ေနတာ ျဖစ္ပါတယ္။ ပြဲေတြ မနားခင္မွာ ျပိဳင္ပြဲစံု ေနာက္ဆံုး ၆ ပြဲ ကစားတဲ့ထဲ ၅ ပြဲ နုိင္ထားသည္ထိ ပံုစံေကာင္းေတြ ရရွိေနပါတယ္။
ယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္ ပြဲက်န္ေတြ ကစားဖို႔က ၉ ပြဲ က်န္ေနေသးျပီး စပါးနဲ႕ ပြဲ က ပြဲဦးထြက္ ျပန္ ကစားရဖြယ္ ရွိပါတယ္။ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရွိေနတဲ့ ယူနိုက္တက္ဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္လည္း အေျခအေနေကာင္း ေနပါတယ္။
ယူနိုက္တက္ဟာ အက္ဖ္ေအဖလားနဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မ်ားမွာ ပါ၀င္ ကစားရဦးမွာ ျဖစ္ပါတယ္။ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ ပြဲ အျဖစ္ ေနာ၀စ္ခ်္နဲ႕ ပြဲဟာ ဇြန္ ၂၇-၂၈ မွာ ကစားမွာ ျဖစ္ပါတယ္။ LASK နဲ႕ ယူရိုပါလိဂ္ ဒုတိယအေက်ာ့ ပြဲစဥ္ကေတာ့ ကစားဖို႔ မစီစဥ္ရေသးဘဲ ရွိေနပါတယ္။