ယူနိုက်တက် သဘောကျတဲ့ ပေါ့ဘာအတွက် ကစားသမား အလဲအထပ် ဂျူဗင်တပ် ကမ်းလှမ်းထား
မန်ချက်စတာယူနိုက်တက်ဟာ ဂျူဗင်တပ်က ပေါ့ဘာအတွက် ရာဘီရော့ကို အလဲအထပ် အဖြစ် ထည့်သွင်း ကမ်းလှမ်းထားချက်ကို စိတ်ဝင်စားမှု ပြသထားကြောင်း အီတလီဘကက် သတင်းတွေက ဖော်ပြနေပါတယ်။ စီးရီးအေ ချန်ပီယံကလပ်အသင်းဟာ ပြင်သစ်သားကို ပြန်လည် ခေါ်ယူချင်တာကြောင့် ကမ်းလှမ်းမှု အမျိုးမျိုး ပြင်ဆင် ဆွေးနွေးနေပါတယ်။
ပေါ့ဘာက တစ်ရာသီ လုံး ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် အသင်းသစ် ပြောင်းရွှေ့လိုတဲ့ သတင်းတွေက ဆက်လက် ထွက်ပေးနေဆဲ ဖြစ်ပါတယ်။ ကိုရိုနာကြောင့် ကလပ်အသင်း တော်တော်များများ ဘဏ္ဍာရေး ထိခိုက်မှုတွေ ရှိနေရာ ဂျူဗင်တပ်လည်း အပါအဝင် ဖြစ်ပါတယ်။
ပေါ့ဘာကို ပြန်လိုချင်ပေမယ့် ဂျူဗင်တပ် အနေနဲ့ ပြောင်းရွှေ့ကြေး များများ ငွေသားနဲ့ ကမ်းလှမ်းဖို့ အခက်တွေ့နေပါတယ်။ ဒါကြောင့် ယူနိုက်တက်ကို ဆွဲဆောင်နိုင်မယ့် အလဲအထပ် ကမ်းလှမ်းမှုမျိုး စီစဉ်လာခဲ့တာပါ။
ယူနိုက်တက်ဟာ ရာဘီရော့ ကို ခေါ်ဖို့ စိတ်ဝင်စားပေမယ့် ၎င်းရဲ့ တစ်နှစ် လုပ်ခ ပေါင် ၅သန်း ၆ သန်းလောက် ပေးရမှာကိုတော့ စဉ်းစားနေခဲ့ပါတယ်။
ပီအက်စ်ဂျီ အသင်းသားဟောင်းဟာ ပြီးခဲ့တဲ့နွေကမှ အီတလီသို့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အခြေကျဖို့ ရုန်းကန်နေရပါတယ်။ ရာဘီရော့ ဒီရာသီ ၂၄ ပွဲ ပါဝင်ကစားထားရာမှာ ဂိုးပေါက် မတွေ့သေးဘဲ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ နည်းပြဆိုးရှားအတွက် ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ တကယ်လို့သာ ဂျူဗင်တပ်က ပေါ့ဘာအတွက် အလဲအထပ် ကိစ္စ စည်းရုံးနိုင်ရင်တော့ ယူနိုက်တက်က လက်ခံသွားဖွယ်လို့ ယူဆရပါတယ်။
Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ ဂ်ဴဗင္တပ္က ေပါ့ဘာအတြက္ ရာဘီေရာ့ကို အလဲအထပ္ အျဖစ္ ထည့္သြင္း ကမ္းလွမ္းထားခ်က္ကို စိတ္၀င္စားမႈ ျပသထားေၾကာင္း အီတလီဘကက္ သတင္းေတြက ေဖာ္ျပေနပါတယ္။ စီးရီးေအ ခ်န္ပီယံကလပ္အသင္းဟာ ျပင္သစ္သားကို ျပန္လည္ ေခၚယူခ်င္တာေၾကာင့္ ကမ္းလွမ္းမႈ အမ်ိဳးမ်ိဳး ျပင္ဆင္ ေဆြးေႏြးေနပါတယ္။
ေပါ့ဘာက တစ္ရာသီ လံုး ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရေပမယ့္ အသင္းသစ္ ေျပာင္းေရႊ႕လိုတဲ့ သတင္းေတြက ဆက္လက္ ထြက္ေပးေနဆဲ ျဖစ္ပါတယ္။ ကိုရိုနာေၾကာင့္ ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ား ဘ႑ာေရး ထိခုိက္မႈေတြ ရွိေနရာ ဂ်ဴဗင္တပ္လည္း အပါအ၀င္ ျဖစ္ပါတယ္။
ေပါ့ဘာကို ျပန္လိုခ်င္ေပမယ့္ ဂ်ဴဗင္တပ္ အေနနဲ႕ ေျပာင္းေရႊ႕ေၾကး မ်ားမ်ား ေငြသားနဲ႕ ကမ္းလွမ္းဖို႔ အခက္ေတြ႔ေနပါတယ္။ ဒါေၾကာင့္ ယူနိုက္တက္ကို ဆဲြေဆာင္နုိင္မယ့္ အလဲအထပ္ ကမ္းလွမး္မႈမ်ိဳး စီစဥ္လာခဲ့တာပါ။
ယူနုိက္တက္ဟာ ရာဘီေရာ့ ကို ေခၚဖို႔ စိတ္၀င္စားေပမယ့္ ၄င္းရဲ႕ တစ္နွစ္ လုပ္ခ ေပါင္ ၅သန္း ၆ သန္းေလာက္ ေပးရမွာကိုေတာ့ စဥ္းစားေနခဲ့ပါတယ္။
ပီအက္စ္ဂ်ီ အသင္းသားေဟာင္းဟာ ျပီးခဲ့တဲ့ေႏြကမွ အီတလီသို႔ ေျပာင္းေရႊ႕လာသူ ျဖစ္ျပီး အေျခက်ဖို႔ ရုန္းကန္ေနရပါတယ္။ ရာဘီေရာ့ ဒီရာသီ ၂၄ ပြဲ ပါ၀င္ကစားထားရာမွာ ဂိုးေပါက္ မေတြ႕ေသးဘဲ ရွိေနပါတယ္။
ယူနိုက္တက္ဟာ အေျပာင္းအေရႊ႕ ေစ်းကြက္မွာေတာ့ နည္းျပဆိုးရွားအတြက္ ကစားသမားသစ္ ေခၚယူမႈေတြ ျပဳလုပ္ဖို႔ ရွိေနပါတယ္။ တကယ္လို႔သာ ဂ်ဴဗင္တပ္က ေပါ့ဘာအတြက္ အလဲအထပ္ ကိစၥ စည္းရံုးနုိင္ရင္ေတာ့ ယူနိုက္တက္က လက္ခံသြားဖြယ္လို႔ ယူဆရပါတယ္။