ထရိန်နင်မှာ အဆင်ပြေပြေ တွဲဖက်မိနေတဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းထရိန်နင်က ပြီးခဲ့တဲ့ အပတ်က စတင်ခဲ့တာ ဖြစ်ပြီး ကွင်းလယ်မှာ ပရိသတ်တွေ အတူတွဲ မြင်ချင်လှတဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့လည်း အတူတွဲ လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ ကာရင်တန် လေ့ကျင့်ရေးမှာ အခြေအနေ စောင့်ကြည့်နေသူတွေကတော့ ၎င်းတို့ နှစ်ဦး အဆင်ပြေပြေပဲ အချိတ်အဆက်မိစွာ တွဲဖက် ကစားနေတယ်လို့ သတင်းကောင်း ပေးခဲ့ပါတယ်။
ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဘာနဲ့ တွဲ လေ့ကျင့်ရတာကို စိတ်လှုပ်ရှား ပျော်ရွှင်နေပြီး အင်စတာဂရမ်မှာလည်း ပုံတွေ တင်ခဲ့တာ တွေ့ရပါတယ်။ အင်္ဂလန် The Times သတင်းစာရဲ့ သတင်းထောက်တွေ အဆိုအရတော့ ထရိန်နင်မှာ ၎င်းတို့နှစ်ဦးကို တတွဲတွဲနဲ့ တည့်နေတာ မြင်ရကြောင်း သိရပါတယ်။
ဒါက ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ အကောင်းဆုံး သတင်း ဖြစ်ပြီး ပွဲတွေ ပြန်စရင် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ကွင်းလယ်မှာ အတူ တွဲ ခြေစွမ်းပြတာကို မြင်ကြရတော့မှာပါ။ ဒီအတွဲက ရာသီနှောင်းပိုင်း ယူနိုက်တက် ရလဒ်တွေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အရေးပါလာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ယူနိုက်တက် ရောက်လာခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းမှာ အံဝင် ခြေစွမ်းပြ နေပြီး ၉ ပွဲ ကစား ၃ ဂိုးသွင်း၊ ၄ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။
ဒီရာသီ ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ ပေါ့ဘာက ပွဲတော်တော်များများ လွဲချော်ထားတာကြောင့် ဒီရာသီ ၈ ပွဲသာ ကစားရပါသေးတယ်။ ဒါပေမယ့် ခြေစွမ်းကောင်းနေချိန်မှာ ပေါ့ဘာရဲ့ အစွမ်းကို အားလုံး သိကြတာ ဖြစ်လို့ ပြင်သစ်သားနဲ့ ပေါ်တူဂီသားတို့ တွဲဖက်မယ့် ကွင်းလယ်ကို စောင့်မျှော် ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ အသင္းထရိန္နင္က ျပီးခဲ့တဲ့ အပတ္က စတင္ခဲ့တာ ျဖစ္ျပီး ကြင္းလယ္မွာ ပရိသတ္ေတြ အတူတြဲ ျမင္ခ်င္လွတဲ့ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔လည္း အတူတြဲ ေလ့က်င့္ေနျပီ ျဖစ္ပါတယ္။ ကာရင္တန္ ေလ့က်င့္ေရးမွာ အေျခအေန ေစာင့္ၾကည့္္ေနသူေတြကေတာ့ ၄င္းတို႔ နွစ္ဦး အဆင္ေျပေျပပဲ အခ်ိတ္အဆက္မိစြာ တြဲဖက္ ကစားေနတယ္လို႔ သတင္းေကာင္း ေပးခဲ့ပါတယ္။
ဖာနန္ဒက္စ္ကေတာ့ ယူနုိက္တက္ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဘာနဲ႕ တြဲ ေလ့က်င့္ရတာကို စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနျပီး အင္စတာဂရမ္မွာလည္း ပံုေတြ တင္ခဲ့တာ ေတြ႔ရပါတယ္။ အဂၤလန္ The Times သတင္းစာရဲ႕ သတင္းေထာက္ေတြ အဆိုအရေတာ့ ထရိန္နင္မွာ ၄င္းတို႔နွစ္ဦးကို တတြဲတြဲနဲ႕ တည့္ေနတာ ျမင္ရေၾကာင္း သိရပါတယ္။
ဒါက ယူနိုက္တက္ ပရိသတ္ေတြ အတြက္ေတာ့ အေကာင္းဆံုး သတင္း ျဖစ္ျပီး ပြဲေတြ ျပန္စရင္ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ ကြင္းလယ္မွာ အတူ တြဲ ေျခစြမ္းျပတာကို ျမင္ၾကရေတာ့မွာပါ။ ဒီအတြဲက ရာသီေနွာင္းပိုင္း ယူနိုက္တက္ ရလဒ္ေတြနဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္လည္း အေရးပါလာမွာ ျဖစ္ပါတယ္။
ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ ယူနုိက္တက္ ေရာက္လာခဲ့တဲ့ ေပၚတူဂီ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ အသင္းမွာ အံ၀င္ ေျခစြမ္းျပ ေနျပီး ၉ ပြဲ ကစား ၃ ဂိုးသြင္း၊ ၄ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။
ဒီရာသီ ဒဏ္ရာေၾကာင့္ ရုနး္ကန္ေနရတဲ့ ေပါ့ဘာက ပြဲေတာ္ေတာ္မ်ားမ်ား လြဲေခ်ာ္ထားတာေၾကာင့္ ဒီရာသီ ၈ ပြဲသာ ကစားရပါေသးတယ္။ ဒါေပမယ့္ ေျခစြမ္းေကာင္းေနခ်ိန္မွာ ေပါ့ဘာရဲ႕ အစြမ္းကို အားလံုး သိၾကတာ ျဖစ္လို႔ ျပင္သစ္သားနဲ႕ ေပၚတူဂီသားတို႔ တြဲဖက္မယ့္ ကြင္းလယ္ကို ေစာင့္ေမွ်ာ္ ရင္ခုန္ေနၾကျပီ ျဖစ္ပါတယ္။