ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကို ဆန်ချိုနဲ့ အပြိုင်လုမယ့် ကစားသမား ရှိနေ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန်တိုက်စစ် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို အလေးအနက်ထား ချိတ်ဆက်နေပြီး အိုးထရက်ဖို့ဒ် ရောက်လာရင်လည်း အသင်းရဲ့ အရှိန်အဝါကြီး ကျောနံပါတ် ၇ ကို ပေးအပ်ဖို့ သတင်းကြီးနေပါတယ်။
ဒါပေမယ့် ကိုရိုနာ ကာလအပြီး အပြောင်းအရွှေ့ ကာလမှာ အံ့အားသင့်စရာ အပြောင်းအလဲတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတလော ယူနိုကတက် ပစ်မှတ်ထားလာတဲ့ ကိုင်ဟာဗက်ဇ်ကိုသာ မန်ချက်စတာကလပ်က အလေးအနက် ထား ကြိုးစားလာခဲ့ရင် ဂျာမန်သားဟာ ဆန်ချိုနဲ့ အပြိုင် ကျောနံပါတ် ၇ ကို ဝတ်ဆင်ဖို့ အလားအလာ ရှိနိုင်သူ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာတော့ တကယ့်ထိပ်သီး အသင်းသားတွေက နံပါတ် ၇ ကို ဝတ်ဆင်သွားခဲ့ကြပြီး ရိုနယ်ဒို၊ ဒေးဗစ် ဘက်ခမ်း၊ အဲရစ် ကန်တိုနာ စတဲ့ နာမည်ကြီး ကစားသမားတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ၇ ကို ဝတ်ပြီး ခြေစွမ်း မပြနိုင်ကြတဲ့ ဒီပေး၊ ဒီမာရီရာနဲ့ ဆန်းချက်လို ယူနိုက်တက် အသင်းသားတွေလည်း ရှိနေပါတယ်။
လက်ရှိ နံပါ ၇ ကို ဝတ်ဆင်ထားသူက ဆန်းချက်ဖြစ်ပြီး ချီလီသားဟာ အင်တာမီလန်မှာ အငှား ထွက် ကစားနေကာ အနာဂတ် အခြေအနေ မရေရာသေးဘဲ ရှိနေပါတယ်။ ယူနိုက်တက် ထိပ်တန်း ပစ်မှတ် ဖြစ်ပြီး ဘွန်ဒစ်လီဂါမှာ ဒီရာသီ ဒေါ့မွန်နဲ့ အတူ လိဂ်ဂိုးချည်း ၁၈ ဂိုး သွင်းထားတဲ့ ဆန်ချိုကတော့ အိုးထရက်ဖို့ဒ် ရောက်လာရင် ၇ ဆက်ခံဖို့ ရေပန်း အစားဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် လီဗာကူဆင် အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ဂျာမန်သား ကိုင် ဟာဇက်ဇ်ကလည်း ဒီရာသီ ၁၇ ဂိုး သွင်း၊ ၄ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ၎င်းရဲ့ ခြေစွမ်းကလည်း ဒီနှစ်ထဲမှာ တရှိန်ထိုး တိုးတက် အစွမ်းပြနေတာကြောင့် ယူနိုက်တက်က စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းမှု တစ်ရပ်လည်း ပြင်ဆင်နေကြောင်း သတင်းကြီးနေပါတယ်။
ဘွန်ဒစ်လီဂါရဲ့ နာမည်ကျော် တိုက်စစ် ကြယ်ပွင့်ထဲက ဘယ်သူ အိုးထရက်ဖို့ဒ် ရောက်လာပြီး နာမည်ကျော် နံပါတ် ၇ ကို ရရှိ ဝတ်ဆင်သွားမလဲက ရင်ခုန်စရာ ကောင်းနေပြီ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဒါ့မြန္တိုက္စစ္ ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳကို အေလးအနက္ထား ခ်ိတ္ဆက္ေနျပီး အိုးထရက္ဖို႔ဒ္ ေရာက္လာရင္လည္း အသင္းရဲ႕ အရွိန္အ၀ါၾကီး ေက်ာနံပါတ္ ၇ ကို ေပးအပ္ဖို႔ သတင္းၾကီးေနပါတယ္။
ဒါေပမယ့္ ကိုရိုနာ ကာလအျပီး အေျပာင္းအေရႊ႕ ကာလမွာ အံ့အားသင့္စရာ အေျပာင္းအလဲေတြလည္း ျဖစ္သြားနုိင္ပါတယ္။ ဒီတေလာ ယူနို္ကတက္ ပစ္မွတ္ထားလာတဲ့ ကိုင္ဟာဗက္ဇ္ကိုသာ မန္ခ်က္စတာကလပ္က အေလးအနက္ ထား ၾကိဳးစားလာခဲ့ရင္ ဂ်ာမန္သားဟာ ဆန္ခ်ိဳနဲ႕ အျပိဳင္ ေက်ာနံပါတ္ ၇ ကို ၀တ္ဆင္ဖို႔ အလားအလာ ရွိနုိင္သူ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္္မွာေတာ့ တကယ့္ထိပ္သီး အသင္းသားေတြက နံပါတ္ ၇ ကို ၀တ္ဆင္သြားခဲ့ၾကျပီး ရိုနယ္ဒို၊ ေဒးဗစ္ ဘက္ခမ္း၊ အဲရစ္ ကန္တိုနာ စတဲ့ နာမည္ၾကီး ကစားသမားေတြ ပါ၀င္ပါတယ္။ ဒါေပမယ့္ ၇ ကို ၀တ္ျပီး ေျခစြမ္း မျပနိုင္ၾကတဲ့ ဒီေပး၊ ဒီမာရီရာနဲ႕ ဆန္းခ်က္လို ယူနုိက္တက္ အသင္းသားေတြလည္း ရွိေနပါတယ္။
လက္ရွိ နံပါ ၇ ကို ၀တ္ဆင္ထားသူက ဆန္းခ်က္ျဖစ္ျပီး ခ်ီလီသားဟာ အင္တာမီလန္မွာ အငွား ထြက္ ကစားေနကာ အနာဂတ္ အေျခအေန မေရရာေသးဘဲ ရွိေနပါတယ္။ ယူနုိက္တက္ ထိပ္တန္း ပစ္မွတ္ ျဖစ္ျပီး ဘြန္ဒစ္လီဂါမွာ ဒီရာသီ ေဒါ့မြန္နဲ႕ အတူ လိဂ္ဂိုးခ်ည္း ၁၈ ဂိုး သြင္းထားတဲ့ ဆန္ခ်ိဳကေတာ့ အိုးထရက္ဖို႔ဒ္ ေရာက္လာရင္ ၇ ဆက္ခံဖို႔ ေရပန္း အစားဆံုး ျဖစ္ပါတယ္။
ဒါေပမယ့္ လီဗာကူဆင္ အသင္းနဲ႕အတူ ေျခစြမ္းျပေနတဲ့ ဂ်ာမန္သား ကိုင္ ဟာဇက္ဇ္ကလည္း ဒီရာသီ ၁၇ ဂိုး သြင္း၊ ၄ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ၄င္းရဲ႕ ေျခစြမ္းကလည္း ဒီနွစ္ထဲမွာ တရွိန္ထိုး တိုးတက္ အစြမ္းျပေနတာေၾကာင့္ ယူနိုက္တက္က ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနျပီး ေပါင္ သန္း ၅၀ နဲ႕ ကမ္းလွမ္းမႈ တစ္ရပ္လည္း ျပင္ဆင္ေနေၾကာင္း သတင္းၾကီးေနပါတယ္။
ဘြန္ဒစ္လီဂါရဲ႕ နာမည္ေက်ာ္ တိုက္စစ္ ၾကယ္ပြင့္ထဲက ဘယ္သူ အိုးထရက္ဖို႔ဒ္ ေရာက္လာျပီး နာမည္ေက်ာ္ နံပါတ္ ၇ ကိုု ရရွိ ၀တ္ဆင္သြားမလဲက ရင္ခုန္စရာ ေကာင္းေနျပီ ျဖစ္ပါတယ္။