ယူနိုက်တက်အတွက် ဘာမဆိုလုပ်သွားဖို့ အသင့်ပဲလို့ အစ်ဟာလို အသိပေး

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလို က အငှားသက်တမ်းတိုးနိုင်ခဲ့ကာ ယူနိုက်တက်မှာဆက်ပြီး ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ် ပျော်ရွှင်နေကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ကြိုးစားအားထုတ်မှု အပြင် ယူနိုက်တက်အပေါ် ချစ်ခင်စိတ်ရှိတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို ယူနိုက်တက်ပရိတ်သတ်တွေ က အားပေးထောက်ခံ ခဲ့ပေမယ့် အငှားစာချုပ်သက်တမ်းက ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပါတယ်။

မိခင်ကလပ်ဖြစ်တဲ့ ရှန်ဟိုင်းရှင်ဟွာ အသင်းဘက်က နောက်ထပ်အငှားမချလိုတာကြောင့် အစ်ဟာလို တစ်ယောက် ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရပြီး နောက်နှစ် ဇန်နဝါရီထိ ၈ လတာ ထပ်မံ သက်တမ်းတိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရှန်ဟိုင်းရှင်ဟွာ တို့ အတော်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အငှားစာချုပ်ပြည့်ပြီး နောက်တစ်ရက်မှာမှ သဘောတူညီမှု ရရှိခဲ့ပါတယ်။

” ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အိပ်မက်တစ်ခုပါပဲ။ ကျွန်တော် တတ်နိုင်သမျှ အသင်းအတွက် ပေးဆပ် သွားမှာပါ။ ယူနိုကတက်ကို ရောက်တဲ့ပထမဆုံးနေ့တည်းက အသင်းအတွက်ဆို ကျွန်တော် ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ပါပဲ။ ကျွန်တော် ယူနိုက်တက်ကို ဒီထက်ပိုပြီး မြင့်မားတဲ့နေရာတစ်ခုဆီ ရောက်ရှိအောင် ကူညီ လုပ်ဆောင်ပေးသွားပါမယ်။ ” လို့ အစ်ဟာလိုက ပြောကြားသွားခဲ့ပါတယ်။

အစ်ဟာလို ဟာ ယူနိုက်တက်မှာဆက်နေဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာဖြစ်ပြီး ရှန်ဟိုင်းရှင်ဟွာ ဘက်က ခွင့်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း လည်း ထုတ်ဖော်ပြောကြားသွားပါတယ်။

နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ မှာ အိုးထရက်ဖို့ဒ် ထံ အငှားနဲ့ရောက်ရှိခဲ့သူ ဖြစ်ပြီး ဘောလုံးပွဲတွေ မရပ်နားခင်ထိ ယူနိုက်တက် အတွက် ၈ ပွဲ ကစား၊ ၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မွဴး အစ္ဟာလို က အငွားသက္တမ္းတိုးနိုင္ခဲ့ကာ ယူႏိုက္တက္မွာ ဆက္ၿပီး ကစားခြင္႔ရခဲ႔တဲ႔အတြက္ ေက်နပ္ ေပ်ာ္ရႊင္ေနေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားသြားခဲ႔ပါတယ္။

ၾကိဳးစားအားထုတ္မႈ အျပင္ ယူနိုက္တက္အေပၚ ခ်စ္ခင္စိတ္ရွိတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို ယူႏိုက္တက္ပရိတ္သတ္ေတြ က အားေပးေထာက္ခံ ခဲ႔ေပမယ္႔ အငွားစာခ်ဳပ္သက္တမ္းက ၿပီးခဲ႔တဲ႔ ေမလ ၃၁ ရက္ေန႔မွာ ကုန္ဆံုးသြားခဲ့ပါတယ္။

မိခင္ကလပ္ျဖစ္တဲ႔ ရွန္ဟိုင္းရွင္ဟြာ အသင္းဘက္က ေနာက္ထပ္အငွားမခ်လိုတာေၾကာင္႔ အစ္ဟာလို တစ္ေယာက္ ခက္ခက္ခဲခဲ ညွိနိႈင္းခဲ့ရျပီး ေနာက္နွစ္ ဇန္န၀ါရီထိ ၈ လတာ ထပ္မံ သက္တမ္းတိုးနုိင္ခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ရွန္ဟိုင္းရွင္ဟြာ တို႔ အေတာ္ၾကာ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ႔ၿပီးေနာက္ အငွားစာခ်ဳပ္ျပည္႔ၿပီး ေနာက္တစ္ရက္မွာမွ သေဘာတူညီမႈ ရရွိခဲ႔ပါတယ္။

” ကြ်န္ေတာ္ တကယ္ပဲ ေပ်ာ္ရႊင္မိပါတယ္။ ဒါဟာ ကြ်န္ေတာ္႔အတြက္ အိပ္မက္တစ္ခုပါပဲ။ ကြ်န္ေတာ္ တတ္နိုင္သမွ် အသင္းအတြက္ ေပးဆပ္ သြားမွာပါ။ ယူနို္ကတက္ကို ေရာက္တဲ႔ပထမဆံုးေန႔တည္းက အသင္းအတြက္ဆို ကၽြန္ေတာ္ ဘာမဆိုလုပ္ေပးဖို႔အဆင္သင္႔ပါပဲ။ ကြ်န္ေတာ္ ယူႏိုက္တက္ကို ဒီထက္ပိုၿပီး ျမင္႔မားတဲ႔ေနရာတစ္ခုဆီ ေရာက္ရွိေအာင္ ကူညီ လုပ္ေဆာင္ေပးသြားပါမယ္။ ” လို႔ အစ္ဟာလိုက ေျပာၾကားသြားခဲ႔ပါတယ္။

အစ္ဟာလို ဟာ ယူႏိုက္တက္မွာဆက္ေနဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားခဲ႔ရတာျဖစ္ၿပီး ရွန္ဟိုင္းရွင္ဟြာ ဘက္က ခြင္႔ျပဳေပးခဲ႔တဲ႔အတြက္ ေက်းဇူးတင္ေၾကာင္း လည္း ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

နိုင္ဂ်ီးရီးယား တိုက္စစ္မွဴးဟာ ၿပီးခဲ႔တဲ႔ ဇန္နဝါရီ မွာ အိုးထရက္ဖို႔ဒ္ ထံ အငွားနဲ႔ေရာက္ရွိခဲ့သူ ျဖစ္ျပီး ေဘာလံုးပြဲေတြ မရပ္နားခင္ထိ ယူႏိုက္တက္ အတြက္ ၈ ပြဲ ကစား၊ ၄ ဂိုး သြင္းယူကာ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ႔ပါတယ္။