ယူနိုက်တက်နဲ့ သတင်းများကို ငြင်းလိုက်တဲ့ ပေါင် သန်း ၉၀ တန် တိုက်စစ်သမား
ဗလန်စီယာ တောင်ပံကစားသမား ဖာရန်တောရက်စ်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး လက်ရှိအချိန်မှာ လာလီဂါက သူ့အတွက် အကောင်းဆုံးနေရာဖြစ်သလို မက်စ်တဲလားမှာ အသားကျနေတယ်လို့ ပြောပါတယ်။
အသက် ၂၀ အရွယ်ရှိ တောရက်စ်ဟာ ဗလန်စီယာပထမအသင်းနဲ့အတူ ၃ နှစ်မြောက် ဖြတ်သန်းနေသူဖြစ်ပြီး စပိန်ဘောလုံးလောကရဲ့ အလားအလာ အရှိဆုံး လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို ဒီလိုခြေစွမ်းပြနေလို့လည်း ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
စပိန်ယူ-၂၁ လက်ရွေးစင် တောရက်စ်ကို ဂျူဗင်တပ်စ်၊ ဒေါ့မွန်၊ အေဂျက်စ်နဲ့ အက်သလက်တီကိုတို့ကလည်း အပြိုင်စိတ်ဝင်စားနေပြီး ယခုရာသီမှာ ၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားပါတယ်။
” လူငယ်ကစားသမားလေးတွေအတွက် လာလီဂါက အကောင်းဆုံးပါပဲ။ လာလီဂါက ကျွန်တော့်ကို အကူအညီအများကြီးပေးပြီး အချိန်တိုင်း လေ့လာသင်ယူနေပါတယ်။ ကျွန်တော်ဟာ ဗလန်စီယာနဲ့ လာလီဂါမှာ အသားကျနေပြီလို့ထင်ပါတယ်။ အသင်းရဲ့ရလဒ်တွေ ဆိုးနေတာတောင် ကျွန်တော့်အတွက် ကစားရကောင်းမွန်နေပြီး ရလဒ်ဆိုးတွေလည်း ကွယ်ပျောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ တောရက်စ်က ပြောဆို ခဲ့ပါတယ်။
လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဗလန်စီယာဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၄ ပွဲမှာ ၄ ပွဲပဲ အနိုင်ရထားပြီး တောရက်စ်က အသင်းမှာ ကစားရတာကို ပျော်ရွှင်နေသလို ဘောလုံးပွဲတွေပြန်လည်စတင်တဲ့အခါ လက်ရှိရလဒ်ဆိုးတွေကို ချေဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
တောရက်စ်ဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၉၀ ရှိပြီး စာချုပ်သက်တမ်းကတော့ ၂၀၂၁ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Uni – ဗလန္စီယာ ေတာင္ပံကစားသမား ဖာရန္ေတာရက္စ္က ပရီးမီးယားလိဂ္သို႔ ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့သတင္းေတြကို ျငင္းဆန္သြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ လာလီဂါက သူ႔အတြက္ အေကာင္းဆုံးေနရာျဖစ္သလို မက္စ္တဲလားမွာ အသားက်ေနတယ္လို႔ ေျပာပါတယ္။
အသက္ ၂၀ အ႐ြယ္ရွိ ေတာရက္စ္ဟာ ဗလန္စီယာပထမအသင္းနဲ႔အတူ ၃ ႏွစ္ေျမာက္ ျဖတ္သန္းေနသူျဖစ္ၿပီး စပိန္ေဘာလုံးေလာကရဲ႕ အလားအလာ အရွိဆုံး လူငယ္တစ္ဦးအျဖစ္ သတ္မွတ္ခံထားရသလို ဒီလိုေျခစြမ္းျပေနလို႔လည္း ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ရဲ႕ စိတ္ဝင္စားျခင္းခံေနရပါတယ္။
စပိန္ယူ-၂၁ လက္ေ႐ြးစင္ ေတာရက္စ္ကို ဂ်ဴဗင္တပ္စ္၊ ေဒါ့မြန္၊ ေအဂ်က္စ္နဲ႔ အက္သလက္တီကိုတို႔ကလည္း အၿပိဳင္စိတ္ဝင္စားေနၿပီး ယခုရာသီမွာ ၄ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။
” လူငယ္ကစားသမားေလးေတြအတြက္ လာလီဂါက အေကာင္းဆုံးပါပဲ။ လာလီဂါက ကြၽန္ေတာ့္ကို အကူအညီအမ်ားႀကီးေပးၿပီး အခ်ိန္တိုင္း ေလ့လာသင္ယူေနပါတယ္။ ကြၽန္ေတာ္ဟာ ဗလန္စီယာနဲ႔ လာလီဂါမွာ အသားက်ေနၿပီလို႔ထင္ပါတယ္။ အသင္းရဲ႕ရလဒ္ေတြ ဆိုးေနတာေတာင္ ကြၽန္ေတာ့္အတြက္ ကစားရေကာင္းမြန္ေနၿပီး ရလဒ္ဆိုးေတြလည္း ကြယ္ေပ်ာက္သြားလိမ့္မယ္လို႔ ယုံၾကည္ပါတယ္” လို႔ ေတာရက္စ္က ေျပာဆို ခဲ့ပါတယ္။
လာလီဂါအမွတ္ေပးဇယားရဲ႕အဆင့္ ၇ ေနရာမွာ ရပ္တည္ေနတဲ့ ဗလန္စီယာဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၄ ပြဲမွာ ၄ ပြဲပဲ အႏိုင္ရထားၿပီး ေတာရက္စ္က အသင္းမွာ ကစားရတာကို ေပ်ာ္႐ႊင္ေနသလို ေဘာလုံးပြဲေတြျပန္လည္စတင္တဲ့အခါ လက္ရွိရလဒ္ဆိုးေတြကို ေခ်ဖ်က္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဆိုပါတယ္။
ေတာရက္စ္ဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၉၀ ရွိၿပီး စာခ်ဳပ္သက္တမ္းကေတာ့ ၂၀၂၁ မွာ ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။