ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး အပုတ်ခံမှာ မဟုတ်ကြောင်း ဆိုးရှား ပညာသား ပါပါ သတိပေး

ယူနိုက်တက် နည်းပြ ဆိုးရှားက ပြီးခဲ့တဲ့ နွေက ကစားသမား ရောင်းချ၊ အငှားချ ရှင်းထုတ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မက်ဂွဲယား၊ ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်တို့ကို ခေါ်ယူအင်အားဖြည့်ခဲ့ကာ လူငယ်အသင်းမှ ခြေစွမ်းခြေစရှိသည့် ကစာသမားများကို အသင်းကြီးသို့ ခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ဘောလုံးရာသီ ခရီးပေါက်လာလေလေ ပုံစံကောင်း ရလေလေ ဖြစ်လာတဲ့ ယူနိုက်တက်ဟာ ဘောလုံးပွဲများမရပ်နားခင်အချိန်က နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲလုံးစလုံးကို လုံးဝရှုံးပွဲမရှိပဲ ကစားပြီး ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဆိုးရှားက အသင်းမှာ စိတ်ဓာတ် မရှိ အကျင့်မကောင်းဘဲ ပုတ်နေတဲ့ ပန်းသီး၊ အသီးပုတ်တွေ ရှိရင် တခြား အသီးတွေပါ လိုက် ပုတ် မသွားအောင် လွှင့်ပစ်သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မြန်မာစကားပုံနဲ့ နှိုှုင်းရင် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး အပုတ်ခံမှာ မဟုတ်ကြောင်း ဆိုးရှား ပညာသားပါပါ သတိပေးလိုက်တာပါ။

” ကျနော် ကစားသမားဘဝတုန်းကလည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားခဲ့သလို၊ မန်ချက်စတာယူနိုက်တက်မှာ ကစားခွင့်ရတာကိုက ကျနော် အတွက် ထူးကဲတဲ့ အခွင့်အရေးတစ်ခုလို့ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကစားသမားသစ်ကို ခေါ်ယူတဲ့ နေရာမှာဖြစ်စေ၊ ဒါမှမဟုတ် လူငယ်ကစားသမားတွေကို ခေါ်မယ်ဆိုရင် ကိုယ်ရည်ကိုယ်သွေး ကောင်းဖို့နဲ့ ပရော်ဖက်ရှင်နယ်ဆန်ဖို့ကို အဓိက ထားပြီး ကြည့်တယ်။

ဘာလို့ဆိုတော့ ပန်းသီးပုတ် တစ်လုံးကြောင့် ကျန်တဲ့ ပန်းသီးတွေကို အပုတ် မခံနိုင်ဘူးဗျ။ ပန်းသီးပုတ်တစ်လုံးကို တခြားပန်းသီးတွေနဲ့ အတူတူ ခြင်းတောင်းတစ်ခုထဲမှာ ထည့်ထားမယ်ဆိုရင် သေချာပေါက် ကျန်တဲ့ပန်းသီးတွေပါ ပျက်စီးကုန်လိမ့်မယ်။

ကျနော်တို့ အသင်းက အခုချိန်ဟာ ပြန်လည် တည်ဆောက်နေချိန်ပါ။ ဒါတွေက တနေ့မှာ အရေးပါလာလိမ့်မယ်။ ကျွန်တော်တို့မှာ အနိုင်ရဖို့ လိုအပ်သလို၊ အဆင့်အတန်းရှိဖို့ လိုအပ်ပါတယ်။ ” လို့ နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

လာမယ့် နွေမှာလည်း ဆိုးရှားက ကစားသမားကောင်းတွေ ထပ်မံ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အသင်းနဲ့ ကိုက်ညီပြီး ပရို စိတ်ဓာတ် ရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူလိုကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားက ျပီးခဲ့တဲ့ ေႏြက ကစားသမား ေရာင္းခ်၊ အငွားခ် ရွင္းထုတ္မႈေတြ ျပဳလုပ္ခဲ့ျပီးေနာက္ မက္ဂြဲယား၊ ဘစ္ဆာကာ၊ ဒန္နီရယ္ဂ်ိမ္းစ္တို႔ကို ေခၚယူအင္အားျဖည့္ခဲ့ကာ လူငယ္အသင္းမွ ေျခစြမ္းေျခစရွိသည့္ ကစာသမားမ်ားကို အသင္းႀကီးသို႔ ေခၚေဆာင္ခဲ့ပါတယ္။

အဲဒီေနာက္ ေဘာလံုးရာသီ ခရီးေပါက္လာေလေလ ပံုစံေကာင္း ရေလေလ ျဖစ္လာတဲ့ ယူနိုက္တက္ဟာ ေဘာလုံးပြဲမ်ားမရပ္နားခင္အခ်ိန္က ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၁ ပြဲလုံးစလုံးကို လုံးဝရႈံးပြဲမရွိပဲ ကစားၿပီး ရလဒ္ေကာင္းတစ္ခုကို ပိုင္ဆိုင္ခဲ့ပါတယ္။

ဆိုးရွားက အသင္းမွာ စိတ္ဓာတ္ မရွိ အက်င့္မေကာင္းဘဲ ပုတ္ေနတဲ့ ပန္းသီး၊ အသီးပုတ္ေတြ ရွိရင္ တျခား အသီးေတြပါ လိုက္ ပုတ္ မသြားေအာင္ လႊင့္ပစ္သြားမွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ျမန္မာစကားပံုနဲ႕ နိႈႈင္းရင္ ငါးခံုးမ တစ္ေကာင္ေၾကာင့္ တစ္ေလွလံုး အပုတ္ခံမွာ မဟုတ္ေၾကာင္း ဆိုးရွား ပညာသားပါပါ သတိေပးလိုက္တာပါ။

” က်ေနာ္ ကစားသမားဘဝတုန္းကလည္း ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ကစားခဲ့သလို၊ မန္ခ်က္စတာယူႏိုက္တက္မွာ ကစားခြင့္ရတာကိုက က်ေနာ္ အတြက္ ထူးကဲတဲ့ အခြင့္အေရးတစ္ခုလို႔ ခံယူထားပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ကစားသမားသစ္ကို ေခၚယူတဲ့ ေနရာမွာျဖစ္ေစ၊ ဒါမွမဟုတ္ လူငယ္ကစားသမားေတြကို ေခၚမယ္ဆိုရင္ ကိုယ္ရည္ကိုယ္ေသြး ေကာင္းဖို႔နဲ႔ ပေရာ္ဖက္ရွင္နယ္ဆန္ဖို႔ကို အဓိက ထားၿပီး ၾကည့္တယ္။

ဘာလို႔ဆိုေတာ့ ပန္းသီးပုတ္ တစ္လုံးေၾကာင့္ က်န္တဲ့ ပန္းသီးေတြကို အပုတ္ မခံႏိုင္ဘူးဗ်။ ပန္းသီးပုတ္တစ္လုံးကို တျခားပန္းသီးေတြနဲ႔ အတူတူ ျခင္းေတာင္းတစ္ခုထဲမွာ ထည့္ထားမယ္ဆိုရင္ ေသခ်ာေပါက္ က်န္တဲ့ပန္းသီးေတြပါ ပ်က္စီးကုန္လိမ့္မယ္။

က်ေနာ္တို႔ အသင္းက အခုခ်ိန္ဟာ ျပန္လည္ တည္ေဆာက္ေနခ်ိန္ပါ။ ဒါေတြက တေန႔မွာ အေရးပါလာလိမ့္မယ္။ ကြၽန္ေတာ္တို႔မွာ အႏိုင္ရဖို႔ လိုအပ္သလို၊ အဆင့္အတန္းရွိဖို႔ လိုအပ္ပါတယ္။ ” လို႔ နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

လာမယ့္ ေႏြမွာလည္း ဆိုးရွားက ကစားသမားေကာင္းေတြ ထပ္မံ ေခၚယူဖို႔ ပစ္မွတ္ထားေနျပီး အသင္းနဲ႕ ကိုုက္ညီျပီး ပရို စိတ္ဓာတ္ ရွိတဲ့ ကစားသမားေတြကိုသာ ေခၚယူလိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။