ပေါင် သန်း ၇၀ တန် ဘွန်ဒစ်လီဂါကြယ်ပွင့် အတွက် ထိပ်တိုက်တွေ့မယ့် ယူနိုက်တက်နဲ့ ချယ်ဆီး

ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို လာမယ့် အပြောင်းအရွှေ့ ဈေးကွက် ဖွင့်တာနဲ့ အပြိုင် ခေါ်ကြဖို့ ဥရောပ ထိပ်သီးကလပ်အသင်းတွေက ခြေလှမ်းပြင်နေကြပါတယ်။ ဒီထဲမှာ ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ ချယ်ဆီးတို့လည်း အပါအဝင် ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ပင်ခံရပြီးတည်းက ကစားသမားသစ် မခေါ်ရသေးတဲ့ ချယ်ဆီးက ဈေးကွက်ထဲမှာတော့ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပါတယ်။ အေဂျက်မှာ ဇီယက်ကို အကြိုသဘောတူညီမှုနဲ့ ခေါ်ထားပြီး ဖြစ်သလို လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကိုလည်း ချယ်ဆီးတို့ ချုပ်ထားပြီး ဖြစ်တယ် သတင်းကြီးနေတာပါ။

အခု နောက်ထပ် ခြေလှမ်း တစ်ရပ် အနေနဲ့ ပေါင် သန်း ၇၀ တန်ကြေး ရှိ လီဗာကူဆင် ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်ကိုလည်း စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ် သုံးကာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ် ပစ်မှတ် ကစားသမားတွေထဲ ကိုင်ဟာဗက်ဇ်လည်း ပါဝင်နေပြီး မန်ချက်စတာ ကလပ်ရဲ့ နှေးကွေးမှုတွေကို ချယ်ဆီးက အသာစီး ယူဖို့ ကြိုးစားနေပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားဟန် ပြသထားပါတယ်။

ယူနိုက်တက်၊ ချယ်ဆီးတို့ အတွက် နောက်ထပ် ပြိုင်ဘက်ကြီး အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းလည်း ရှိနေပါတယ်သေးတယ်။ ဟာဗက်ဇ် အတွက် ဂျာမနီလက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရလာနိုင်ဖို့က ဘိုင်ယန်ရဲ့ မက်လုံး တစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ရာသီကုန်မှာ လက်လွှတ်ရတော့မှာ ဖြစ်တဲ့ ဝီလီယံ ပက်ဒရိုတို့ နေရာမှာ ဇီယက်နဲ့ ဟာဗက်ဇ်တို့ကို အသုံးပြုဖို့ ရည်ရွယ်ထားကာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Zawgyi – ဘြန္ဒစ္လီဂါမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္တိုက္စစ္ ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္ကို လာမယ့္ အေျပာင္းအေရႊ႕ ေစ်းကြက္ ဖြင့္တာနဲ႕ အျပိဳင္ ေခၚၾကဖို႔ ဥေရာပ ထိပ္သီးကလပ္အသင္းေတြက ေျခလွမ္းျပင္ေနၾကပါတယ္။ ဒီထဲမွာ ပရီးမီးယားလိဂ္မွ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးတို႔လည္း အပါအ၀င္ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ ပိတ္ပင္ခံရျပီးတည္းက ကစားသမားသစ္ မေခၚရေသးတဲ့ ခ်ယ္ဆီးက ေစ်းကြက္ထဲမွာေတာ့ ခပ္သြက္သြက္ လႈပ္ရွားေနတဲ့ အသင္း ျဖစ္ပါတယ္။ ေအဂ်က္မွာ ဇီယက္ကို အၾကိဳသေဘာတူညီမႈနဲ႕ ေခၚထားျပီး ျဖစ္သလို လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကိုလည္း ခ်ယ္ဆီးတို႔ ခ်ဳပ္ထားျပီး ျဖစ္တယ္ သတင္းၾကီးေနတာပါ။

အခု ေနာက္ထပ္ ေျခလွမ္း တစ္ရပ္ အေနနဲ႕ ေပါင္ သန္း ၇၀ တန္ေၾကး ရွိ လီဗာကူဆင္ ကြင္းလယ္ကစားသမား ကိုင္ဟာဗက္ဇ္ကိုလည္း စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး တစ္ရပ္ သံုးကာ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တိုက္စစ္ ပစ္မွတ္ ကစားသမားေတြထဲ ကိုင္ဟာဗက္ဇ္လည္း ပါ၀င္ေနျပီး မန္ခ်က္စတာ ကလပ္ရဲ႕ ေနွးေကြးမႈေတြကို ခ်ယ္ဆီးက အသာစီး ယူဖို႔ ၾကိဳးစားေနပါတယ္။ ကစားသမား ကိုယ္တိုင္ကလည္း ပရီးမီးယားလိဂ္မွာ ေျပာင္းေရႊ႕ ကစားဖို႔ စိတ္၀င္စားဟန္ ျပသထားပါတယ္။

ယူနုိက္တက္၊ ခ်ယ္ဆီးတို႔ အတြက္ ေနာက္ထပ္ ျပိဳင္ဘက္ၾကီး အေနနဲ႕ ဘိုင္ယန္ျမဴးနစ္ အသင္းလည္း ရွိေနပါတယ္ေသးတယ္။ ဟာဗက္ဇ္ အတြက္ ဂ်ာမနီလက္ေရြးစင္ အသင္းမွာ ပါ၀င္ခြင့္ ရလာနိုင္ဖို႔က ဘိုင္ယန္ရဲ႕ မက္လံုး တစ္ခုေတာ့ ျဖစ္လာနုိင္ပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ရာသီကုန္မွာ လက္လႊတ္ရေတာ့မွာ ျဖစ္တဲ့ ၀ီလီယံ ပက္ဒရိုတို႔ ေနရာမွာ ဇီယက္နဲ႕ ဟာဗက္ဇ္တို႔ကို အသံုးျပဳဖို႕ ရည္ရြယ္ထားကာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနျပီ ျဖစ္ပါတယ္။