ယူနိုက်တက်ရဲ့ ယူရို သန်း ၁၀၀ ကမ်းလှမ်းမှုကို ငြင်းလိုက်တဲ့ ဘာစီလိုနာ ကြယ်ပွင့်

လာလီဂါကလပ် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်သမား ဖာတီက ၎င်းကို ယူနိုက်တက်ဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူလိုခဲ့ပေမယ့် ငြင်းပယ်လိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ဖာတီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်း (ယူရိုသန်း ၁၀၀) အထိ ပေးချေဖို့ ပြင်ဆင်ထားခဲ့တာပါ။ အသက် ၁၇ နှစ် အရွယ်ဂူနီယာ-စပိန်သား ကစားသမားလေးဟာ ဘာစီလိုနာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ စီနီယာအသင်းကြီးရဲ့ ပွဲစဉ်တွေမှာပါ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ဥရောပ ထိပ်သီး အသင်းတွေ မျက်စိကျခြင်း ခံနေရပါတယ်။

ယူနိုက်တက်ဟာ ဖာတီ ကိုခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် ထံ ချဉ်းကပ်ပြီး ပြင်ဆင်ခဲ့တာပါ။ တကယ်တမ်း ဘာစီလိုနာ အသင်းနဲ့ ဖာတီ တို့ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် သန်း ၁၅၀ (ယူရို သန်း (၇၀) အထိ ရှိနေတယ်လို့လည်းသိပါတယ်။

အေးဂျင့် ဂျော့ချ်မန်ဒက်စ် ကတော့ ဖာတီ ရဲ့အပြောင်းအရွှေ့ကို ဖြစ်ပေါ်စေချေင်နေပြီး ဘာစီလိုနာ အသင်းနဲ့လည်း ဆွေးနွေးမှုပြုလုပ်ခဲ့သလို အခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့လည်း ပြောဆိုမှုတွေ ရှိထားတယ် သတင်းထွက်နေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ အသင်းဘက်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စိတ်မဝင်စားပဲ ဖာတီ ကိုရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

ဖာတီ ဟာ ပြီးခဲ့တဲ့ နွေရာသီကစတင်ပြီး နည်းပြဟောင်း ဗယ်ဗာဒီ ရဲ့လက်အောက်မှာ စီနီယာအသင်းကြီးအတွက် စတင် ကစားခွင့် ရရှိခဲ့တာဖြစ်ကာ လက်ရှိမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၂၄) ပွဲပါဝင်ကစားပေးထားခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်တာမီလန် နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာလည်း ဘာစီလိုနာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဖာတီ ဟာ ချန်ပီယံလိဂ် သမိုင်း တစ်လျှောက်မှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားပါတယ်။

Zawgyi – လာလီဂါကလပ္ ဘာစီလိုနာရဲ႕ လူငယ္ၾကယ္ပြင့္ ေတာင္ပံတိုက္စစ္သမား ဖာတီက ၄င္းကို ယူနုိက္တက္ဟာ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး တစ္ရပ္နဲ႕ ေခၚယူလိုခဲ့ေပမယ့္ ျငင္းပယ္လိုက္ပါတယ္။

ယူနုိက္တက္ နည္းျပ ဆိုးရွားက ဖာတီ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၉ သန္း (ယူ႐ိုသန္း ၁၀၀) အထိ ေပးေခ်ဖို႔ ျပင္ဆင္ထားခဲ့တာပါ။ အသက္ ၁၇ ႏွစ္ အ႐ြယ္ဂူနီယာ-စပိန္သား ကစားသမားေလးဟာ ဘာစီလိုနာ အကယ္ဒမီကေန ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဒီရာသီမွာ စီနီယာအသင္းႀကီးရဲ႕ ပြဲစဥ္ေတြမွာပါ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တာေၾကာင့္ ဥေရာပ ထိပ္သီး အသင္းေတြ မ်က္စိက်ျခင္း ခံေနရပါတယ္။

ယူႏိုက္တက္ဟာ ဖာတီ ကိုေခၚယူႏိုင္ဖို႔အတြက္ သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ ထံ ခ်ဥ္းကပ္ၿပီး ျပင္ဆင္ခဲ့တာပါ။ တကယ္တမ္း ဘာစီလိုနာ အသင္းနဲ႔ ဖာတီ တို႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ေပါင္ သန္း ၁၅၀ (ယူ႐ို သန္း (၇၀) အထိ ရွိေနတယ္လို႔လည္းသိပါတယ္။

ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္ ကေတာ့ ဖာတီ ရဲ႕အေျပာင္းအေ႐ႊ႕ကို ျဖစ္ေပၚေစေခ်င္ေနၿပီး ဘာစီလိုနာ အသင္းနဲ႔လည္း ေဆြးေႏြးမႈျပဳလုပ္ခဲ့သလို အျခား ပရီးမီးယားလိဂ္ ကလပ္အသင္းေတြနဲ႔လည္း ေျပာဆုိမႈေတြ ရွိထားတယ္ သတင္းထြက္ေနပါတယ္။ ဒါေပမဲ့ ဘာစီလိုနာ အသင္းဘက္က ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို စိတ္မဝင္စားပဲ ဖာတီ ကိုေရာင္းခ်သြားဖို႔ အစီအစဥ္မရွိဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။

ဖာတီ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီကစတင္ၿပီး နည္းျပေဟာင္း ဗယ္ဗာဒီ ရဲ႕လက္ေအာက္မွာ စီနီယာအသင္းႀကီးအတြက္ စတင္ ကစားခြင့္ ရရွိခဲ့တာျဖစ္ကာ လက္ရွိမွာ ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစုံ (၂၄) ပြဲပါဝင္ကစားေပးထားခဲ့ၿပီျဖစ္ပါတယ္။

ျပီးခဲ့တဲ့ အင္တာမီလန္ နဲ႔ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာလည္း ဘာစီလိုနာ အသင္းအတြက္ တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ ဖာတီ ဟာ ခ်န္ပီယံလိဂ္ သမိုင္း တစ္ေလွ်ာက္မွာ အသက္အငယ္ဆုံး ဂိုးသြင္းရွင္အျဖစ္ စံခ်ိန္တင္ထားပါတယ္။