ဆန်ချို အတုယူစံထားသင့်တဲ့ ယူနိုက်တက်အသင်းသား ဆောက်ဂိတ် အကြံပြုတိုက်တွန်း
အင်္ဂလန်လက်ရွေးစင် အသင်း နည်းပြ ဖြစ်သူ ဆောက်ဂိတ်ကတော့ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပလာတဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ဂျေဒန်ဆန်ချိုဟာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ကို စံပြ ကစားသမားအဖြစ် သတ်မှတ်ပြီး အတုယူသင့်တယ်လို့ အကြံပေး စကားပြောဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး လူငယ် တောင်ပံကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် ဆန်ချိုမှာ သင်ယူစရာတွေ ရှိသေးတယ်လို့ ဆောက်ဂိတ်က ယူဆနေပြီး ဆန်ချိုဟာ သူ့ရဲ့ စီနီယာတွေ ဖြစ်ကြတဲ့ စတာလင်းနဲ့ ရက်ဖို့ဒ်တို့ကို အတုယူပြီး ကြိုးစားသင့်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာပါ။
” ဆန်ချိုဟာ အရမ်းကို ပါရမီ မြင့်မားတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ သူ့ရဲ့ အသက်အရွယ်နဲ့ ဘယ်လောက်ထိ ကောင်းမွန် တဲ့ ကစားသမားလည်းဆိုတာ ခင်ဗျားတို့ မြင်တွေ့ထားပြီးပါပြီ။ အခုချိန်မှာ သူ့အတွက် ခြေလှမ်းတိုင်းက စိန်ခေါ်မှုတွေလို့ ပြောလို့ရပေမယ့် သူဟာ အားလုံးကို အကောင်းဆုံး အနေအထားနဲ့ ဖြတ်ကျော်နေပါတယ်။
ဆန်ချိုဟာ ပွဲတွေကနေ သင်ယူလေ့လာမှုတွေ လုပ်ဆောင်နေပါပြီ။ ပြီးတော့ ပိုပြီး ရင့်ကျက်မှုလည်း ရှိလာခဲ့ပါတယ်။ အခုချိန်မှာ သူ့အတွက် ရက်ဖို့ဒ်က အကောင်းဆုံး စံပြကစားသမားအဖြစ် ရှိနေပါတယ်။ ပြီးတော့ စတာလင်းရောပေါ့။ အခုချိန် မှာ သူတို့က နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်က ပြောချင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ နိုင်ပွဲကို ဆာလောင်ပုံတွေ၊ ပရိုဆန်ပုံတွေကို အတုယူဖို့ ပြောတာပါ။ ” လို့ ဆောက်ဂိတ်က ဆိုခဲ့ပါတယ်။
ဆောက်ဂိတ်က အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူပြီးနောက် အထိုက်အလျောက် အောင်မြင်မှုတွေ ရထားပါတယ်။ လာမယ့် ယူရို၂၀၂၀ ပြိုင်ပွဲမှာ ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဆောက်ဂိတ်က တွက်ဆထားပါတယ်။
ဆန်ချိုက ဒီနွေ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ် ကစားသမား ဖြစ်နေပြီး ရက်ဖို့ဒ်နဲ့ ကလပ်အသင်းတူ လာ ကစားရဖို့ အခြေအနေ ကောင်းနေပါတယ်။
Zawgyi – အဂၤလန္လက္ေ႐ြးစင္ အသင္း နည္းျပ ျဖစ္သူ ေဆာက္ဂိတ္ကေတာ့ ေဒါ့မြန္အသင္းနဲ႔ အတူ ေတာက္ပလာတဲ့ လူငယ္ ၾကယ္ပြင့္ ကစားသမား ျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳဟာ ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ရက္ဖို႔ဒ္ကို စံျပ ကစားသမားအျဖစ္ သတ္မွတ္ၿပီး အတုယူသင့္တယ္လို႔ အႀကံေပး စကားေျပာဆိုသြားခဲ့ပါတယ္။
ကမာၻ႔အေကာင္းဆုံး လူငယ္ ေတာင္ပံကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ခံထားရေပမယ့္ ဆန္ခ်ိဳမွာ သင္ယူစရာေတြ ရွိေသးတယ္လို႔ ေဆာက္ဂိတ္က ယူဆေနၿပီး ဆန္ခ်ိဳဟာ သူ႔ရဲ႕ စီနီယာေတြ ျဖစ္ၾကတဲ့ စတာလင္းနဲ႔ ရက္ဖို႔ဒ္တို႔ကို အတုယူၿပီး ႀကိဳးစားသင့္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့တာပါ။
” ဆန္ခ်ိဳဟာ အရမ္းကို ပါရမီ ျမင့္မားတဲ့ ကစားသမား တစ္ဦးပါ။ သူဟာ သူ႔ရဲ႕ အသက္အ႐ြယ္နဲ႔ ဘယ္ေလာက္ထိ ေကာင္းမြန္ တဲ့ ကစားသမားလည္းဆိုတာ ခင္ဗ်ားတို႔ ျမင္ေတြ႕ထားၿပီးပါၿပီ။ အခုခ်ိန္မွာ သူ႔အတြက္ ေျခလွမ္းတိုင္းက စိန္ေခၚမႈေတြလို႔ ေျပာလို႔ရေပမယ့္ သူဟာ အားလုံးကို အေကာင္းဆုံး အေနအထားနဲ႔ ျဖတ္ေက်ာ္ေနပါတယ္။
ဆန္ခ်ိဳဟာ ပြဲေတြကေန သင္ယူေလ့လာမႈေတြ လုပ္ေဆာင္ေနပါၿပီ။ ၿပီးေတာ့ ပိုၿပီး ရင့္က်က္မႈလည္း ရွိလာခဲ့ပါတယ္။ အခုခ်ိန္မွာ သူ႔အတြက္ ရက္ဖို႔ဒ္က အေကာင္းဆုံး စံျပကစားသမားအျဖစ္ ရွိေနပါတယ္။ ၿပီးေတာ့ စတာလင္းေရာေပါ့။ အခုခ်ိန္ မွာ သူတို႔က နာမည္ႀကီး ကစားသမားေတြ ျဖစ္တဲ့ အေၾကာင္းနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္က ေျပာခ်င္တာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ႏိုင္ပြဲကို ဆာေလာင္ပုံေတြ၊ ပရိုဆန္ပုံေတြကို အတုယူဖို႔ ေျပာတာပါ။ ” လို႔ ေဆာက္ဂိတ္က ဆိုခဲ့ပါတယ္။
ေဆာက္ဂိတ္က အဂၤလန္ လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပ အျဖစ္ တာဝန္ယူၿပီးေနာက္ အထိုက္အေလ်ာက္ ေအာင္ျမင္မႈေတြ ရထားပါတယ္။ လာမယ့္ ယူ႐ို၂၀၂၀ ၿပိဳင္ပြဲမွာ ဆန္ခ်ိဳဟာ အဂၤလန္အသင္းအတြက္ အားထားရတဲ့ ကစားသမားတစ္ဦး ျဖစ္လာလိမ့္မယ္လို႔ ေဆာက္ဂိတ္က တြက္ဆထားပါတယ္။
ဆန္ခ်ိဳက ဒီေႏြ ယူနိုက္တက္ရဲ႕ ဦးစားေပး ပစ္မွတ္ ကစားသမား ျဖစ္ေနျပီး ရက္ဖို႔ဒ္နဲ႕ ကလပ္အသင္းတူ လာ ကစားရဖို႔ အေျခအေန ေကာင္းေနပါတယ္။