ရှောကြောင့် သိလိုက်ရတဲ့ ပေါ့ဘာအသင်းနဲ့ ဖာနန်ဒက်စ် အသင်း ခြေစမ်းပွဲ အခြေအနေ
ဒီတစ်ပတ် ယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ ၁၁ ယောက်စီ အသင်းခွဲ ကန်ကြတဲ့ ယူနိုက်တက်ရဲ့ ထရိန်နင်ပွဲ ရလဒ်ကို ပရိသတ်တွေကတော့ သိလိုနေခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက် ခံစစ်မှူး လုခ်ရှောက ထိုပွဲရဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုလိုက်တာကြောင့် သိခွင့် ရခဲ့ကြပါပြီ။
ပြန်စတင်တော့မယ့် ပရီးမီးယားလိဂ် ပွဲတွေ မတိုင်ခင် ပြင်ဆင်တဲ့ အနေနဲ့ နည်းပြဆိုးရှားက စနေနေ့မှာ အသင်းသားတွေကို နှစ်သင်းခွဲ ကစားစေခဲ့တာပါ။ ထိုပွဲမှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်က တစ်သင်းတည်း အတူ ပါဝင်ခဲ့တာ မဟုတ်ဘဲ တစ်ဖက်စီမှာ ပြိုင်ဘက် အနေနဲ့ ရင်ဆိုင်ခဲ့တာပါ။
ထိုလေ့ကျင့်ရေးပွဲက ဓာတ်ပုံမှတ်တမ်းတွေကို တွေ့ခဲ့ကြပေမယ့် ပရိသတ်တွေကတော့ ပွဲပြီးရလဒ်ကို သိချင်နေကြတာဖြစ်ပါတယ်။ ခံစစ်မှူး လုခ်ရှောက ထိုပွဲရဲ့ ပွဲပြီးရလဒ်က ၄-၄ ဖြစ်တယ်လို့ ဖော်ထုတ်လိုက်ပြီး သူကိုယ်တိုင် ၂ ဂိုးသွင်းခဲ့တယ်လို့ ဆိုပါတယ်။
” ဆိုရှယ် မီဒီယာမှာ မတူတာတွေ အများကြီးတွေ့ရပေမယ့် ကျွန်တော်ကတော့ ပွဲပြီးရလဒ် ၄-၄ နဲ့ ပတ်သတ်ပြီး ပျော်မိပါတယ်။ ကျွန်တော်လည်း ၂ ဂိုးသွင်းခဲ့ပါတယ်။ ကျွန်တော့် အသင်းက ဘရူနိုဖာနန်ဒက်စ် က ၁ ဂိုး နဲ့ ဒန်နီရယ် ဂျိမ်းစ်က ၁ ဂိုး သွင်းပြီး တဖက် အသင်းကတော့ ရပ်ရှ်ဖိုဒ့် နဲ့ အစ်ဂ်ဟာလို က ၂ ဂိုးစီ သွင်းခဲ့ကြတာပါ။
ကျွန်တော်ရဲ့ ပထမဂိုးက လန်းပါတယ်။ ဘရူနိုရဲ့ ဖြတ်တင်ဘောက တစ်ဆင့် မြေမကျကန်သွင်းခဲ့တာ။ အဲ့ဒီဂိုးနဲ့ ပတ်သတ်ပြီး ပျော်ရပါတယ်။ နောက်တစ်ဂိုးက မာတာက ရှေ့မှာ ကျွန်တော့်ကို ပေးခဲ့တာကို ထောင့်ထဲကို တစ်ချက်ထိ တစ်ခါကန် နဲ့ ကန်သွင်းလိုက်တာပါ။ ” လို့ လုခ်ရှောက ထုတ်ဖော် လိုက်ပါတယ်။
Zawgyi – ဒီတစ္ပတ္ ယူနုိက္တက္ ေလ့က်င့္ေရးကြင္းမွာ ၁၁ ေယာက္စီ အသင္းခြဲ ကန္ၾကတဲ့ ယူနိုက္တက္ရဲ႕ ထရိန္နင္ပြဲ ရလဒ္ကို ပရိသတ္ေတြကေတာ့ သိလိုေနခဲ့ၾကတာ ျဖစ္ပါတယ္။ ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာက ထိုပြဲရဲ႕ အေျခအေနကို ထုတ္ေဖာ္ေျပာဆိုလိုက္တာေၾကာင့္ သိခြင့္ ရခဲ့ၾကပါျပီ။
ျပန္စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ ပြဲေတြ မတိုင္ခင္ ျပင္ဆင္တဲ့ အေနနဲ႕ နည္းျပဆိုးရွားက စေနေန႔မွာ အသင္းသားေတြကို နွစ္သင္းခြဲ ကစားေစခဲ့တာပါ။ ထိုပြဲမွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္က တစ္သင္းတည္း အတူ ပါ၀င္ခဲ့တာ မဟုတ္ဘဲ တစ္ဖက္စီမွာ ျပိဳင္ဘက္ အေနနဲ႕ ရင္ဆိုင္ခဲ့တာပါ။
ထိုေလ့က်င့္ေရးပြဲက ဓာတ္ပံုမွတ္တမ္းေတြကို ေတြ႔ခဲ့ၾကေပမယ့္ ပရိသတ္ေတြကေတာ့ ပြဲၿပီးရလဒ္ကို သိခ်င္ေနၾကတာျဖစ္ပါတယ္။ ခံစစ္မွဴး လုခ္ေရွာက ထိုပြဲရဲ႕ ပြဲၿပီးရလဒ္က ၄-၄ ျဖစ္တယ္လို႔ ေဖာ္ထုတ္လိုက္ျပီး သူကိုယ္တိုင္ ၂ ဂိုးသြင္းခဲ့တယ္လို႔ ဆိုပါတယ္။
” ဆိုရွယ္ မီဒီယာမွာ မတူတာေတြ အမ်ားႀကီးေတြ႕ရေပမယ့္ ကြၽန္ေတာ္ကေတာ့ ပြဲၿပီးရလဒ္ ၄-၄ နဲ႔ ပတ္သတ္ၿပီး ေပ်ာ္မိပါတယ္။ ကြၽန္ေတာ္လည္း ၂ ဂိုးသြင္းခဲ့ပါတယ္။ ကြၽန္ေတာ့္ အသင္းက ဘ႐ူႏိုဖာနန္ဒက္စ္ က ၁ ဂိုး နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္က ၁ ဂိုး သြင္းၿပီး တဖက္ အသင္းကေတာ့ ရပ္ရွ္ဖိုဒ့္ နဲ႔ အစ္ဂ္ဟာလို က ၂ ဂိုးစီ သြင္းခဲ့ၾကတာပါ။
ကြၽန္ေတာ္ရဲ႕ ပထမဂိုးက လန္းပါတယ္။ ဘ႐ူႏိုရဲ႕ ျဖတ္တင္ေဘာက တစ္ဆင့္ ေျမမက်ကန္သြင္းခဲ့တာ။ အဲ့ဒီဂိုးနဲ႔ ပတ္သတ္ၿပီး ေပ်ာ္ရပါတယ္။ ေနာက္တစ္ဂိုးက မာတာက ေရွ႕မွာ ကြၽန္ေတာ့္ကို ေပးခဲ့တာကို ေထာင့္ထဲကို တစ္ခ်က္ထိ တစ္ခါကန္ နဲ႔ ကန္သြင္းလိုက္တာပါ။ ” လို႔ လုခ္ေရွာက ထုတ္ေဖာ္ လိုက္ပါတယ္။