ပွဲတွေပြန်စတာနဲ့ အကောင်းဆုံး ခြေစွမ်းပြဖို့ တာစူနေတဲ့ ယူနိုက်တက် တိုက်စစ်မှူး

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကတော့ သူ့အနေနဲ့ ယူနိုက်တက်နဲ့ အတူ အကောင်းဆုံးခြေစွမ်းကို ပြသဖို့ စိတ်ကူးနေပြီး အဲ့ဒီလိုဖြစ်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ မာရှယ်က သူ့အနေနဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသွားမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာပါ။

ပြင်သစ်သားဟာ စရောက်စက ခြေစွမ်းပြခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်း တိမ်မြုပ်လာခဲ့တာ ဖြစ်ကာ လက်ရှိရာသီမှာတော့ မာရှယ်ဟာ ကျောနံပါတ် ၉ ကို ပြန်လည်ဝတ်ဆင်နိုင်ပြီဖြစ်သလို ခြေစွမ်းကောင်းတွေလည်း ပြသနေပါတယ်။ ယူနိုက်တက် တိုက်စစ်မှာ သူနဲ့ ရက်ဖိုဒ့်တိုက်စစ်အတွဲဟာ မြန်နှုန်း ၊ စကေးပိုင်းနဲ့ အတွဲညီညီ ခြေစွမ်းပြနေခဲ့တာပါ။

ဇန်နဝါရီလမှာ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိမှုနဲ့ အတူ ပေါ်တူဂီသားရဲ့ ထောက်ပံ့မှုတွေနဲ့ မာရှယ်ရဲ့ခြေစွမ်းကလည်း အကောင်းဘက်ကို ပိုမိုဦးတည်လာခဲ့ပါတယ်။ အခုတော့ မာရှယ်က သူ့အနေနဲ့ အကောင်းဆုံးဖြစ်ဖို့ သက်သေပြသွားမယ်လို့ ဆိုခဲ့ပါတယ်။

” အခုဆို ကျွန်တော် အသင်းကိုရောက်တာ ၅ နှစ်လောက် ရှိပါပြီ။ ဟိုးတုန်းကတော့ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်လေးဖြစ်ပေမယ့် အခုတော့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုတွေ ရှိလာခဲ့ပါပြီ။ အခုကတော့ သက်သေပြရတော့မယ့်အချိန်ပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ကျွန်တော်လည်း ပါဝင်တယ်ဆိုတဲ့အကြောင်း ကျွန်တော် သက်သေပြသွားပါမယ်။ ” လို့ မာရှယ်က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ မာရှယ်ဟာ အသင်းအတွက် ပွဲ ၂၀၀ ဝန်းကျင် ကစားပေးထားပြီး ပြိုင်ပွဲစုံလည်း ဂိုး ၆၀ နီးပါး သွင်းထားခဲ့ပါတယ်။

အသက် ၂၄ နှစ်ပဲ ရှိနေသေးတဲ့ ပြင်သစ်သား တိုက်စစ်သမား မာရှယ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ယူနိုက်တက်ထံ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က ယူနိုက်တက်နည်းပြဟာ ဗန်ဂါးလ်ဖြစ်ပြီး သူဟာ အသက် ၁၉ နှစ်သာ ရှိနေသေးတဲ့ မာရှယ်ကို ပေါင် ၃၆ သန်းထိ သုံးကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ကေတာ့ သူ႔အေနနဲ႔ ယူနိုက္တက္နဲ႕ အတူ အေကာင္းဆုံးေျခစြမ္းကို ျပသဖို႔ စိတ္ကူးေနၿပီး အဲ့ဒီလိုျဖစ္ဖို႔လည္း ႀကိဳးစားသြားမယ္လို႔ ဆိုခဲ့ပါတယ္။ မာရွယ္က သူ႔အေနနဲ႔ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသြားမယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာပါ။

ျပင္သစ္သားဟာ စေရာက္စက ေျခစြမ္းျပခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေျခစြမ္း တိမ္ျမဳပ္လာခဲ့တာ ျဖစ္ကာ လက္ရွိရာသီမွာေတာ့ မာရွယ္ဟာ ေက်ာနံပါတ္ ၉ ကို ျပန္လည္ဝတ္ဆင္ႏိုင္ၿပီျဖစ္သလို ေျခစြမ္းေကာင္းေတြလည္း ျပသေနပါတယ္။ ယူနိုက္တက္ တိုက္စစ္မွာ သူနဲ႔ ရက္ဖိုဒ့္တိုက္စစ္အတြဲဟာ ျမန္ႏႈန္း ၊ စေကးပိုင္းနဲ႔ အတြဲညီညီ ေျခစြမ္းျပေနခဲ့တာပါ။

ဇန္န၀ါရီလမွာ ဘ႐ူႏိုဖာနန္ဒက္စ္ေရာက္ရွိမႈနဲ႔ အတူ ေပၚတူဂီသားရဲ႕ ေထာက္ပံ့မႈေတြနဲ႕ မာရွယ္ရဲ႕ေျခစြမ္းကလည္း အေကာင္းဘက္ကို ပိုမိုဦးတည္လာခဲ့ပါတယ္။ အခုေတာ့ မာရွယ္က သူ႔အေနနဲ႔ အေကာင္းဆုံးျဖစ္ဖို႔ သက္ေသျပသြားမယ္လို႔ ဆိုခဲ့ပါတယ္။

” အခုဆို ကြၽန္ေတာ္ အသင္းကိုေရာက္တာ ၅ ႏွစ္ေလာက္ ရွိပါၿပီ။ ဟိုးတုန္းကေတာ့ အေတြ႕အႀကဳံႏုနယ္ေသးတဲ့ လူငယ္ေလးျဖစ္ေပမယ့္ အခုေတာ့ အေတြ႕အႀကဳံနဲ႔ ရင့္က်က္မႈေတြ ရွိလာခဲ့ပါၿပီ။ အခုကေတာ့ သက္ေသျပရေတာ့မယ့္အခ်ိန္ပါ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲမွာ ကြၽန္ေတာ္လည္း ပါဝင္တယ္ဆိုတဲ့အေၾကာင္း ကြၽန္ေတာ္ သက္ေသျပသြားပါမယ္။ ” လို႔ မာရွယ္က ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာေတာ့ မာရွယ္ဟာ အသင္းအတြက္ ပြဲ ၂၀၀ ဝန္းက်င္ ကစားေပးထားၿပီး ၿပိဳင္ပြဲစုံလည္း ဂိုး ၆၀ နီးပါး သြင္းထားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္ပဲ ရွိေနေသးတဲ့ ျပင္သစ္သား တိုက္စစ္သမား မာရွယ္ဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က ယူနိုက္တက္ထံ ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။ ထိုစဥ္က ယူနိုက္တက္နည္းျပဟာ ဗန္ဂါးလ္ျဖစ္ၿပီး သူဟာ အသက္ ၁၉ ႏွစ္သာ ရွိေနေသးတဲ့ မာရွယ္ကို ေပါင္ ၃၆ သန္းထိ သံုးကာ ေခၚယူခဲ့တာ ျဖစ္ပါတယ္။