ဒီနွေမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ဖို့များနေတဲ့ ယူနိုက်တက် အသင်းသားများ
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်အပြောင်းအရွှေ့မှာ နောက်ထပ် ကစားသမား ၃ ဦးလောက် ခေါ်ယူအားဖြည့်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက အခိုင်အမာ ဆိုပါတယ်။ ဒီအတွက် အခြားတစ်ဖက်မှာလည်း ယူနိုက်တက်မှာ မလိုအပ်တဲ့ ကစားသမားတွေက ပိုများလာပြီး အသင်းရဲ့လစာငွေကလည်း များပြားလာပါတယ်။
ဒါကြောင့်ပဲ ယူနိုက်တက် ဟာ ကစားသမားတချို့ကို ပြန်ရောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပြီး ထွက်ခွာသွားဖွယ် ရှိတဲ့ ကစားသမားတွေကို သုံးသပ်လာကြပါတယ်။
လင်ဂတ်
လင်ဂတ်အပေါ် အသင်းကရော ပရိသတ်တွေကပါ စိတ်ရှည်မှု ကုန်ဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး အသင်းကို ချစ်ခင်သူဖြစ်ပေမယ့် သူ့ခြေစွမ်းကတော့ တန့်သွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ စပိန်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပေါ့ဘာ
အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့ ကစားသမားပါ။ သူ မန်ယူကနေ ထွက်ချင်နေပြီလို့ သူနဲ့ နီးစပ်သူ တွေကလည်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားတာပါ။ သတင်းတွေအရ ဂျူဗင်တပ်အသင်းက ရာဘီယော့ ကို အလိုက်ပေးပြီး သူ့ကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ထိန်းမရရင် ပေါ့ဘာကို ပြန်ရောင်းဖွယ် ရှိနေပါတယ်။
ပါရဲရား
တစ်ချိန်တုန်းကတော့ သူနဲ့ ဖရက်ဒ်ဟာ ယူနိုက်တက် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံရလေ့ရှိသူပါ။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ ဖရက်ဒ်က ကောင်းမွန်တဲ့ခြေစွမ်းကို ပြသလာနိုင်ခဲ့ပြီး အသင်းအတွက် နေရာတစ်ခုကို ပြန်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပါရဲရားကတော့ အရင်လို ရုန်းကန်နေရဆဲပါပဲ။ ယူနိုက်တက် ကွင်းလယ်မှာ အားဖြည့်မှုတွေလုပ်နေတာမို့ သူ့ကိုရောင်းဖို့က သေချာသလောက် ရှိနေပါတယ်။
တာဟစ်ချောင်
အသင်းရဲ့အလားအလာရှိတဲ့ လူငယ်ကစားသမားလေးပါ။ ဒါပေမဲ့ ပုံမှန်ပွဲထွက်ခွင့်နည်းပါးနေတဲ့အတွက် အသင်းပြောင်းချင်နေတယ်လို့ သတင်းတွေ ထွက်နေပြီး သူ့အပေါ် ထိပ်တန်းအသင်းတွေကလည်း စိတ်ဝင်စားနေကြ ပါတယ်။
ဖီးဂျုံးလ်
လက်ရှိမှာတော့ ဖီးဂျုံးလ်အတွက် အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့က ပိုမိုနည်းပါးသွားပြီ ဖြစ်ပါတယ်။ မက်ဂွဲရား ရောက်ရှိမှုနဲ့ အတူ သူ့အပေါ် ပရိသတ်တွေရဲ့ စိတ်ရှည်မှုကလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေအရ ဒီနှစ်ရာသီမှာ သူဟာ အသင်းပြောင်းဖို့ အနီးစပ်ဆုံးသူဖြစ်တယ်လို့ သိရပါတယ်။
ဘိုင်လီ
ခြေစွမ်းကောင်းမွန်သူဖြစ်ပြီး ပရိသတ်တွေ နှစ်သက်သဘောကျသူပါ။ ဒါပေမဲ့ အကြီးစားဒဏ်ရာရပြီးနောက် သူဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။ လက်ရှိမှာ ယူနိုက်တက် ကလည်း ဈေးကွက်ထဲမှာ နောက်ခံလူတွေ ရှာဖွေနေသလို တွမ်ဇီဘီလို လူငယ်ခြေတက် ကစားသမားလေးကလည်း ရှိနေပါတယ်။ ဘိုင်လီကလည်း အိုးထရက်ဖို့ဒ်ကို စွန့်သွားနိုင်ခြေ ရှိနေပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္အေျပာင္းအေရႊ႕မွာ ေနာက္ထပ္ ကစားသမား ၃ ဦးေလာက္ ေခၚယူအားျဖည့္ဖို႔ ႀကိဳးစားေနတယ္လို႔ သတင္းေတြက အခိုင္အမာ ဆိုပါတယ္။ ဒီအတြက္ အျခားတစ္ဖက္မွာလည္း ယူနိုက္တက္မွာ မလိုအပ္တဲ့ ကစားသမားေတြက ပိုမ်ားလာၿပီး အသင္းရဲ႕လစာေငြကလည္း မ်ားျပားလာပါတယ္။
ဒါေၾကာင့္ပဲ ယူနိုက္တက္ ဟာ ကစားသမားတခ်ိဳ႕ကို ျပန္ေရာင္းဖြယ္ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပလာခဲ့ၾကၿပီး ထြက္ခြာသြားဖြယ္ ရွိတဲ့ ကစားသမားေတြကို သံုးသပ္လာၾကပါတယ္။
လင္ဂတ္
လင္ဂတ္အေပၚ အသင္းကေရာ ပရိသတ္ေတြကပါ စိတ္ရွည္မႈ ကုန္ဆုံးသြားၿပီျဖစ္တယ္လို႔ သိရပါတယ္။ အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္ၿပီး အသင္းကို ခ်စ္ခင္သူျဖစ္ေပမယ့္ သူ႔ေျခစြမ္းကေတာ့ တန္႔သြားၿပီ ျဖစ္ပါတယ္။ လက္ရွိမွာ စပိန္အသင္းေတြနဲ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
ေပါ့ဘာ
အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ေပၚေလ့ရွိတဲ့ ကစားသမားပါ။ သူ မန္ယူကေန ထြက္ခ်င္ေနၿပီလို႔ သူနဲ႔ နီးစပ္သူ ေတြကလည္း အႀကိမ္ႀကိမ္ ထုတ္ေဖာ္ေျပာဆိုထားတာပါ။ သတင္းေတြအရ ဂ်ဴဗင္တပ္အသင္းက ရာဘီေယာ့ ကို အလိုက္ေပးၿပီး သူ႔ကိုေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ယူနိုက္တက္ဟာ ထိန္းမရရင္ ေပါ့ဘာကို ျပန္ေရာင္းဖြယ္ ရွိေနပါတယ္။
ပါရဲရား
တစ္ခ်ိန္တုန္းကေတာ့ သူနဲ႔ ဖရက္ဒ္ဟာ ယူနိုက္တက္ ပရိသတ္ေတြရဲ႕ေဝဖန္မႈကို ခံရေလ့ရွိသူပါ။ ဒါေပမဲ့ ေနာက္ပိုင္း မွာေတာ့ ဖရက္ဒ္က ေကာင္းမြန္တဲ့ေျခစြမ္းကို ျပသလာႏိုင္ခဲ့ၿပီး အသင္းအတြက္ ေနရာတစ္ခုကို ျပန္ယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ပါရဲရားကေတာ့ အရင္လို ႐ုန္းကန္ေနရဆဲပါပဲ။ ယူနိုက္တက္ ကြင္းလယ္မွာ အားျဖည့္မႈေတြလုပ္ေနတာမို႔ သူ႔ကိုေရာင္းဖို႔က ေသခ်ာသေလာက္ ရွိေနပါတယ္။
တာဟစ္ေခ်ာင္
အသင္းရဲ႕အလားအလာရွိတဲ့ လူငယ္ကစားသမားေလးပါ။ ဒါေပမဲ့ ပုံမွန္ပြဲထြက္ခြင့္နည္းပါးေနတဲ့အတြက္ အသင္းေျပာင္းခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေနၿပီး သူ႔အေပၚ ထိပ္တန္းအသင္းေတြကလည္း စိတ္ဝင္စားေနၾက ပါတယ္။
ဖီးဂ်ဳံးလ္
လက္ရွိမွာေတာ့ ဖီးဂ်ဳံးလ္အတြက္ အသင္းမွာ ပြဲထြက္ကစားခြင့္ရဖို႔က ပိုမိုနည္းပါးသြားၿပီ ျဖစ္ပါတယ္။ မက္ဂြဲရား ေရာက္ရွိမႈနဲ႔ အတူ သူ႔အေပၚ ပရိသတ္ေတြရဲ႕ စိတ္ရွည္မႈကလည္း ကုန္ဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။ သတင္းေတြအရ ဒီႏွစ္ရာသီမွာ သူဟာ အသင္းေျပာင္းဖို႔ အနီးစပ္ဆုံးသူျဖစ္တယ္လို႔ သိရပါတယ္။
ဘိုင္လီ
ေျခစြမ္းေကာင္းမြန္သူျဖစ္ၿပီး ပရိသတ္ေတြ ႏွစ္သက္သေဘာက်သူပါ။ ဒါေပမဲ့ အႀကီးစားဒဏ္ရာရၿပီးေနာက္ သူဟာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတာပါ။ လက္ရွိမွာ ယူနိုက္တက္ ကလည္း ေဈးကြက္ထဲမွာ ေနာက္ခံလူေတြ ရွာေဖြေနသလို တြမ္ဇီဘီလို လူငယ္ေျခတက္ ကစားသမားေလးကလည္း ရွိေနပါတယ္။ ဘိုင္လီကလည္း အိုးထရက္ဖို႔ဒ္ကို စြန္႔သြားႏိုင္ေျခ ရွိေနပါတယ္။