ဒေါ့မွန်ထံ လူငယ်ကြယ်ပွင့်တစ်ဦး ထပ်မံလက်လွှတ်ရဦးမယ့် ယူနိုက်တက်

ယူနိုက်တက် ချိတ်ဆက်ထားတဲ့ ဘာမင်ဂမ်စီးတီး အသင်း လူငယ် ကြယ်ပွင့် ကစားသမား ဘယ်လင်ဟန် ဟာ မန်ချက်စတာ ကလပ်ထက် ဘွန်ဒစ်လီဂါမှ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့ဖို့ကို ပိုမို စိတ်အားထက်သန်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီလို့ သိရပါတယ်။

ဒေါ့မွန်ကလည်း ဘယ်လင်ဟန် အတွက် ဘာမင်ဂမ်အသင်းတောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးချေဖို့ သဘောတူခဲ့တယ်လို့ ဂျာမနီ သတင်းတွေက ဖော်ပြထားပါတယ်။

ဒီရာသီ ချန်ပီယံရှစ်မှာ ဘယ်လင်ဟန် က အသက် ၁၆ နှစ်သား တစ်ဦးအနေနဲ့ ဘာမင်ဂမ်အတွက် ပါဝင်ကစားခွင့်ရရှိနေခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သူနဲ့ ဘာမင်ဂမ်တို့ရဲ့ လက်ရှိစာချုပ်ကတော့ နောက်နှစ်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာမင်ဂမ်က သူ့အတွက် အနည်းဆုံး ပေါင် သန်း ၂၀ အထိ ရယူလိုတယ်လို့ သတ်မှတ်ထား ပါတယ်။

ဘယ်လင်ဟန် ကို ရရှိဖို့အတွက် ယူနိုက်တက်ဟာ ကာလရှည်ကြိုးပမ်းနေခဲ့ပြီး ကစားသမားကိုလည်း အသင်းလေ့ကျင့်ကွင်းဆီ ဖိတ်ခေါ်မှု ပြုလုပ်ခဲ့ပါတယ်။ ဘယ်လင်ဟန် နဲ့ အတူ သူ့ရဲ့မိသားစုပါ လိုက်ပါလာခဲ့ပြီးနောက်မှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ သေချာသလောက်ရှိနေပြီလို့ သတင်းတွေထွက်နေပေမယ့် နောက်ဆုံးမှာ ကစားသမားက စိတ်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်အနေနဲ့ ယခင် ပစ်မှတ် ကြယ်ပွင့် ကစားမသား ဟာလန်းကို လက်လွှတ်ခဲ့ရသလိုမျိုးပဲ ဘယ်လင်ဟန် ကိုပါ ဒေါ့မွန်ဆီ လက်လွှတ်ရဦးမယ့်ကိန်း ဆိုက်နေပြီဖြစ်ပါတယ်။

ဘယ်လင်ဟန် ဖခင်ဖြစ်သူကလည်း ယူနိုက်တက် ထက် ဒေါ့မွန်က သားဖြစ်သူရဲ့ ကစားသမားဘဝကို ပိုမို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပြီး ဂျေဒန်ဆန်ချိုရဲ့ အောင်မြင်နေတဲ့နည်းလမ်းကို အတုယူဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။

Zawgyi – ယူနိုက္တက္ ခ်ိတ္ဆက္ထားတဲ့ ဘာမင္ဂမ္စီးတီး အသင္း လူငယ္ ၾကယ္ပြင့္ ကစားသမား ဘယ္လင္ဟန္ ဟာ မန္ခ်က္စတာ ကလပ္ထက္ ဘြန္ဒစ္လီဂါမွ ေဒါ့မြန္အသင္းထံကို ေျပာင္းေ႐ႊ႕ဖို႔ကို ပိုမို စိတ္အားထက္သန္ေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကမ္းလွမး္မႈကို ျငင္းဆန္လိုက္ၿပီလို႔ သိရပါတယ္။

ေဒါ့မြန္ကလည္း ဘယ္လင္ဟန္ အတြက္ ဘာမင္ဂမ္အသင္းေတာင္းဆိုမယ့္ ေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ဖို႔ သေဘာတူခဲ့တယ္လို႔ ဂ်ာမနီ သတင္းေတြက ေဖာ္ျပထားပါတယ္။

ဒီရာသီ ခ်န္ပီယံရွစ္မွာ ဘယ္လင္ဟန္ က အသက္ ၁၆ ႏွစ္သား တစ္ဦးအေနနဲ႔ ဘာမင္ဂမ္အတြက္ ပါဝင္ကစားခြင့္ရရွိေနခဲ့ၿပီး သြင္းဂိုး ၄ ဂိုးနဲ႔ ဖန္တီးမႈ ၃ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ သူနဲ႔ ဘာမင္ဂမ္တို႔ရဲ႕ လက္ရွိစာခ်ဳပ္ကေတာ့ ေနာက္ႏွစ္ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး ဘာမင္ဂမ္က သူ႔အတြက္ အနည္းဆုံး ေပါင္ သန္း ၂၀ အထိ ရယူလိုတယ္လို႔ သတ္မွတ္ထား ပါတယ္။

ဘယ္လင္ဟန္ ကို ရရွိဖို႔အတြက္ ယူႏိုက္တက္ဟာ ကာလရွည္ႀကိဳးပမ္းေနခဲ့ၿပီး ကစားသမားကိုလည္း အသင္းေလ့က်င့္ကြင္းဆီ ဖိတ္ေခၚမႈ ျပဳလုပ္ခဲ့ပါတယ္။ ဘယ္လင္ဟန္ နဲ႔ အတူ သူ႔ရဲ႕မိသားစုပါ လိုက္ပါလာခဲ့ၿပီးေနာက္မွာ အေျပာင္းအေ႐ႊ႕ျဖစ္ေပၚလာဖို႔ ေသခ်ာသေလာက္ရွိေနၿပီလို႔ သတင္းေတြထြက္ေနေပမယ့္ ေနာက္ဆံုးမွာ ကစားသမားက စိတ္ေျပာင္းသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ယခင္ ပစ္မွတ္ ၾကယ္ပြင့္ ကစားမသား ဟာလန္းကို လက္လႊတ္ခဲ့ရသလိုမ်ိဳးပဲ ဘယ္လင္ဟန္ ကိုပါ ေဒါ့မြန္ဆီ လက္လႊတ္ရဦးမယ့္ကိန္း ဆိုက္ေနၿပီျဖစ္ပါတယ္။

ဘယ္လင္ဟန္ ဖခင္ျဖစ္သူကလည္း ယူနိုက္တက္ ထက္ ေဒါ့မြန္က သားျဖစ္သူရဲ႕ ကစားသမားဘဝကို ပိုမို ျမႇင့္တင္ေပးႏိုင္မယ္လို႔ ယုံၾကည္ေနၿပီး ေဂ်ဒန္ဆန္ခ်ိဳရဲ႕ ေအာင္ျမင္ေနတဲ့နည္းလမ္းကို အတုယူဖို႔ တိုက္တြန္းေနေၾကာင္း သိရပါတယ္။