ဆိုးရှားအတွက် ယူနိုက်တက် ပြင်ထားတဲ့ မက်လောက်စရာ အပြောင်းအရွှေ့ အသုံးစရိတ်

အကြပ်အတည်း ကာလဖြစ်နေပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ဆိုးရှားကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သုံးစွဲဖို့ အတွက် အပြောင်းအရွှေ့ ယူရို သန်း ၃၀၀ အထိ စီစဉ်ပေးထားတယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ အပါအဝင် ဘောလုံး ကလပ်အသင်းတွေတိုင်း လိုလို အသုံးစရိတ် အခက်တွေ့နေပေမယ့် ယူနိုက်တက်ကတော့ ဆိုးရှား အတွက် ပံ့ပိုးမှု အပြည့် စီစဉ်နေပါတယ်။

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Bild ရဲ့ ပင်တိုင် သတင်းထောက် တစ်ဦးဖြစ်တဲ့ Christian Falk က ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေ ဟာ လာမယ့် နွေရာသီမှာ အသင်းကို အင်အားများစွာ ဖြည့်တင်းဖို့အတွက် စဉ်းစားထားကြပြီး အပြောင်းအရွှေ့ အသုံးစရိတ် ကို ယူရို သန်း ၃၀၀အထိ ချမှတ်ပေးထားကြောင်း ထုတ်ဖော်လိုက်ပါတယ်။

၎င်း အဆိုအရတော့ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ အခန်းကဏ္ဍကို တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ် လို့ သိရကာ အသင်းရဲ့ပစ်မှတ် ကစားသမားတွေ အကုန်လုံးကိုသာ ရခဲ့ပါက အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် သတ်မှတ်ထားတဲ့ ယူရို သန်း ၃၀၀ လုံး ကို အကုန်အစင် အသုံးချသွားမယ်လို့ သိထားရပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ အတော်လေး ကြိုးပမ်းနေပြီး ဒေါ့မွန်အသင်းဘက်ကလည်း ဆန်ချိုကို ယူရို သန်း ၁၀၀ ကျော်ကျော် ရရှိရင့် ရောင်းချဖို့ ရှိနေပါတယ်။

မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက် ဟာ ဆန်ချိုအပြင် လေဗာကူဆင် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဟာဗက်ဇ်၊ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရေးလစ်ချ် ၊ အေဂျက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။

Zawgyi – အၾကပ္အတည္း ကာလျဖစ္ေနေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ နည္းျပ ဆိုးရွားကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သုံးစြဲဖို႔ အတြက္ အေျပာင္းအေ႐ႊ႕ ယူ႐ို သန္း ၃၀၀ အထိ စီစဥ္ေပးထားတယ္လို႔ သိရွိရပါတယ္။

ပရီးမီးယားလိဂ္ ကလပ္ေတြ အပါအ၀င္ ေဘာလံုး ကလပ္အသင္းေတြတိုင္း လိုလို အသံုးစရိတ္ အခက္ေတြ႔ေနေပမယ့္ ယူနိုက္တက္ကေတာ့ ဆုိးရွား အတြက္ ပံ့ပိုးမႈ အျပည့္ စီစဥ္ေနပါတယ္။

နာမည္ႀကီး သတင္းဌာနတစ္ခု ျဖစ္တဲ့ Bild ရဲ႕ ပင္တိုင္ သတင္းေထာက္ တစ္ဦးျဖစ္တဲ့ Christian Falk က ယူနိုက္တက္ ဘုတ္အဖြဲ႕ဝင္ေတြ ဟာ လာမယ့္ ေႏြရာသီမွာ အသင္းကို အင္အားမ်ားစြာ ျဖည့္တင္းဖို႔အတြက္ စဥ္းစားထားၾကၿပီး အေျပာင္းအေ႐ႊ႕ အသုံးစရိတ္ ကို ယူ႐ို သန္း ၃၀၀အထိ ခ်မွတ္ေပးထားေၾကာင္း ထုတ္ေဖာ္လိုက္ပါတယ္။

၄င္း အဆိုအရေတာ့ ယူနိုက္တက္ဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သူတို႔အသင္းရဲ႕ အားနည္းခ်က္တစ္ခုလို ျဖစ္ေနတဲ့ ညာေတာင္ပံ အခန္းက႑ကို တိုးျမႇင့္ဖို႔ လုပ္ေဆာင္ေနတယ္ လို႔ သိရကာ အသင္းရဲ႕ပစ္မွတ္ ကစားသမားေတြ အကုန္လုံးကိုသာ ရခဲ့ပါက အေျပာင္းအေ႐ႊ႕ အသုံးစရိတ္အျဖစ္ သတ္မွတ္ထားတဲ့ ယူ႐ို သန္း ၃၀၀ လံုး ကို အကုန္အစင္ အသုံးခ်သြားမယ္လို႔ သိထားရပါတယ္။

လက္ရွိမွာေတာ့ ယူနိုက္တက္ဟာ ေဒါ့မြန္ အသင္းရဲ႕ လူငယ္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို အၿပီးသတ္ ေခၚယူဖို႔ အေတာ္ေလး ႀကိဳးပမ္းေနၿပီး ေဒါ့မြန္အသင္းဘက္ကလည္း ဆန္ခ်ိဳကို ယူ႐ို သန္း ၁၀၀ ေက်ာ္ေက်ာ္ ရရွိရင္႔ ေရာင္းခ်ဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ ယူနိုက္တက္ ဟာ ဆန္ခ်ိဳအျပင္ ေလဗာကူဆင္ အသင္းရဲ႕ ကြင္းလယ္ တိုက္စစ္ ကစားသမား ဟာဗက္ဇ္၊ အက္စ္တြန္ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္ ဂေရးလစ္ခ်္ ၊ ေအဂ်က္အသင္းရဲ႕ ကြင္းလယ္လူ ဗန္ဒီဘိခ္တို႔ကို ေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔ သိရွိရပါတယ္။