ယူနိုက်တက်ထံက ရာသီကုန်မှာ ဆုကြေးဘောနပ်စ် တစ်သန်းထိ ဆိုးရှား ရဖွယ်ရှိနေ
မန်ချက်စတာ ယူနိုက်တက်အသင်းကို လက်ကျန်ပွဲတွေ အတွက် အားကုန်ရုန်းပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာရရှိအောင် စွမ်းဆောင် ပေးနိုင်မယ်ဆိုပါက နည်းပြ ဆိုးရှားဟာ ဆုကြေး ဘောနပ်စ် ပေါင် တစ်သန်းထိ ရရှိဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ အဆင့် ၅ နေရာမှာရှိနေပြီး အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၃ မှတ် သာ ကွာနေပါတယ်။
ဘောလုံးရာသီ အစမှာ ယူနိုက်တက်က ခြေစွမ်းနဲ့ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ဘောလုံးရာသီစ ရလဒ်တွေပါ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီဝက်ပြီးနောက် ပုံစံကောင်းများ ပြန်ရလာခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် နေရာအတွက် မျှော်မှန်းခွင့် ရလာပြီ ဖြစ်ပါတယ်။
မနှစ်က ဒီဇင်ဘာလအတွင်းမှာ ဆိုးရှားက နည်းပြဟောင်း မော်ရင်ဟိုနေရာအစားဝင်လာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကုန်မှာ ယူနိုက်တက်က အဆင့် ၆ နေရာသာ ရရှိခဲ့ပါတယ်။
လာမယ့် သီတင်းပတ် ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည် စတင်ချိန်မှာ ယူနိုက်တက်က ပွဲဦးထွက် အဖြစ် စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ရှက်ဖီးကို အိမ်ကွင်း၊ ဘရိုက်တန်ကို အဝေးကွင်းတို့မှာ ဆက်လက်ကစားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် နေရာအတွက် စပါး၊ ရှက်ဖီးတို့ကလည်း မျှော်လင့်ချက်ရှိနေတာကြောင့် ယူနိုက်တက်အတွက်တော့ ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ပြီး နည်းပြ ဆိုးရှားအတွက် စိန်ခေါ်မှုကောင်း ပွဲကောင်းတွေ ဖြစ်ပါတယ်။ ရာသီကုန်မှာ ဆိုးရှား အနေနဲ့ ဘောနပ်စ် ပေါင် တစ်သန်း ပိုက်သွားနိုင်မလားက ရင်ခုန်စရာ ဖြစ်နေပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္အသင္းကို လက္က်န္ပြဲေတြ အတြက္ အားကုန္ရုန္းျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ တစ္ေနရာရရွိေအာင္ စြမ္းေဆာင္ ေပးႏိုင္မယ္ဆိုပါက နည္းျပ ဆိုးရွားဟာ ဆုေၾကး ေဘာနပ္စ္ ေပါင္ တစ္သန္းထိ ရရွိဖို႔ ရွိေနပါတယ္။ လက္ရွိမွာေတာ့ ယူႏိုက္တက္ဟာ အဆင့္ ၅ ေနရာမွာရွိေနၿပီး အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ ၃ မွတ္ သာ ကြာေနပါတယ္။
ေဘာလံုးရာသီ အစမွာ ယူနိုက္တက္က ေျခစြမ္းနဲ႕ ရလဒ္ပိုင္း မတည္ျငိမ္မႈေတြ ရွိေနခဲ့ျပီး နွစ္ေပါင္း ၃၀ အတြင္း အဆိုးဝါးဆုံး ေဘာလုံးရာသီစ ရလဒ္ေတြပါ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ရာသီ၀က္ျပီးေနာက္ ပံုစံေကာင္းမ်ား ျပန္ရလာခဲ့ကာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေနရာအတြက္ ေမွ်ာ္မွန္းခြင့္ ရလာျပီ ျဖစ္ပါတယ္။
မနွစ္က ဒီဇင္ဘာလအတြင္းမွာ ဆိုးရွားက နည္းျပေဟာင္း ေမာ္ရင္ဟိုေနရာအစားဝင္လာခဲ့ၿပီး ျပီးခဲ့တဲ့ ရာသီကုန္မွာ ယူႏိုက္တက္က အဆင့္ ၆ ေနရာသာ ရရွိခဲ့ပါတယ္။
လာမယ့္ သီတင္းပတ္ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္ စတင္ခ်ိန္မွာ ယူနိုက္တက္က ပဲြဦးထြက္ အျဖစ္ စပါးနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ရွက္ဖီးကို အိမ္ကြင္း၊ ဘ႐ိုက္တန္ကို အေဝးကြင္းတို႔မွာ ဆက္လက္ကစားရမွာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ ဝင္ခြင့္ ေနရာအတြက္ စပါး၊ ရွက္ဖီးတို႔ကလည္း ေမွ်ာ္လင့္ခ်က္ရွိေနတာေၾကာင့္ ယူႏိုက္တက္အတြက္ေတာ့ ခက္ခဲတဲ့ပြဲစဥ္ေတြျဖစ္ၿပီး နည္းျပ ဆိုးရွားအတြက္ စိန္ေခၚမႈေကာင္း ပြဲေကာင္းေတြ ျဖစ္ပါတယ္။ ရာသီကုန္မွာ ဆိုးရွား အေနနဲ႕ ေဘာနပ္စ္ ေပါင္ တစ္သန္း ပိုက္သြားနိုင္မလားက ရင္ခုန္စရာ ျဖစ္ေနပါတယ္။