ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်းတွေ အပေါ် တုန့်ပြန်လာတဲ့ ဆောလ်နီဂွက်
အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ခံစစ်သမား ဆောလ်နီဂွက်ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် မက်ဒရစ်က သူ့အိမ်လို ဖြစ်နေဆဲလို့ဆိုပြီး တခြားဘယ်ကလပ်နဲ့မှ စကားပြောဆိုမှု မလုပ်ထားဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ဆောလ်ဟာ ၂၀၁၇ မှာ အက်သလက်တီကို နဲ့ စာချုပ် သက်တမ်းတိုးခဲ့ပေမယ့် မက်ဒရစ်မှာ စပိန်သားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ က မရပ်တန့်ခဲ့တာပါ။ မန်ချက်စတာ ယူနိူက်တက်ဟာ အေတီကို ကွင်းလယ်နဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် ဆောလ်က မီဒီယာတွေ ပြောနေတာတွေကို နားမလည်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
” အင်စတာဂရမ်နဲ့ သတင်းစာတွေမှာ ကျွန်တော် သတင်းတွေ တွေ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်ကလပ်ဆီကမှ ဘာမှ မကြားရခဲ့ပါဘူး၊ ဒီရာသီမှာ အဆင့်လေး အတွင်းဝင်ပြီး ရာသီသိမ်းနိူင်ဖို့ပဲ အာရုံစိုက်ထားပါတယ်၊ ကျွန်တော့်မှာ ကာလရှည် စာချုပ်ရှိတယ်၊ ဒီမှာနေရတာ ဘာပြဿနာမှ မရှိပါဘူး၊ ဒါက ကျွန်တော့်အိမ်ပါပဲ။
လူတွေက ‘အရှေ့ထွက်လာပြီး ဒါကိုငြင်းလိုက်ပါလား’ လို့ ပြောကြတယ်၊ ဒါပေမယ့် ငြင်းလိုက်ပြီးမှ တခုခုဖြစ်သွားရင် မကောင်းဘူးလေ၊ ကျွန်တော်က ဘောလုံးပဲ ဆက်ကစားချင်တာပါ၊ အက်သလက်တီကိုနဲ့အတူ ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ပဲ အာရုံစိုက်ထားပါတယ်” လို့ ဆောလ်က ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားတွေ အဖြစ် သတင်းထွက်နေတဲ့ ကစားသမားတွေ အများအပြား ရှိနေပြီး ထိုထဲမှာ ဆောလ် နီဂွက်လည်း အပါအဝင် ဖြစ်နေတာပါ။
Zawgyi – အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ခံစစ်သမား ဆောလ်နီဂွက်ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် မက်ဒရစ်က သူ့အိမ်လို ဖြစ်နေဆဲလို့ဆိုပြီး တခြားဘယ်ကလပ်နဲ့မှ စကားပြောဆိုမှု မလုပ်ထားဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
” အင်စတာဂရမ်နဲ့ သတင်းစာတွေမှာ ကျွန်တော် သတင်းတွေ တွေ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်ကလပ်ဆီကမှ ဘာမှ မကြားရခဲ့ပါဘူး၊ ဒီရာသီမှာ အဆင့်လေး အတွင်းဝင်ပြီး ရာသီသိမ်းနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်၊ ကျွန်တော့်မှာ ကာလရှည် စာချုပ်ရှိတယ်၊ ဒီမှာနေရတာ ဘာပြဿနာမှ မရှိပါဘူး၊ ဒါက ကျွန်တော့်အိမ်ပါပဲ။