ဒီရာသီ ဂိုး ၃၀ သွင်းထားတဲ့ လာဇီယိုတိုက်စစ်မှူး ကို ယူနိုက်တက် မျက်စိကျနေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းအတွက် ပုံစံကောင်းပြနေတဲ့ တိုက်စစ်မှူး အီမိုဘီလီ ကို ဒီနွေရာသီမှာ ခေါ်ယူချင် နေတယ် လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၃၀ အရွယ်ကစားသမား ဟာ လာဇီယိုအသင်းအတွက် ဒီနှစ်ဘောလုံးရာသီ၌ စီးရီးအေ၊ ကိုပါ အီတလီယာဖလား၊ ယူရိုပါလိဂ် နဲ့ အီတလီ စူပါဖလားပွဲတွေမှာ ၃၃ ပွဲကစားထားပြီး ဂိုး ၃၀ သွင်းပေးထားသူဖြစ်ပါတယ်။
သူ့ရဲ့ ဂိုးသွင်းနှုန်းကို အိုးထရက်ဖိုဒ့်က အကြီးအကဲတွေက သတိပြုမိနေပြီး လာမယ့်လ အတွင်းမှာ ခေါ်ယူရန် မျက်စိကျနေတယ်လို့ သိရပါတယ်။ လီဗာပူးလ် နဲ့ နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့ အင်မိုဘီလီဟာ ဒီနှစ် စီးရီးအေမှာလည်း ၂၇ ဂိုး သွင်းထားပြီး ဂိုးအများဆုံး သွင်းထားသူဖြစ်ပါတယ်။
အီတလီ လက်ရွေးစင်ကစားသမားဟာ လာဇီယိုအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပြီး တန်ကြေး ဘယ်လောက်ဆိုတာ မသတ်မှတ်ထားပါဘူး။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက တိုက်စစ်မှူး လူကာကူ ကို အင်တာမီလန်အသင်းကို ရောင်းချခဲ့တာကြောင့် လာမယ့် အပြောင်းအရွှေ့ တွေမှာ နောက်ထပ် တိုက်စစ်မှူး တစ်ယောက်ကို ရှာဖွေနေပြီး အီမိုဘီလီက ပစ်မှတ်ထားနေတဲ့ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
တိုက်စစ် ကစားသမားဟာ ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ် နဲ့ အန်ဖီးလ်မှာ ပြန်လည် လက်တွဲမယ်လို့ သတင်းထွက်နေပြီး ၎င်းရဲ့ ဇာတိမြေမှ နာပိုလီအသင်းကလည်း ခေါ်ယူရန် စဉ်းစားနေတာပါ။ သို့သော်လည်း အီမိုဘီလီဟာ လာဇီယိုအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် အတွက်ကိုပဲ အာရုံစိုက်နေတယ်လို့လည်း သိရပါတယ်။
Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လာဇီယိုအသင္းအတြက္ ပံုစံေကာင္းျပေနတဲ့ တိုက္စစ္မွဴး အီမိုဘီလီ ကို ဒီေႏြရာသီမွာ ေခၚယူခ်င္ ေနတယ္ လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။
အသက္ ၃၀ အရြယ္ကစားသမား ဟာ လာဇီယိုအသင္းအတြက္ ဒီႏွစ္ေဘာလံုးရာသီ၌ စီးရီးေအ၊ ကိုပါ အီတလီယာဖလား၊ ယူရိုပါလိဂ္ နဲ႔ အီတလီ စူပါဖလားပြဲေတြမွာ ၃၃ ပြဲကစားထားျပီး ဂိုး ၃၀ သြင္းေပးထားသူျဖစ္ပါတယ္။
သူ႔ရဲ႕ ဂိုးသြင္းႏႈန္းကို အိုးထရက္ဖိုဒ့္က အၾကီးအကဲေတြက သတိျပဳမိေနျပီး လာမယ့္လ အတြင္းမွာ ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သိရပါတယ္။ လီဗာပူးလ္ နဲ႔ နာပိုလီအသင္းတို႔ကလည္း စိတ္၀င္စားေနတဲ့ အင္မိုဘီလီဟာ ဒီႏွစ္ စီးရီးေအမွာလည္း ၂၇ ဂိုး သြင္းထားျပီး ဂိုးအမ်ားဆံုး သြင္းထားသူျဖစ္ပါတယ္။
အီတလီ လက္ေရြးစင္ကစားသမားဟာ လာဇီယိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ က်န္ရွိေနေသးျပီး တန္ေၾကး ဘယ္ေလာက္ဆိုတာ မသတ္မွတ္ထားပါဘူး။
ယူႏိုက္တက္အသင္းဟာ ျပီးခဲ့တဲ့ေႏြရာသီက တိုက္စစ္မွဴး လူကာကူ ကို အင္တာမီလန္အသင္းကို ေရာင္းခ်ခဲ့တာေၾကာင့္ လာမယ့္ အေျပာင္းအေရႊ႕ ေတြမွာ ေနာက္ထပ္ တိုက္စစ္မွဴး တစ္ေယာက္ကို ရွာေဖြေနျပီး အီမိုဘီလီက ပစ္မွတ္ထားေနတဲ့ စာရင္းထဲမွာ ပါ၀င္ေနတာ ျဖစ္ပါတယ္။
တိုက္စစ္ ကစားသမားဟာ ေဒါ့မြန္နည္းျပေဟာင္း ယာဂင္ကေလာ့ပ္ နဲ႔ အန္ဖီးလ္မွာ ျပန္လည္ လက္တြဲမယ္လို႔ သတင္းထြက္ေနျပီး ၄င္းရဲ႕ ဇာတိေျမမွ နာပိုလီအသင္းကလည္း ေခၚယူရန္ စဥ္းစားေနတာပါ။ သို႔ေသာ္လည္း အီမိုဘီလီဟာ လာဇီယိုအသင္းကို ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိရန္ အတြက္ကိုပဲ အာရံုစိုက္ေနတယ္ လို႔လည္း သိရပါတယ္။