ယူနိုက်တက်ရဲ့ လက်ရှိလူစာရင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ ယုံကြည်နေ
ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဖာဒီနန်ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်ရှိ ကစားသမားတွေနဲ့ ဆိုရင်တောင် အဆင့် ၄ နေရာ ဝင်နိုင်တယ်လို့ ဆိုလိုက်ပြီး ယူနိုက်တက်က နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်နိုင်မယ်လို့ ၎င်းက ယုံကြည်နေတာ ဖြစ်ပါတယ်။
နည်းပြ ဆိုးရှားရဲ့ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လက်ရှိရာသီ ပြိုင်ပွဲကို မရပ်နားခင် ပြိုင်ပွဲစုံ ပွဲစဉ် ၁၁ ပွဲ မှာ ၈ ပွဲ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား ပြိုင်ပွဲ နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီးကြပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ တိုက်စစ်မှူး အီဟာလို နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကို ခေါ်ယူပြီးနောက် ယူနိုက်တက်ရဲ့ ရလဒ်က သိသာစွာ တိုးတတ်လာခဲ့တာပါ။
” ယူနိုက်တက် အနေနဲ့ ထိပ်သီး အဆင့် ၄ နေရာ ဝင်သင့်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ လက်ရှိ ကစားသမားတွေနဲ့ ဆိုရင် အဆင့် ၄ နေရာ ဝင်သင့်ပါတယ်။ ပေါ့ဘာက ပြန်ကြံ့ခိုင်လာပြီ။ ရက်ချ်ဖို့ဒ်လည်းပဲ ကောင်းနေပြီ။ ပေါ့ဘာက လေ့ကျင့်ရေးကွင်းမှာ တကယ် ကောင်းတယ် လို့ ပြောသံတွေလည်း ကြားရတယ်။
ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်က တွန်မီနေးနဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ အားကောင်းလာနိုင်ပါတယ်။ လက်ရှိရာသီ ရပ်နားတဲ့ အချိန်မှာ ယူနိုက်တက် က ပုံစံကောင်းမှာ ရှိနေတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ နောက်ပြီး ချယ်ဆီးအသင်းကို အနိုင်ရပြီး သိပ် မကြာခင်မှာ မန်စီးတီး အသင်းကိုပါ အနိုင်ရခဲ့ပါတယ်။ သူတို့ ၁၀ ပွဲနီးပါး မရှုံးခဲ့ကြပါဘူး။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဆင့် ၄ နေရာက နည်းပြ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းနဲ့ ရမှတ် ၃ မှတ်သာ ကွာဟနေတာကြောင့် လက်ရှိပုံစံကောင်း နဲ့ ခြေစွမ်းကောင်းကို ဆက်လက် ထိန်းသိမ်းမယ် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ဝင်နိုင်ပါတယ်။
Zawgyi – ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဖာဒီနန္ကေတာ့ မန္ခ်က္စတာယူနိုက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ လက္ရွိ ကစားသမားေတြနဲ႔ ဆိုရင္ေတာင္ အဆင့္ ၄ ေနရာ ဝင္ႏိုင္တယ္လို႔ ဆိုလိုက္ျပီး ယူနိုက္တက္က ေနာက္ႏွစ္ရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ႏိုင္မယ္လို႔ ၄င္းက ယုံၾကည္ေနတာ ျဖစ္ပါတယ္။
နည္းျပ ဆိုးရွားရဲ႕ မန္ယူအသင္းဟာ ကို႐ိုနာ ဗိုင္းရပ္ ေရာဂါေၾကာင့္ လက္ရွိရာသီ ၿပိဳင္ပြဲကို မရပ္နားခင္ ၿပိဳင္ပြဲစုံ ပြဲစဥ္ ၁၁ ပြဲ မွာ ၈ ပြဲ အႏိုင္ရခဲ့ၿပီး အက္ဖ္ေအဖလား ၿပိဳင္ပြဲ နဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲမွာလည္း ေနာက္တစ္ဆင့္ကို တက္လွမ္းထားႏိုင္ခဲ့ၿပီးၾကၿပီ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ တိုက္စစ္မႉး အီဟာလို နဲ႔ ကြင္းလယ္လူ ဖာနန္ဒက္စ္တို႔ကို ေခၚယူၿပီးေနာက္ ယူနိုက္တက္ရဲ႕ ရလဒ္က သိသာစြာ တိုးတတ္လာခဲ့တာပါ။
” ယူနိုက္တက္ အေနနဲ႔ ထိပ္သီး အဆင့္ ၄ ေနရာ ဝင္သင့္တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ လက္ရွိ ကစားသမားေတြနဲ႔ ဆိုရင္ အဆင့္ ၄ ေနရာ ဝင္သင့္ပါတယ္။ ေပါ့ဘာက ျပန္ႀကံ႕ခိုင္လာၿပီ။ ရက္ခ်္ဖို႔ဒ္လည္းပဲ ေကာင္းေနျပီ။ ေပါ့ဘာက ေလ့က်င့္ေရးကြင္းမွာ တကယ္ ေကာင္းတယ္ လို႔ ေျပာသံေတြလည္း ၾကားရတယ္။
ေပါ့ဘာ နဲ႔ ဖာနန္ဒက္စ္က တြန္မီေနးနဲ႔ တြဲဖက္ၿပီး ကြင္းလယ္မွာ အားေကာင္းလာႏိုင္ပါတယ္။ လက္ရွိရာသီ ရပ္နားတဲ့ အခ်ိန္မွာ ယူနိုက္တက္ က ပုံစံေကာင္းမွာ ရွိေနတယ္ ဆိုတာကိုလည္း မေမ့သင့္ပါဘူး။ ေနာက္ၿပီး ခ်ယ္ဆီးအသင္းကို အႏိုင္ရၿပီး သိပ္ မၾကာခင္မွာ မန္စီးတီး အသင္းကိုပါ အႏိုင္ရခဲ့ပါတယ္။ သူတို႔ ၁၀ ပြဲနီးပါး မရႈံးခဲ့ၾကပါဘူး။ ” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ဟာ အဆင့္ ၄ ေနရာက နည္းျပ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းနဲ႔ ရမွတ္ ၃ မွတ္သာ ကြာဟေနတာေၾကာင့္ လက္ရွိပုံစံေကာင္း နဲ႔ ေျခစြမ္းေကာင္းကို ဆက္လက္ ထိန္းသိမ္းမယ္ ဆိုရင္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ အဆင့္ ၄ ေနရာ ဝင္ႏိုင္ပါတယ္။