ဆန်းချက်ကို တန်ဖိုးကြီး ဆိုဖာ တစ်လုံးနဲ့ နှိုင်းကာ နှစ်သိမ့်အားပေးလိုက်တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အလက်ဆစ် ဆန်းချက်ဇ်အတွက် အသင်းမှာ နေရာ ရှိနေသေးတယ် လို့ ပြောကြားခဲ့ပါတယ်။

တန်ဖိုးကြီး ဆိုဖာ တစ်လုံးနဲ့ နှိုင်းကာ ဆန်းချက်ဇ်ကို သုံးသပ်လိုက်ပြီး လာမဲ့ရာသီ မန်ယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် အတွက် မဖြစ်မနေ တိုက်ပွဲဝင်ရလိမ့်မယ်လို့ နည်းပြဆိုးရှားက သတိပေးလာခဲ့ပါတယ်။

” ကျွန်တော်တို့ အသင်းမှာ ကစားသမားကောင်းတွေ၊ ခံယူချက်ကောင်းတွေရှိတဲ့ပုဂ္ဂိုလ်တွေအတွက် နေရာတစ်နေရာဆိုတာ အမြဲရှိနေပြီးသား ဖြစ်ပါတယ်။ ဒီရာသီ အပြီး အခြေအနေတွေ ဘယ်လိုဖြစ်မလာမလဲ ဆိုတာပဲ ကြည့်ကြတာပေါ့။

ကျွန်တော်တို့ရဲ့ လူစာရင်းဟာ အားရ ကျေနပ်စရာကောင်းနေပြီလို့ မြင်ပါတယ်။ ရည်မှန်းချက် တစ်ခုခုဆီ အရောက် လှမ်းနိုင်ဖို့ အတွက် အသင့် ရှိနေပြီလို့လည်း ခံစားရတယ်။ အဲဒါကတော့ ကစားသမားအားလုံးအပေါ်မှာ မူတည်တာပေ့ါ။ သူတို့ ဘယ်လောက်ထိ အတူတကွ ကောင်းမွန်အောင် လုပ်နိုင်ကြမလဲ ဆိုတာ ကြည့်ရပါမယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အသင်းအဖွဲ့နဲ့အတူ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြတာလေ။ အဲဒီအတွက်လည်း ကစားသမားတွေအနေနဲ့ တိုက်ပွဲဝင်ရပါလိမ့်မယ်။

တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ ကိုယ့်အခန်းကို ပရိဘောဂတွေနဲ့ တန်ဆာဆင်တာမျိုး ရှိကြတယ်။ အဲဒီအချိန်မှာ ခန့်ညားလှတဲ့ ထိုင်ခုံ ဒါမှမဟုတ် တန်ဖိုးကြီး ဆိုဖာတစ်လုံးက ရွှေ့မရတာမျိုးနဲ့လည်း ကြုံရတတ်ပါတယ်။ ကျွန်တော်တို့ အတွက်တော့ အောင်မြင်မှုတွေ ပြန်လည် ရယူဖို့အ တွက်ပဲ အာရုံစိုက်နေပါတယ်။ ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့အတွက်ပဲ အ‌လေးထားနေပါတယ်။ ” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်သားဟာ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပေမဲ့ နဂိုခြေစွမ်းမျိုး မပြသနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ အလက္ဆစ္ ဆန္းခ်က္ဇ္အတြက္ အသင္းမွာ ေနရာ ရွိေနေသးတယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

တန္ဖိုးၾကီး ဆိုဖာ တစ္လံုးနဲ႕ ႏိႈင္းကာ ဆန္းခ်က္ဇ္ကို သံုးသပ္လိုက္ျပီး လာမဲ့ရာသီ မန္ယူႏိုက္တက္အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ အတြက္ မျဖစ္မေန တိုက္ပြဲဝင္ရလိမ့္မယ္လို႔ နည္းျပဆိုးရွားက သတိေပးလာခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ အသင္းမွာ ကစားသမားေကာင္းေတြ၊ ခံယူခ်က္ေကာင္းေတြရွိတဲ့ပုဂၢိဳလ္ေတြအတြက္ ေနရာတစ္ေနရာဆိုတာ အၿမဲရွိေနၿပီးသား ျဖစ္ပါတယ္။ ဒီရာသီ အၿပီး အေျခအေနေတြ ဘယ္လိုျဖစ္မလာမလဲ ဆိုတာပဲ ၾကည့္ၾကတာေပါ့။

ကြၽန္ေတာ္တို႔ရဲ႕ လူစာရင္းဟာ အားရ ေက်နပ္စရာေကာင္းေနၿပီလို႔ ျမင္ပါတယ္။ ရည္မွန္းခ်က္ တစ္ခုခုဆီ အေရာက္ လွမ္းႏိုင္ဖို႔ အတြက္ အသင့္ ရွိေနၿပီလို႔လည္း ခံစားရတယ္။ အဲဒါကေတာ့ ကစားသမားအားလုံးအေပၚမွာ မူတည္တာေပ့ါ။ သူတို႔ ဘယ္ေလာက္ထိ အတူတကြ ေကာင္းမြန္ေအာင္ လုပ္ႏိုင္ၾကမလဲ ဆိုတာ ၾကည့္ရပါမယ္။

ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ အသင္းအဖြဲ႕နဲ႔အတူ တစ္ေလွတည္းစီး၊ တစ္ခရီးတည္းသြားေနၾကတာေလ။ အဲဒီအတြက္လည္း ကစားသမားေတြအေနနဲ႔ တိုက္ပြဲဝင္ရပါလိမ့္မယ္။

တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ကိုယ့္အခန္းကို ပရိေဘာဂေတြနဲ႔ တန္ဆာဆင္တာမ်ိဳး ရွိၾကတယ္။ အဲဒီအခ်ိန္မွာ ခန္႔ညားလွတဲ့ ထိုင္ခုံ ဒါမွမဟုတ္ တန္ဖိုးႀကီး ဆိုဖာတစ္လုံးက ေ႐ႊ႕မရတာမ်ိဳးနဲ႔လည္း ႀကဳံရတတ္ပါတယ္။ ကြၽန္ေတာ္တို႔ အတြက္ေတာ့ ေအာင္ျမင္မႈေတြ ျပန္လည္ ရယူဖို႔အ တြက္ပဲ အာ႐ုံစိုက္ေနပါတယ္။ ဒီရာသီကို အေကာင္းဆုံး အဆုံးသတ္ႏိုင္ဖို႔အတြက္ပဲ အ‌ေလးထားေနပါတယ္။ ” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၁ နွစ္သားဟာ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလမွာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့ၿပီး ပရိသတ္ေတြအေနနဲ႔ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမား ထားခဲ့ေပမဲ့ နဂိုေျခစြမ္းမ်ိဳး မျပသႏိုင္ဘဲ ျဖစ္ေနခဲ့ပါတယ္။