မိသားစုကြောင့် မန်ချက်စတာယူနိုက်တက်ထံ စောစော ရောက်ခဲ့တဲ့ မားကပ်စ် ရက်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်က သူ့အမေဟာ မိသားစုအတွက် ရုန်းကန်နေရတဲ့ အခက်အခဲတွေကြောင့် ယူနိုက်တက်အသင်းနဲ့ ခပ်ငယ်ငယ်မှာပဲ စောစော ပူးပေါင်းဖို့ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကြောင့် အခုချိန်မှာ ပရဟိတလုပ်ငန်းတွေ ပြုလုပ်ဖြစ်ကာ လိုအပ်နေသူတွေကို ထောက်ပံ့ ပေးနေတာဖြစ်ပြီး သူ့အတွေ့အကြုံတွေကို အသက် ၂၂နှစ်သားလေးက ပြောပြလာခဲ့တာပါ။
သူ့ရဲ့မိခင်ဖြစ်သူဟာ မိသားစုရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကြောင့် အသက် ၁၁နှစ်အရွယ်မှာတင်ပဲ မန်ယူနိုက်တက် အကယ်ဒမီကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ရက်ဖို့ဒ်က ဆိုခဲ့ပါတယ်။
“ကျွန်တော့် အမေက Single Mother ပါ။ ကျွန်တော်တို့ မောင်နှမ ၅ယောက်နဲ့အတူ နေခဲ့တာ။ အဲဒါကြောင့်လည်း အကျပ်အတည်းတွေ ရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အသက် ၁၁နှစ်မှာတင် မန်ယူနိုက်တက်ကို ရောက်လာခဲ့တာပါ။
ကျွန်တော့်ရဲ့ အရည်အသွေးတွေကို တကယ့်လေ့ကျင့်ခန်း အသုံးအဆောင်တွေ၊ ဆရာသမားတွေနဲ့အတူ သွေးခွင့်ရခဲ့တယ်။ ကျောင်း အသစ် လည်း တက်ရတယ်။ ကျွန်တော့် အမေက ဒီလိုလုပ်ဖို့ အားပေးခဲ့တာ။ ကျွန်တော် လျှောက်ရမဲ့လမ်းပဲလို့ သူ ယုံကြည်ခဲ့တယ်။
ကျွန်တော့်အနေနဲ့ အစားအသောက်တွေ မှန်မှန်စားရဖို့ လိုအပ်တယ်။ ကျွန်တော့် အသင်းဖော်တွေနဲ့အတူ နီးနီးကပ်ကပ်ရှိဖို့ လိုအပ်ခဲ့တယ်။ ကျောင်း အသစ်မှာ သူငယ်ချင်းသစ်တွေလည်း ရခဲ့တယ်။ ၁၁နှစ် အရွယ်မှာ ယူနိုက်တက်ကို ပို့ဆောင်ပေးခဲ့ပြီး ယူနိုက်တက်ကလည်း ခွင့်ပြုခဲ့ပါတယ်။ အခြားကလေးငယ်တွေထက်စာရင် ငယ်ဘဝကို စောစောစီးစီးပဲ ကျွန်တော် အဆုံးသတ်ခဲ့ရတယ်လို့ ဆိုရမယ်။ ” လို့ ရက်ဖို့ဒ်က ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန်သားလေးဟာ မန်ယူနိုက်တက်အတွက် ခြေစွမ်းကောင်းတွေ ပြသနေသူဖြစ်သလို လက်ရှိကပ်ပျက်ကာလမှာ လူမှုရေးလုပ်ငန်းတွေ တက်တက်ကြွကြွ ဆောင်ရွက်နေမှုကြောင့် နာမည်ကောင်းတွေ ရရှိနေသူ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မွဴး မားကပ္စ္ ရက္ဖို႔ဒ္က သူ႔အေမဟာ မိသားစုအတြက္ ႐ုန္းကန္ေနရတဲ့ အခက္အခဲေတြေၾကာင့္ ယူႏိုက္တက္အသင္းနဲ႔ ခပ္ငယ္ငယ္မွာပဲ ေစာေစာ ပူးေပါင္းဖို႔ ခြင့္ျပဳေပးခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။
ငယ္စဥ္က ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြေၾကာင့္ အခုခ်ိန္မွာ ပရဟိတလုပ္ငန္းေတြ ျပဳလုပ္ျဖစ္ကာ လိုအပ္ေနသူေတြကို ေထာက္ပံ့ ေပးေနတာျဖစ္ၿပီး သူ႔အေတြ႕အႀကဳံေတြကို အသက္ ၂၂ႏွစ္သားေလးက ေျပာျပလာခဲ့တာပါ။
သူ႔ရဲ႕မိခင္ျဖစ္သူဟာ မိသားစုရင္ဆိုင္ေနရတဲ့ အၾကပ္အတည္းေတြေၾကာင့္ အသက္ ၁၁ႏွစ္အ႐ြယ္မွာတင္ပဲ မန္ယူႏိုက္တက္ အကယ္ဒမီကို ပို႔ေဆာင္ေပးခဲ့တာျဖစ္တယ္လို႔ ရက္ဖို႔ဒ္က ဆိုခဲ့ပါတယ္။
“ကြၽန္ေတာ့္ အေမက Single Mother ပါ။ ကြၽန္ေတာ္တို႔ ေမာင္ႏွမ ၅ေယာက္နဲ႔အတူ ေနခဲ့တာ။ အဲဒါေၾကာင့္လည္း အက်ပ္အတည္းေတြ ရွိခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္အသက္ ၁၁ႏွစ္မွာတင္ မန္ယူႏိုက္တက္ကို ေရာက္လာခဲ့တာပါ။
ကြၽန္ေတာ့္ရဲ႕ အရည္အေသြးေတြကို တကယ့္ေလ့က်င့္ခန္း အသုံးအေဆာင္ေတြ၊ ဆရာသမားေတြနဲ႔အတူ ေသြးခြင့္ရခဲ့တယ္။ ေက်ာင္း အသစ္ လည္း တက္ရတယ္။ ကြၽန္ေတာ့္ အေမက ဒီလိုလုပ္ဖို႔ အားေပးခဲ့တာ။ ကြၽန္ေတာ္ ေလွ်ာက္ရမဲ့လမ္းပဲလို႔ သူ ယုံၾကည္ခဲ့တယ္။
ကြၽန္ေတာ့္အေနနဲ႔ အစားအေသာက္ေတြ မွန္မွန္စားရဖို႔ လိုအပ္တယ္။ ကြၽန္ေတာ့္ အသင္းေဖာ္ေတြနဲ႔အတူ နီးနီးကပ္ကပ္ရွိဖို႔ လိုအပ္ခဲ့တယ္။ ေက်ာင္း အသစ္မွာ သူငယ္ခ်င္းသစ္ေတြလည္း ရခဲ့တယ္။ ၁၁ႏွစ္ အ႐ြယ္မွာ ယူႏိုက္တက္ကို ပို႔ေဆာင္ေပးခဲ့ၿပီး ယူႏိုက္တက္ကလည္း ခြင့္ျပဳခဲ့ပါတယ္။ အျခားကေလးငယ္ေတြထက္စာရင္ ငယ္ဘဝကို ေစာေစာစီးစီးပဲ ကြၽန္ေတာ္ အဆုံးသတ္ခဲ့ရတယ္လို႔ ဆိုရမယ္။ ” လို႔ ရက္ဖို႔ဒ္က ဖြင့္ဟခဲ့ပါတယ္။
အဂၤလန္သားေလးဟာ မန္ယူႏိုက္တက္အတြက္ ေျခစြမ္းေကာင္းေတြ ျပသေနသူျဖစ္သလို လက္ရွိကပ္ပ်က္ကာလမွာ လူမႈေရးလုပ္ငန္းေတြ တက္တက္ႂကြႂကြ ေဆာင္႐ြက္ေနမႈေၾကာင့္ နာမည္ေကာင္းေတြ ရရွိေနသူ ျဖစ္ပါတယ္။