ဆန်ချိုထက် ဈေးချိုတဲ့ တိုက်စစ်ပစ်မှတ်ကို ရှာတွေ့သွားတဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အလွန် အလိုရှိနေပေမယ့်လည်း ဆန်ချို အတွက် ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက အရမ်းမြင့်မားလွန်းနေတာကြောင့် တခြား ဈေးချိုတဲ့ ကစားသမားကို ပစ်မှတ်ထား ချိန်ရွယ်လာပါတယ်။
ယူနိုက်တက်ဟာ ဆန်ချိုနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ရှ်တို့ထက် နောက်ထပ် တိုက်စစ် ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လေဗာကူဆင် တောင်ပံကစားသမား လီယွန်ဘေလီကိုပဲ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာပါ။
ဆန်ချိုနဲ့ ဂရေးလစ်ရှ် တို့ ကစားသမားနှစ်ယောက်လုံးရဲ့ ပြောင်းရွှေ့ကြေးတွေက မြင့်မားလွန်းနေတာကြောင့် သူတို့နှစ်ဦးထက် ဈေးနှုန်း သက်သာနိုင်တဲ့ ဂျမေကာသားလေး လီယွန်ဘေလီကိုပဲ ပစ်မှတ်ထားလာနိုင်ပါတယ်။ အသက်(၂၂)နှစ် အရွယ် တောင်ပံကစားသမားလေး ဘေလီက ပြောင်းရွှေ့ကြေး လည်း ပေါင်သန်း(၄၀)လောက်ပဲ ရှိပါတယ်။
ဘယ်ခြေ အားသန်တဲ့ ကစားသမားလေးဖြစ်တဲ့ ဘေလီဟာ ဘယ်ရောညာရောပါ အကောင်းဆုံးကစားနိုင်သူဖြစ်တဲ့အပြင် လိုအပ်ရင် ကွင်းလယ် တိုက်စစ်နေရာမှာလည်း ကစားနိုင်တာကြောင့် နေရာစုံမှာ အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ဘေလီဟာ လေဗာကူဆင်အသင်းမှာ ၂၀၁၇ ခုနှစ် ကနေ စတင်ပါဝင်ကစားခဲ့တာဖြစ်လို့ ဥရောပ အတွေ့အကြုံတွေ အပြင် ချန်ပီယံလိဂ်အတွေ့အကြုံတွေပါ ရှိနေတဲ့ လူငယ် ကစားသမားလေး ဖြစ်လို့ ယူနိုက်တက်အတွက် အကောင်းဆုံး ကစားသမား ခေါ်ယူမှုပါ ဖြစ်လာနိုင်ပါတယ်။
ဘေလီဟာ ဒီနှစ်ဘောလုံးရာသီမှာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားထားခဲ့ပြီး သွင်းဂိုး (၇)ဂိုး ရယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု အပိုင်းမှာလည်း (၂)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳကို အလြန္ အလိုရွိ ေနေပမယ့္လည္း ဆန္ခ်ိဳ အတြက္ ေဒါ့မြန္ဘက္ကေန သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးက အရမ္းျမင့္မားလြန္းေနတာေၾကာင့္ တျခား ေစ်းခ်ိဳတဲ့ ကစားသမားကို ပစ္မွတ္ထား ခ်ိန္ရြယ္လာပါတယ္။
ယူနိုက္တက္ဟာ ဆန္ခ်ိဳနဲ႕ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ရွ္တို႔ထက္ ေနာက္ထပ္ တိုက္စစ္ ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ ေလဗာကူဆင္ ေတာင္ပံကစားသမား လီယြန္ေဘလီကိုပဲ ေျပာင္းလဲ ပစ္မွတ္ထားလာခဲ့တာပါ။
ဆန္ခ်ိဳနဲ႔ ဂေရးလစ္ရွ္ တို႔ ကစားသမားႏွစ္ေယာက္လုံးရဲ႕ ေျပာင္းေ႐ႊ႕ေၾကးေတြက ျမင့္မားလြန္းေနတာေၾကာင့္ သူတို႔ႏွစ္ဦးထက္ ေစ်းႏႈန္း သက္သာႏိုင္တဲ့ ဂ်ေမကာသားေလး လီယြန္ေဘလီကိုပဲ ပစ္မွတ္ထားလာႏိုင္ပါတယ္။ အသက္(၂၂)ႏွစ္ အ႐ြယ္ ေတာင္ပံကစားသမားေလး ေဘလီက ေျပာင္းေ႐ႊ႕ေၾကး လည္း ေပါင္သန္း(၄၀)ေလာက္ပဲ ရွိပါတယ္။
ဘယ္ေျခ အားသန္တဲ့ ကစားသမားေလးျဖစ္တဲ့ ေဘလီဟာ ဘယ္ေရာညာေရာပါ အေကာင္းဆုံးကစားႏိုင္သူျဖစ္တဲ့အျပင္ လိုအပ္ရင္ ကြင္းလယ္ တိုက္စစ္ေနရာမွာလည္း ကစားႏိုင္တာေၾကာင့္ ေနရာစုံမွာ အသုံးျပဳႏိုင္ပါတယ္။
ဒါ့အျပင္ ေဘလီဟာ ေလဗာကူဆင္အသင္းမွာ ၂၀၁၇ ခုႏွစ္ ကေန စတင္ပါဝင္ကစားခဲ့တာျဖစ္လို႔ ဥေရာပ အေတြ႕အႀကဳံေတြ အျပင္ ခ်န္ပီယံလိဂ္အေတြ႕အႀကံဳေတြပါ ရွိေနတဲ့ လူငယ္ ကစားသမားေလး ျဖစ္လို႔ ယူႏိုက္တက္အတြက္ အေကာင္းဆုံး ကစားသမား ေခၚယူမႈပါ ျဖစ္လာႏိုင္ပါတယ္။
ေဘလီဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ေလဗာကူဆင္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၇)ပြဲ ကစားထားခဲ့ၿပီး သြင္းဂိုး (၇)ဂိုး ရယူထားႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ အပိုင္းမွာလည္း (၂)ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။