ဝီလီယံကို ခေါ်ဖို့ အေးဂျင့်နဲ့ ယူနိုက်တက် ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်လာ
လာမယ့် အပြောင်းအရွှေ့ အတွက် ကစားသမားတော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုလည်း ချယ်ဆီးအသင်းနဲ့ လမ်းခွဲတော့မယ့် တောင်ပံတိုက်စစ်သမား ဝီလီယံနဲ့လည်း သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
ဒီလအကုန်မှာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘရာဇီးသား တိုက်စစ်သမား ဝီလီယံကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်က ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
အသက် ၃၂ နှစ်ပြည့်တော့မယ့် ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ၇ နှစ် အထိ ပါဝင်ကစားခဲ့တဲ့ ဝါရင့်ကစားသမားတစ်ယောက် ဖြစ်ပြီး လန်ဒန်ကလပ် မှာ ဆက်လက်ရှိနေချင်ပေမယ့် ချယ်ဆီးနဲ့ သက်တမ်းတိုး စာချုပ် ဆွေးနွေးမှု အဆင်မပြောတာကြောင့် ချယ်ဆီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဝီလီယံလို ကစားသမားမျိုးကို အသင်းတိုင်းနီးပါးကနေ အလိုရှိနေတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ပြန်လည်ပါဝင်လာခဲ့ကာ လာမယ့်လမှာ အသင်းဆီ အရခေါ်ယူနိုင်ဖို့အတွက် အေးဂျင့်နဲ့ ချိတ်ဆက်နေတာဖြစ်ပါတယ်။
ဝီလီယံကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ် စပါး မန်ချက်စတာ ယူနိုက်တက် အသင်းတွေအပြင် လာလီဂါနဲ့ စီးရီးအေ အသင်းကြီးတွေကလည်း အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဝီလီယံကတော့ သူ့အတွက် ဒုတိယ အိမ်လိုတောင် ဖြစ်နေတဲ့ အင်္ဂလန်မှာပဲ ဆက်လက် နေထိုင်ချင်နေတာကြောင့် ပရီးမီးယားလိဂ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ကစားဖွယ်ရှိပါတယ်။
ဝီလီယံရဲ့ အေးဂျင့်ဖြစ်သူကတော့ သူရဲ့ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေတယ်ဆိုတာကို ဝန်ခံခဲ့ပေမယ့် သူနဲ့ သတင်းတွေထွက်နေတဲ့ အာဆင်နယ်နဲ့စပါးအသင်းတွေနဲ့ ဝီလီယံကို ခေါ်ယူဖို့အရေး ဘာမှဆွေးနွေးရသေးခြင်းမရှိဘူးလို့ ပြောဆိုထားခဲ့ပါတယ်။
Zawgyi – လာမယ့္ အေျပာင္းအေရႊ႕ အတြက္ ကစားသမားေတာ္ေတာ္မ်ားမ်ားနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အခုလည္း ခ်ယ္ဆီးအသင္းနဲ႔ လမ္းခြဲေတာ့မယ့္ ေတာင္ပံတိုက္စစ္သမား ဝီလီယံနဲ႔လည္း သတင္းေတြ ျပန္လည္ ထြက္ေပၚလာခဲ့ျပန္ပါတယ္။
ဒီလအကုန္မွာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဘရာဇီးသား တိုက္စစ္သမား ဝီလီယံကို ေခၚယူႏိုင္ဖို႔အတြက္ ယူနိုက္တက္က ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ခ်ိတ္ဆက္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရွိရပါတယ္။
အသက္ ၃၂ နွစ္ျပည့္ေတာ့မယ့္ ဝီလီယံဟာ ခ်ယ္လ္ဆီးအသင္းမွာ ၇ နွစ္ အထိ ပါဝင္ကစားခဲ့တဲ့ ဝါရင့္ကစားသမားတစ္ေယာက္ ျဖစ္ျပီး လန္ဒန္ကလပ္ မွာ ဆက္လက္ရွိေနခ်င္ေပမယ့္ ခ်ယ္ဆီးနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ေဆြးေႏြးမႈ အဆင္မေျပာတာေၾကာင့္ ခ်ယ္ဆီးနဲ႔ လမ္းခြဲဖို႔ ဆံုးျဖတ္ထားတာ ျဖစ္ပါတယ္။
ဝီလီယံလို ကစားသမားမ်ိဳးကို အသင္းတိုင္းနီးပါးကေန အလိုရွိေနတာျဖစ္ၿပီး ဒီအသင္းေတြထဲမွာ ယူႏိုက္တက္လည္း ျပန္လည္ပါဝင္လာခဲ့ကာ လာမယ့္လမွာ အသင္းဆီ အရေခၚယူႏိုင္ဖို႔အတြက္ ေအးဂ်င့္နဲ႔ ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။
ဝီလီယံကို ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြျဖစ္တဲ့ အာဆင္နယ္ စပါး မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေတြအျပင္ လာလီဂါနဲ႔ စီးရီးေအ အသင္းႀကီးေတြကလည္း အၿပိဳင္စိတ္ဝင္စားေနၾကေပမယ့္ ဝီလီယံကေတာ့ သူ႔အတြက္ ဒုတိယ အိမ္လိုေတာင္ ျဖစ္ေနတဲ့ အဂၤလန္မွာပဲ ဆက္လက္ ေနထိုင္ခ်င္ေနတာေၾကာင့္ ပရီးမီးယားလိဂ္အသင္း တစ္သင္းသင္းဆီကိုသာ ေျပာင္းေ႐ႊ႕ကစားဖြယ္ရွိပါတယ္။
ဝီလီယံရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ သူရဲ႕ကစားသမားကို ပရီးမီးယားလိဂ္ ကလပ္အသင္းမ်ားစြာကေန ေခၚယူခ်င္ေနတယ္ဆိုတာကို ဝန္ခံခဲ့ေပမယ့္ သူနဲ႔ သတင္းေတြထြက္ေနတဲ့ အာဆင္နယ္နဲ႔စပါးအသင္းေတြနဲ႔ ဝီလီယံကို ေခၚယူဖို႔အေရး ဘာမွေဆြးေႏြးရေသးျခင္းမရွိဘူးလို႔ ေျပာဆိုထားခဲ့ပါတယ္။