စပါးနဲ့ ယူနိုက်တက်ပွဲ ဘယ်လိုရလဒ် ထွက်ပေါ်မလဲ ပွဲကြို ခန့်မှန်း သုံးသပ်သွားတဲ့ လော်ရိုး
စနေနေ့ မနက် မြန်မာစံတော်ချိန် ၁း၄၅ နာရီမှာတော့ စပါးနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ပွဲအဖြစ် ထိပ်တိုက်တွေ့မှာဖြစ်ပြီး မော်ရင်ညိုနဲ့ ဆိုးရှားတို့ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။
နှစ်သင်းလုံးက ဥရောပဝင်ခွင့်အတွက် အပြိုင်ဖြစ်နေကြတဲ့ အသင်းတွေဖြစ်လို့ နှစ်သင်း ထိပ်တိုက်တွေ့မှုက အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်လာခဲ့တယ်။ ဒီပွဲကို စပါးနဲ့ ယူနိုက်တက်ထဲက တစ်သင်းသင်း အနိုင်ရခဲ့မယ်ဆိုင် ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်သွားမှာဖြစ်တယ်။
ပွဲနဲ့ ပက်သက်ပြီး လော်ရိုးက သုံးသပ်ရာမှာ ” ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ကြံ့ခိုင်မှု ပြည့်နေပြီ ဖြစ်တဲ့ သူ့အသင်းသားတွေနဲ့ ဘယ်လို ပြင်ဆင်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
ဒီရာသီ အစောပိုင်းမှာ ကွင်းလယ်အတွက် အခက်အခဲ ရှိခဲ့ပေမယ့် ခုတော့ ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲ ကစားဖို့ ပေါ့ဘာကိုပါ ပြန်ရနေပြီ ဖြစ်ပါတယ် သူတို့ နှစ်ယောက်လုံးက တကယ့် အရည်အချင်း ရှိ ကစားသမားတွေပါ။ ယူနိုက်တက်က ပေါ့ဘာ မရှိဘဲလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် သူပါရင်တော့ အသင်းကို ပိုကောင်းသွားစေတယ်။
စပါးအသင်းက ဒီ ပွဲနားထားလိုက်တဲ့ ကာလမှာ အတော် အကျိုး ရှိသွားတယ်။ တိုက်စစ်မှူး ကိန်း ပြန်ကောင်းလာတာကြောင့် တိုက်စစ်မှူး မရှိလို့ ဂိုးတွေ အတွက် ရုန်းကန်နေရတာက လွတ်တော့မှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးကတော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် အဆင့် ၅ အတွင်း ဝင်ဖို့ ပစ်မှတ်ထားနေကြတာပါ။ ဒီပွဲ နိုင်လိုက်ရင် နှစ်သင်းလုံး အကျိုး ဖြစ်မှာ ဆိုပေမယ့် အမှတ်ပဲ ခွဲယူသွားကြမယ် ထင်ပါတယ်။
မော်ရင်ညို ဘယ်လိုလူလဲ ကျနေ်ာတို့ ကောင်းကောင်း သိကြပါတယ်။ သူက ပထမဆုံးပွဲ ကို၊ အထူးသဖြင့် ဥရောပ ဝင်ခွင့် ပြိုင်ဘက် ဖြစ်နေတဲ့ အသင်းကို အရှုံးခံမှာ မဟုတ်ပါဘူး။ ” လို့ သုံးသပ်ခဲ့တယ်။
စပါးနဲ့ ယူနိုက်တက်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ နှစ်သင်းက သွင်းဂိုးတွေ ကိုယ်စီနဲ့ သရေရလဒ် ထွက်ပေါ်လိမ့်မယ်လို့ ဖြစ်ပါတယ်။
ZAWGYI