ယူႏုိက္တက္က အခြင့္အေရးရေပမယ့္ လိုရစ္ ေကာင္းခဲ့တယ္ဆိုတဲ့ ဆိုးရွားရဲ႕ ပြဲျပီး သံုးသပ္မႈ

ညက ယူနိုက္တက္ စပါးနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ ဒီဂီယာရဲ႕ လက္စြမ္းအေပၚ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ အိုလီဂန္နာဆိုးလ္ရွားက သူ႔ဂိုးသမားဘက္ကို ကာကြယ္ေပးခဲ့ပါတယ္။ စပိန္သားဟာ ဘက္ဝင္ရဲ​့ ပထမပိုင္း သြင္းဂိုးကို မကာကြယ္ႏိုင္ခဲ့တဲ့ေနာက္ ႐ြိဳင္ကိန္းက သူသာ အဝတ္လဲခန္းထဲမွာရွိေနခဲ့ရင္ သူ႔ကို ထိုးမိလိမ့္မယ္လို႔ ေျပာဆိုခဲ့တာပါ။

ဒီဂီယာအေနနဲ႔ အမွားႀကီးေတြ ဆက္တိုက္လုပ္ခဲ့တာအတြက္ ေဒါသထြက္ခဲ့ေၾကာင္း သရဲနီ အသင္းေခါင္းေဆာင္ေဟာင္းက ဖြင့္ဟခဲ့ၿပီး ပြဲအၿပီးမွာ သူ႔အေနနဲ႔ အသင္းဘတ္စ္ကားအစား တကၠစီနဲ႔ပဲ ျပန္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဆိုးလ္ရွားကေတာ့ သူ႔ဂိုးသမားအေပၚ ကာကြယ္ေျပာဆိုခဲ့ၿပီး သူ႔အသင္းေဖာ္ေဟာင္း ကိန္းအေနနဲ႔လဲ ဒီထက္ပိုေကာင္းေအာင္ လုပ္ႏိုင္ခဲ့မွာမဟုတ္ဘူးလို႔ ဟာသလုပ္ခဲ့ပါတယ္။

“သူတို႔ေတြ ဂိုးသြင္းႏိုင္တာကို ျမင္ရတာ စိတ္ပ်က္မိခဲ့ပါတယ္၊ သူတို႔က အခြင့္အေရးကို ပိုင္ပိုင္ႏိူင္ႏိူင္ အသုံးခ်ခဲ့တာပါ၊ ႐ြိဳင္ သိပ္ေတာ္တဲ့ ကြင္းလယ္လူ ျဖစ္ခဲ့ပါတယ္၊ ဒါေပမယ့္ သူသာဆိုရင္လဲ ဒီဂိုးကို တားဆ​ီးႏိုင္မယ္မထင္ပါဘူး၊ ေဒးဗစ္ (ဒီဂီယာ)က ေပးဂိုးအတြက္ စိတ္ပ်က္ေနခဲ့တယ္၊ ဒါေပမယ့္ ေဘာလုံးက ေလထဲကေန ျဖတ္လာခဲ့တယ္၊ ဒါၿပီးေတာ့ ေနာက္ထပ္ ၿခိမ္း​ေျခာက္မႈတစ္ခုကို သူကာကြယ္ႏိူင္ခဲ့ပါတယ္” လို႔ ဆိုးလ္ရွားက ဆိုပါတယ္။

သရဲနီေတြဟာ ဒုတိယပိုင္းမွာ ပိုတိုးတက္လာခဲ့ၿပီး မာရွယ္ရဲ႕ကန္ခ်က္က ေခ်ပဂိုးရဖို႔ နီးစပ္ခဲ့ေပမယ္​့ ဟူဂိုလိုရစ္ရဲ႕အေပၚကို ေက်ာ္သြားခဲ့တာပါ။ ၉မိနစ္အလိုမွာေတာ့ အဲရစ္ဒိုင္ယာက ေပါ့ဘာအေပၚ ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ ရခဲ့တဲ့ ပင္နယ္တီက ဘ႐ူႏိုဖာနန္ဒက္စ္က ကန္သြင္းခဲ့ၿပီး သေရက်ေစခဲ့ပါတယ္။

“စိတ္ပ်က္စရာ တစ္ခုပဲရွိခဲ့ေပမယ့္ ေျခစြမ္းေကာင္းမြန္ခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔ ဒီထက္ပိုၿပီး အမွ​တ္ရဖို႔ ထိုက္တန္ခဲ့တယ္လို႔ထင္တယ္၊ ကြၽန္ေတာ္တို႔ အထေႏွးခဲ့ၿပီး ေလ်ာ့တိေလ်ာ့ရဲ ဂိုးကို ခြင့္ျပဳေပး ခဲ့ရတာကလြဲရင္ အားလုံးေကာင္းပါတယ္၊ ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္ လိုရစ္က ေကာင္းေကာင္း ကာကြယ္သြားခဲ့တာပါ” လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

ဒီ သေရပြဲေၾကာင့္ ယူႏိုက္တက္ဟာ အဆင့္၅ ေနရာက ခ်ဲလ္ဆီးနဲ႔ ၂မွ​တ္သာ ကြာဟေနဆဲျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၂ပြဲဆက္ ရႈံးပြဲမရွိ မွတ္တမ္းကို ရရွိခဲ့တာလဲ ျဖစ္ပါတယ္။

Uni – ညက ယူနိုက်တက် စပါးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဒီဂီယာရဲ့ လက်စွမ်းအပေါ် ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးလ်ရှားက သူ့ဂိုးသမားဘက်ကို ကာကွယ်ပေးခဲ့ပါတယ်။ စပိန်သားဟာ ဘက်ဝင်ရဲ့ ပထမပိုင်း သွင်းဂိုးကို မကာကွယ်နိုင်ခဲ့တဲ့နောက် ရွိုင်ကိန်းက သူသာ အဝတ်လဲခန်းထဲမှာရှိနေခဲ့ရင် သူ့ကို ထိုးမိလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။

ဒီဂီယာအနေနဲ့ အမှားကြီးတွေ ဆက်တိုက်လုပ်ခဲ့တာအတွက် ဒေါသထွက်ခဲ့ကြောင်း သရဲနီ အသင်းခေါင်းဆောင်ဟောင်းက ဖွင့်ဟခဲ့ပြီး ပွဲအပြီးမှာ သူ့အနေနဲ့ အသင်းဘတ်စ်ကားအစား တက္ကစီနဲ့ပဲ ပြန်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ သူ့ဂိုးသမားအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး သူ့အသင်းဖော်ဟောင်း ကိန်းအနေနဲ့လဲ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့မှာမဟုတ်ဘူးလို့ ဟာသလုပ်ခဲ့ပါတယ်။

“သူတို့တွေ ဂိုးသွင်းနိုင်တာကို မြင်ရတာ စိတ်ပျက်မိခဲ့ပါတယ်၊ သူတို့က အခွင့်အရေးကို ပိုင်ပိုင်နိူင်နိူင် အသုံးချခဲ့တာပါ၊ ရွိုင် သိပ်တော်တဲ့ ကွင်းလယ်လူ ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူသာဆိုရင်လဲ ဒီဂိုးကို တားဆီးနိုင်မယ်မထင်ပါဘူး၊ ဒေးဗစ် (ဒီဂီယာ)က ပေးဂိုးအတွက် စိတ်ပျက်နေခဲ့တယ်၊ ဒါပေမယ့် ဘောလုံးက လေထဲကနေ ဖြတ်လာခဲ့တယ်၊ ဒါပြီးတော့ နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုကို သူကာကွယ်နိူင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ဆိုပါတယ်။

သရဲနီတွေဟာ ဒုတိယပိုင်းမှာ ပိုတိုးတက်လာခဲ့ပြီး မာရှယ်ရဲ့ကန်ချက်က ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဟူဂိုလိုရစ်ရဲ့အပေါ်ကို ကျော်သွားခဲ့တာပါ။
၉မိနစ်အလိုမှာတော့ အဲရစ်ဒိုင်ယာက ပေါ့ဘာအပေါ် ပြစ်ဒဏ်ကျူးလွန်မှုအတွက် ရခဲ့တဲ့ ပင်နယ်တီက ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းခဲ့ပြီး သရေကျစေခဲ့ပါတယ်။

“စိတ်ပျက်စရာ တစ်ခုပဲရှိခဲ့ပေမယ့် ခြေစွမ်းကောင်းမွန်ခဲ့ပါတယ်၊ ကျွန်တော်တို့ ဒီထက်ပိုပြီး အမှတ်ရဖို့ ထိုက်တန်ခဲ့တယ်လို့ထင်တယ်၊ ကျွန်တော်တို့ အထနှေးခဲ့ပြီး လျော့တိလျော့ရဲ ဂိုးကို ခွင့်ပြုပေး ခဲ့ရတာကလွဲရင် အားလုံးကောင်းပါတယ်၊ နောက်ပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် လိုရစ်က ကောင်းကောင်း ကာကွယ်သွားခဲ့တာပါ” လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ဒီ သရေပွဲကြောင့် ယူနိုက်တက်ဟာ အဆင့်၅ နေရာက ချဲလ်ဆီးနဲ့ ၂မှတ်သာ ကွာဟနေဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ရရှိခဲ့တာလဲ ဖြစ်ပါတယ်။