စပါးနဲ႕ပြဲမွာ ေျခစြမ္းေကာင္းလြန္းလို႔ နည္းျပ ဆိုးရွား ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရတဲ့ အသင္းသား
ညက စပါးနဲ႕ ပြဲမေွာ ေျခစြမ္းျပခဲ့ျပီး ဒီဇင္ဘာလေနာက္ပိုင္း ယူႏိုက္တက္အတြက္ ပထမဆုံးပြဲကို ပါဝင္ကစားေပးခဲ့တဲ့ ေပါ့ဂ္ဘာရဲ႕ ေျခစြမ္းကို ဆိုးရွားလ္းက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ စပါးနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ေပါ့ဂ္ဘာက ဒုတိယပိုင္းမွာ လူစားလဲပါဝင္ကစားခဲ့ၿပီး အသင္းေခ်ပဂိုးရေအာင္ ကူညီေပးႏိုင္ခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။
ေပါ့ဂ္ဘာဟာ ဒီဇင္ဘာလ ၂၆ ရက္ေန႔ကစကာ ယူႏိုက္တက္အတြက္ မကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ စပါးနဲ႔ပြဲမွာေတာ့ ေပါ့ဂ္ဘာရဲ႕ ပါးပါးနပ္နပ္ ေက်ာ္ျဖတ္မႈကို အဲရစ္ဒီယာတားဆီးရာကေန ယူႏိုက္တက္တို႔ ပယ္နယ္တီရရွိခဲ့ၿပီး ဖာနန္ဒက္စ္က ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ ကစားခြင့္ရခဲ့တဲ့ နာရီဝက္အတြင္းမွာ ေပါ့ဂ္ဘာရဲ႕ အံ့မခန္းေပးပို႔မႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး ေက်နပ္ဖြယ္ရာ ေျခစြမ္းကို ျပသခဲ့တာျဖစ္ပါတယ္။
” ေပါ့ဘာရဲ႕ ေထာက္ပံ့ေပးႏိုင္မႈေတြကို ျမင္ခဲ့ရတာပါ၊ ရက္ရွ္ဖို႔ဒ္ကို သူ ေပးပို႔ခဲ့တာက ဒီေန႔ရဲ႕ အေကာင္းဆုံး ေပးပို႔မႈျဖစ္ၿပီး ပယ္နယ္တီ ရရွိခ်ိန္မွာလည္း သူ႔ရဲ႕ ေဘာလုံးပညာကြၽမ္းက်င္မႈကို ျမင္ခဲ့ရပါတယ္၊ သူက ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ၊ သူ ျပန္လာႏိုင္တာ အရမ္းကိုေကာင္းမြန္ခဲ့ပါတယ္၊ သူ႔အတြက္ ေကာင္းမြန္တဲ့ ကစားခ်ိန္ေတြကို ေပးခဲ့ၿပီး သူကလည္း အေကာင္းဆုံး ၾကိဳးစားခဲ့ပါတယ္။
လာမယ့္ပြဲမွာ သူ ဒီထက္ပိုကစားႏိုင္ၿပီး ကစားခြင့္လည္းပိုရမွာပါ၊ သူက ပြဲတစ္ပြဲအေပၚ ဘယ္ေလာက္ထိ ဆာေလာင္ေတာင့္တမႈရွိလဲဆိုတာ အားလုံးျမင္ႏိုင္ပါတယ္၊ အရမ္းေကာင္းတဲ့ကစားသမားပါ၊ ကြၽန္ေတာ္တို႔အသင္းက ကမာၻ႔အေကာင္းဆုံးကစားသမားေတြ အတူတူကစားခ်င္တဲ့ အသင္းျဖစ္ပါတယ္။
ေနာက္ျပီး အသင္းက ခံစစ္နဲ႔ တိုက္စစ္ကို ဟန္ခ်က္ညီေအာင္ကစားဖို႔ လိုအပ္ေနပါေသးတယ္၊ ေပါလ္က ဒီေန႔မွာ ဘ႐ူႏိုနဲ႔ တြဲကစားႏိုင္တယ္ ဆိုတာကို ျပသခဲ့ၿပီး ဘ႐ူႏိုက ကြၽန္ေတာ္တို႔အတြက္ ဂိုးသြင္းေပးခဲ့ပါတယ္” လို႔ ဆိုးလ္ရွားက ေျပာဆိုသြားခဲ့ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဒီပြဲကို အေရးမနိမ့္ခဲ့လို႔ ၁၂ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို တင္ႏိုင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္က ပြဲစဥ္ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ၿပီး သူ႔အတြက္ ၆ ႀကိမ္ေျမာက္ ျဖစ္တယ္လို႔ သိရပါတယ္။
Uni – ညက စပါးနဲ့ ပွဲမှော ခြေစွမ်းပြခဲ့ပြီး ဒီဇင်ဘာလနောက်ပိုင်း ယူနိုက်တက်အတွက် ပထမဆုံးပွဲကို ပါဝင်ကစားပေးခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို ဆိုးရှားလ်းက ချီးကျူးပြောဆိုလိုက်ပါတယ်။ စပါးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပေါ့ဂ်ဘာက ဒုတိယပိုင်းမှာ လူစားလဲပါဝင်ကစားခဲ့ပြီး အသင်းချေပဂိုးရအောင် ကူညီပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ပေါ့ဂ်ဘာဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစကာ ယူနိုက်တက်အတွက် မကစားနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာတော့ ပေါ့ဂ်ဘာရဲ့ ပါးပါးနပ်နပ် ကျော်ဖြတ်မှုကို အဲရစ်ဒီယာတားဆီးရာကနေ ယူနိုက်တက်တို့ ပယ်နယ်တီရရှိခဲ့ပြီး ဖာနန်ဒက်စ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကစားခွင့်ရခဲ့တဲ့ နာရီဝက်အတွင်းမှာ ပေါ့ဂ်ဘာရဲ့ အံ့မခန်းပေးပို့မှုတွေကို မြင်တွေ့ခဲ့ရပြီး ကျေနပ်ဖွယ်ရာ ခြေစွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။
” ပေါ့ဘာရဲ့ ထောက်ပံ့ပေးနိုင်မှုတွေကို မြင်ခဲ့ရတာပါ၊ ရက်ရှ်ဖို့ဒ်ကို သူ ပေးပို့ခဲ့တာက ဒီနေ့ရဲ့ အကောင်းဆုံး ပေးပို့မှုဖြစ်ပြီး ပယ်နယ်တီ ရရှိချိန်မှာလည်း သူ့ရဲ့ ဘောလုံးပညာကျွမ်းကျင်မှုကို မြင်ခဲ့ရပါတယ်၊ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ၊ သူ ပြန်လာနိုင်တာ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်၊ သူ့အတွက် ကောင်းမွန်တဲ့ ကစားချိန်တွေကို ပေးခဲ့ပြီး သူကလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။
လာမယ့်ပွဲမှာ သူ ဒီထက်ပိုကစားနိုင်ပြီး ကစားခွင့်လည်းပိုရမှာပါ၊ သူက ပွဲတစ်ပွဲအပေါ် ဘယ်လောက်ထိ ဆာလောင်တောင့်တမှုရှိလဲဆိုတာ အားလုံးမြင်နိုင်ပါတယ်၊ အရမ်းကောင်းတဲ့ကစားသမားပါ၊ ကျွန်တော်တို့အသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ အတူတူကစားချင်တဲ့ အသင်းဖြစ်ပါတယ်။
နောက်ပြီး အသင်းက ခံစစ်နဲ့ တိုက်စစ်ကို ဟန်ချက်ညီအောင်ကစားဖို့ လိုအပ်နေပါသေးတယ်၊ ပေါလ်က ဒီနေ့မှာ ဘရူနိုနဲ့ တွဲကစားနိုင်တယ် ဆိုတာကို ပြသခဲ့ပြီး ဘရူနိုက ကျွန်တော်တို့အတွက် ဂိုးသွင်းပေးခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ဒီပွဲကို အရေးမနိမ့်ခဲ့လို့ ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပွဲစဉ် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး သူ့အတွက် ၆ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။