ေပါ့ဘာနဲ႕ တြဲ ေျခစြမ္းျပရင္ ယူနိုက္တက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ပါ ရနိုင္မယ္ ယံုၾကည္ေနတဲ့ ဖာနန္ဒက္ဇ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္ဇ္က စပါးအသင္းနဲ႔ တစ္ဖက္ကိုတစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္ အတြင္း ဒုတိယပိုင္း ပြဲကစားခ်ိန္မွာ သူနဲ႔ ေပါလ္ေပါ့ဘာတို႔ တြဲဖက္ကစားခြင့္ရခဲ့တဲ့အေပၚ ဝမ္းေျမာက္မိခဲ့ရသလို လာမယ့္ပြဲေတြ မွာလည္း ဒီလို တြဲဖက္ ကစားခြင့္ ရမယ္ဆိုရင္ အသင္းရဲ႕ ဒီရာသီ အျမင့္မားဆုံးေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္တဲ့ ခ်န္ပီယံလိဂ္ဝင္ေရာက္ကစားခြင့္ကိုပါ ပိုင္ဆိုင္ခြင့္ ရႏိုင္လိမ့္မယ္လို႔ ႀကံဳးဝါးေျပာဆိုလာခဲ့ပါတယ္။
ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ဟာ စပါးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရတဲ့ ပြဲစဥ္အတြင္းမွာ အတူတကြ ပြဲထြက္ကစားခြင့္ မရခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၆၃ မိနစ္မွာေတာ့ ေပါ့ဘာက ဖရက္ဒ္ရဲ႕ေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့ၿပီး ဖာနန္ဒက္စ္နဲ႔ တြဲကစားခဲ့ရသလို (၈၁)မိနစ္မွာလည္း ေပါ့ဘာေၾကာင့္ ပိုင္ဆိုင္ခဲ့ရတဲ့ ပင္နယ္တီကို ဖာနန္ဒက္စ္က အဆုံးသတ္သြင္းယူႏိုင္ခဲ့ပါတယ္။
အခုလို ကြင္းလယ္မွာ ေပါ့ဘာနဲ႔ ပထမဆုံးအႀကိမ္ တြဲဖက္ကစားခဲ့ရတဲ့အေပၚ ဖာနန္ဒက္စ္က – ” ကြၽန္ေတာ္တို႔ေတြ လြန္ခဲ့တဲ့ သီတင္းပတ္ေတြ ကတည္းက ေလ့က်င့္ခန္းေတြကို ႀကိဳးႀကိဳးစားစား လုပ္ေဆာင္ထားတာပါ။ ေလ့က်င့္ေရးအစီအစဥ္မွာေတာ့ ကြၽန္ေတာ္တို႔က တစ္ဖြဲ႕ခ်င္းစီ ေလ့က်င့္ရတာျဖစ္ၿပီးေတာ့ ကြၽန္ေတာ္က ေပါ့ဘာအတူ ေလ့က်င့္ရတာျဖစ္လို႔ ပြဲအတြင္းမွာၾကေတာ့ ကြၽန္ေတာ္တို႔ၾကား ဆက္သြယ္မႈကိုရွာဖို႔က ပိုလြယ္သြားတယ္။
ဒါေပမယ့္ တစ္သင္းလုံးနဲ႔ ခ်ိတ္ဆက္ႏိုင္မယ့္ ဆက္သြယ္မႈကို ရွာႏိုင္မယ္ဆိုရင္ေတာ့ ဒါက တစ္သင္းလုံးအတြက္ အက်ိဳးရွိသြားမွာပါ။ ေပါ့ဘာ လည္း ကြၽန္ေတာ့္လိုပဲ ထင္လိမ့္မယ္လို႔ ကြၽန္ေတာ္ယူဆမိတယ္။ သူလည္း ေပ်ာ္႐ႊင္ေနမွာပါ။ သူေၾကာင့္ပင္နယ္တီရတယ္။ ဒါကို ကြၽန္ေတာ္က ကန္သြင္းတယ္။ ဒါက အသင္းအတြက္ အေရးအႀကီးဆုံးပါပဲ။
ဘယ္သူဂိုးသြင္းမလဲ ဘယ္သူဖန္တီးေပးမလဲဆိုတာထက္ အသင္းအႏိုင္ရဖို႔ကပဲ ပိုၿပီးအေရးႀကီးပါတယ္။ ေရွ႕ဆက္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ကြၽန္ေတာ္တို႔ေတြ ဆက္လက္ႀကိဳးစားရပါမယ္။ ကြၽန္ေတာ္တို႔ထက္က အသင္းေတြနဲ႔ အမွတ္ကပ္ေနေအာင္လည္း ႀကိဳးစားေနရပါမယ္။ ” လို႔ ရွင္းလင္းေျပာဆိုသြားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားရဲ႕ အဆင့္(၅)ေနရာမွာပဲ ဆက္လက္ရပ္တည္ေနၿပီး အဆင့္(၄)ေနရာက ခ်ယ္လ္ဆီးအသင္းနဲ႔ ရမွတ္(၂)မွတ္ ကြာဟလို႔ေနပါတယ္။
Uni – မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဇ်က စပါးအသင်းနဲ့ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် အတွင်း ဒုတိယပိုင်း ပွဲကစားချိန်မှာ သူနဲ့ ပေါလ်ပေါ့ဘာတို့ တွဲဖက်ကစားခွင့်ရခဲ့တဲ့အပေါ် ဝမ်းမြောက်မိခဲ့ရသလို လာမယ့်ပွဲတွေ မှာလည်း ဒီလို တွဲဖက် ကစားခွင့် ရမယ်ဆိုရင် အသင်းရဲ့ ဒီရာသီ အမြင့်မားဆုံးမျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်ကိုပါ ပိုင်ဆိုင်ခွင့် ရနိုင်လိမ့်မယ်လို့ ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။
ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်အတွင်းမှာ အတူတကွ ပွဲထွက်ကစားခွင့် မရခဲ့ပေမယ့် ပွဲကစားချိန် ၆၃ မိနစ်မှာတော့ ပေါ့ဘာက ဖရက်ဒ်ရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်နဲ့ တွဲကစားခဲ့ရသလို (၈၁)မိနစ်မှာလည်း ပေါ့ဘာကြောင့် ပိုင်ဆိုင်ခဲ့ရတဲ့ ပင်နယ်တီကို ဖာနန်ဒက်စ်က အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။
အခုလို ကွင်းလယ်မှာ ပေါ့ဘာနဲ့ ပထမဆုံးအကြိမ် တွဲဖက်ကစားခဲ့ရတဲ့အပေါ် ဖာနန်ဒက်စ်က – ” ကျွန်တော်တို့တွေ လွန်ခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက လေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစား လုပ်ဆောင်ထားတာပါ။ လေ့ကျင့်ရေးအစီအစဉ်မှာတော့ ကျွန်တော်တို့က တစ်ဖွဲ့ချင်းစီ လေ့ကျင့်ရတာဖြစ်ပြီးတော့ ကျွန်တော်က ပေါ့ဘာအတူ လေ့ကျင့်ရတာဖြစ်လို့ ပွဲအတွင်းမှာကြတော့ ကျွန်တော်တို့ကြား ဆက်သွယ်မှုကိုရှာဖို့က ပိုလွယ်သွားတယ်။
ဒါပေမယ့် တစ်သင်းလုံးနဲ့ ချိတ်ဆက်နိုင်မယ့် ဆက်သွယ်မှုကို ရှာနိုင်မယ်ဆိုရင်တော့ ဒါက တစ်သင်းလုံးအတွက် အကျိုးရှိသွားမှာပါ။ ပေါ့ဘာ လည်း ကျွန်တော့်လိုပဲ ထင်လိမ့်မယ်လို့ ကျွန်တော်ယူဆမိတယ်။ သူလည်း ပျော်ရွှင်နေမှာပါ။ သူကြောင့်ပင်နယ်တီရတယ်။ ဒါကို ကျွန်တော်က ကန်သွင်းတယ်။ ဒါက အသင်းအတွက် အရေးအကြီးဆုံးပါပဲ။
ဘယ်သူဂိုးသွင်းမလဲ ဘယ်သူဖန်တီးပေးမလဲဆိုတာထက် အသင်းအနိုင်ရဖို့ကပဲ ပိုပြီးအရေးကြီးပါတယ်။ ရှေ့ဆက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကျွန်တော်တို့တွေ ဆက်လက်ကြိုးစားရပါမယ်။ ကျွန်တော်တို့ထက်က အသင်းတွေနဲ့ အမှတ်ကပ်နေအောင်လည်း ကြိုးစားနေရပါမယ်။ ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ ရမှတ်(၂)မှတ် ကွာဟလို့နေပါတယ်။