ရုန်းကန်နေစဉ်ကတောင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ လုံး၀ မစဉ်းစားတဲ့ အသင်းသား
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက ရပ်ရှ်ဖိုဒ့်ဟာ နည်းပြဟောင်း မော်ရင်ဟို လက်အောက်မှာတုန်းက ရုန်းကန် ခဲ့ရ သော်လည်း မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားဘူးလို့ ဝန်ခံခဲ့တာကို ပြန်လည်ပြောပြသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း အင်္ဂလန်တိုက်စစ်ကစားသမားဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘောလုံး ပွဲတွေ ရပ်နားထားချိန်မှာလည်း အစားအသောက် ချို့တဲ့နေတဲ့ ကလေးငယ်တွေကို လှူဒါန်းခဲ့လို့ ကွင်းတွင်း ကွင်းအပြင် ရင့်ကျက်မှုရှိ လာတယ်လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။
ရပ်ရှ်ဖိုဒ့်ဟာ မော်ရင်ဟို ရဲ့စပါးအသင်း နဲ့ (၁-၁) သရေကျခဲ့တဲ့ သောကြာနေ့ ညတုန်းက ပွဲမှာလည်း ယူနိုက်တက်အသင်းရဲ့ ပွဲထွက် (၁၁) ယောက် အသင်းမှာ ပါဝင် ကစားခဲ့ရပါတယ်။
ဒါပေမယ့် ရပ်ရှ်ဖိုဒ့်ဟာ မော်ရင်ဟို အိုးထရက်ဖိုဒ့်မှာ တာဝန်ယူထမ်းဆောင်တုန်းက ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တာဖြစ်ပါတယ်။
” ရပ်ရှ်ဖိုဒ့် မော်ရင်ဟို လက်အောက်မှာ ကစားတုန်းက ကောင်းမွန်တဲ့ အချိန်တွေ မပိုင်ဆိုင်ခဲ့ရဘူးလို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ‘ကျွန်တော် ဘယ်တော့ မှ မန်ချက်စတာယူနိုက်တက်က နေ ထွက်သွားမှာ မဟုတ်ဘူး’ လို့ ပြောပြခဲ့ပါတယ်။ ” လို့ အီဗရာက ထုတ်ဖော် ပြောပြသွားခဲ့ပါတယ်။
Zawgyi – မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက ရပ်ရှ်ဖိုဒ့်ဟာ နည်းပြဟောင်း မော်ရင်ဟို လက်အောက်မှာတုန်းက ရုန်းကန် ခဲ့ရ သော်လည်း မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားဘူးလို့ ဝန်ခံခဲ့တာကို ပြန်လည်ပြောပြသွားခဲ့ပါတယ်။