အသင်းခေါင်းဆောင်ပီပီ ယူနိုက်တက် အသင်းဖော်တွေအား မက်ဂွဲရား သတိပေးစကား ဆို

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေအနေနဲ့ ဒီထက်ပိုပြီး တိုးတက်လာအောင် ကြိုးစားဖို့လိုမယ်လို့ အသင်းခေါင်းဆောင် မက်ဂွဲရား က သတိပေး တိုက်တွန်းသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားရဖို့ရှိနေပြီး ဒီပွဲစဉ်ဟာ လာမယ့်နှစ် ဥရောပဝင်ခွင့်အတွက် တစ်စုံတစ်ရာ သက်ရောက်မှုရှိလာနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းသားတွေအနေနဲ့ ဒီပွဲကို အထူး သတိထား ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်လို့ မက်ဂွဲရားက ဆိုပါတယ်။

ဒီနှစ်သင်း ပထမအကျော့ ထိပ်တိုက်တွေ့ဆုံစဉ်ကတော့ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ အခု ဒုတိယအကျော့မှာ အကောင်းဆုံး ရလဒ်တစ်ခုရရှိနိုင်ဖို့ ကြိုးစားသွားမယ်လို့ မက်ဂွဲရားက ပြောကြားခဲ့ပါတယ်။

” ပထမအကျော့ သူတို့နဲ့ထိပ်တိုက်တွေ့ခဲ့တုန်းက ကျွန်တော်တို့ခြေစွမ်းက အားရစရာ မရှိခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းခြေစွမ်းက အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဒီရာသီ ကျွန်တော်တို့အသင်းရဲ့ အဆိုးရွားဆုံးသော ပထမပိုင်း စွမ်းဆောင်ရည်ပါပဲ။ ဒုတိယပိုင်းမှာတော့ လိုအပ်တဲ့ သွင်းဂိုးတွေကို ကျွန်တော်တို့ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ဟာ တစ်မှတ်ထက်ပိုပြီး မရသင့်ခဲ့တာအမှန်ပါပဲ။

အခုတစ်ကြိမ်မှာတော့ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဂရုစိုက်ကြရပါမယ်။ ဒီပွဲဟာ ဥရောပဝင်ခွင့်ကိုပါ တစ်စုံတစ်ရာ အဆုံးအဖြတ် ပေးမှာ ဖြစ်တဲ့ အတွက် လုံးဝပေါ့ဆလို့ မရပါဘူး။

ရှက်ဖီးယူနိုက်တက်ဟာလည်း အသင်းကောင်းတစ်သင်းပါပဲ။ ဒီရာသီမှာ အကောင်းဆုံးရလဒ်တွေ သူတို့ ရယူထားကြပါတယ်။ သတိကြီးကြီး ထားပြီး ကစားနိုင်မှ တော်ရုံကျမယ့် ပွဲပါ။ ” လို့ မက်ဂွဲရား က ပြောကြားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ကစားသမားေတြအေနနဲ႔ ဒီထက္ပိုၿပီး တိုးတက္လာေအာင္ ႀကိဳးစားဖို႔လိုမယ္လို႔ အသင္းေခါင္းေဆာင္ မက္ဂြဲရား က သတိေပး တိုက္တြန္းသြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ အနီးစပ္ဆုံးပြဲစဥ္အျဖစ္ လာမယ့္ဗုဒၶဟူးေန႔မွာ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ ကစားရဖို႔ရွိေနျပီး ဒီပြဲစဥ္ဟာ လာမယ့္ႏွစ္ ဥေရာပဝင္ခြင့္အတြက္ တစ္စုံတစ္ရာ သက္ေရာက္မႈရွိလာႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းသားေတြအေနနဲ႔ ဒီပြဲကို အထူး သတိထား ယွဥ္ၿပိဳင္သြားရမွာ ျဖစ္တယ္လို႔ မက္ဂြဲရားက ဆိုပါတယ္။

ဒီႏွစ္သင္း ပထမအေက်ာ့ ထိပ္တိုက္ေတြ႕ဆုံစဥ္ကေတာ့ တစ္ဖက္သုံးဂိုးစီ သေရက်ခဲ့တာ ျဖစ္ပါတယ္။ အခု ဒုတိယအေက်ာ့မွာ အေကာင္းဆုံး ရလဒ္တစ္ခုရရွိႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ မက္ဂြဲရားက ေျပာၾကားခဲ့ပါတယ္။

” ပထမအေက်ာ့ သူတို႔နဲ႔ထိပ္တိုက္ေတြ႕ခဲ့တုန္းက ကြၽန္ေတာ္တို႔ေျခစြမ္းက အားရစရာ မရွိခဲ့ပါဘူး။ အထူးသျဖင့္ ပထမပိုင္းေျခစြမ္းက အေတာ္ေလး ဆိုးရြားခဲ့ပါတယ္။ ဒီရာသီ ကြၽန္ေတာ္တို႔အသင္းရဲ႕ အဆိုးရြားဆုံးေသာ ပထမပိုင္း စြမ္းေဆာင္ရည္ပါပဲ။ ဒုတိယပိုင္းမွာေတာ့ လိုအပ္တဲ့ သြင္းဂိုးေတြကို ကြၽန္ေတာ္တို႔ ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီပြဲမွာ ကြၽန္ေတာ္တို႔ရဲ႕စြမ္းေဆာင္ရည္ဟာ တစ္မွတ္ထက္ပိုၿပီး မရသင့္ခဲ့တာအမွန္ပါပဲ။

အခုတစ္ႀကိမ္မွာေတာ့ ဒီလိုမျဖစ္ေအာင္ ကြၽန္ေတာ္တို႔ ဂ႐ုစိုက္ၾကရပါမယ္။ ဒီပြဲဟာ ဥေရာပဝင္ခြင့္ကိုပါ တစ္စုံတစ္ရာ အဆုံးအျဖတ္ ေပးမွာ ျဖစ္တဲ့ အတြက္ လုံးဝေပါ့ဆလို႔ မရပါဘူး။

ရွက္ဖီးယူႏိုက္တက္ဟာလည္း အသင္းေကာင္းတစ္သင္းပါပဲ။ ဒီရာသီမွာ အေကာင္းဆုံးရလဒ္ေတြ သူတို႔ ရယူထားၾကပါတယ္။ သတိႀကီးႀကီး ထားၿပီး ကစားႏိုင္မွ ေတာ္႐ုံက်မယ့္ ပြဲပါ။ ” လို႔ မက္ဂြဲရား က ေျပာၾကားခဲ့ပါတယ္။