ယူနိုက်တက်ရဲ့ လွှမ်းမိုးမှုကို လီဗာပူး မကျော်နိုင်သေးကြောင်း ကလော့ပ် ဝန်ခံစကားဆို
လီဗာပူးအနေနဲ့ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက်အသင်းလိုမျိုး ပရီးမီးယားလိဂ်ကို ကာလကြာရှည် လွှမ်းမိုးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နည်းပြ ယာဂင်ကလော့ပ်က ဝန်ခံလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ဆက်တိုက်ဝေးကွာနေခဲ့တာဖြစ်ပြီး ထိုကာလများမှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို ကာလအတန်ကြာ လွှမ်းမိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူး အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ရမှတ်တွေ အပြတ်အသတ် အသာရရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကို ရေရှည် လွှမ်းမိုးထားနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ နည်းပြကလော့ပ်က သုံးသပ်သွားခဲ့ပါတယ်။
” အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို ရေရှည်လွှမ်းမိုးထားနိုင်ဖို့ ခက်ပါတယ်။ ကျွန်တော်လည်း လီဗာပူးကို ယူနိုက်တက်လိုမျိုး နှစ်ရှည်လများ အောင်မြင်မှုတွေ ဆက်တိုက်ရယူပေးချင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကာလတုန်းက ယူနိုက်တက်မှာ ဒိတ်ဒိတ်ကြဲနည်းပြနဲ့ အကောင်းဆုံးကစားသမားတွေ ရှိနေခဲ့ပါတယ်။ ပြီးတော့ ငွေကြေးအင်အားတောင့်တင်းမှုပေါ့။
အောင်မြင်မှုကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့အတွက် ဒီအချက်တွေက အများကြီးအရေးပါပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့လည်း လက်ရှိ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာက ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ကိုယ်တစ်သင်းထဲ ဘောလုံးလောကကို လွှမ်းမိုးဖို့ဆိုတာတော့ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။ ” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာတော့ လီဗာပူးအသင်းဟာ ရမှတ် ၂၂ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိနေပြီး ပရီးမီးယားလိဂ်ဖလားကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။
Zawgyi – လီဗာပူးအေနနဲ႔ တစ္ခ်ိန္က မန္ခ်က္စတာ ယူနုိက္တက္အသင္းလိုမ်ိဳး ပရီးမီးယားလိဂ္ကို ကာလၾကာရွည္ လႊမ္းမိုးႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ နည္းျပ ယာဂင္ကေလာ့ပ္က ဝန္ခံလိုက္ပါတယ္။
လီဗာပူးအသင္းဟာ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားမွာ ပရီးမီးယားလိဂ္ဖလားနဲ႔ ဆက္တိုက္ေဝးကြာေနခဲ့တာျဖစ္ၿပီး ထိုကာလမ်ားမွာ ယူနုိက္တက္က ပရီးမီးယားလိဂ္ကို ကာလအတန္ၾကာ လႊမ္းမိုးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
လီဗာပူး အသင္းအေနနဲ႔ ဒီႏွစ္ေဘာလုံးရာသီမွာ ရမွတ္ေတြ အျပတ္အသတ္ အသာရရွိခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ကို ေရရွည္ လႊမ္းမိုးထားႏိုင္ဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ နည္းျပကေလာ့ပ္က သုံးသပ္သြားခဲ့ပါတယ္။
” အ႐ိုးသားဆုံးေျပာရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ကို ေရရွည္လႊမ္းမိုးထားႏိုင္ဖို႔ ခက္ပါတယ္။ ကြၽန္ေတာ္လည္း လီဗာပူးကို ယူႏိုက္တက္လိုမ်ိဳး ႏွစ္ရွည္လမ်ား ေအာင္ျမင္မႈေတြ ဆက္တိုက္ရယူေပးခ်င္ပါတယ္။ ဒါေပမဲ့ အဲ့ဒီကာလတုန္းက ယူႏိုက္တက္မွာ ဒိတ္ဒိတ္ႀကဲနည္းျပနဲ႔ အေကာင္းဆုံးကစားသမားေတြ ရွိေနခဲ့ပါတယ္။ ၿပီးေတာ့ ေငြေၾကးအင္အားေတာင့္တင္းမႈေပါ့။
ေအာင္ျမင္မႈကို ေရရွည္ဆက္ထိန္းထားႏိုင္ဖို႔အတြက္ ဒီအခ်က္ေတြက အမ်ားႀကီးအေရးပါပါတယ္။ ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔လည္း လက္ရွိ ေအာင္ျမင္မႈကို ဆက္ထိန္းထားႏိုင္ဖို႔ အေကာင္းဆုံးႀကိဳးစားသြားမွာပါ။ ဒါေပမဲ့ ဒီဘက္ေခတ္မွာက ၿပိဳင္ဆိုင္မႈေတြ ပိုမိုျပင္းထန္လာတဲ့အတြက္ ကိုယ္တစ္သင္းထဲ ေဘာလုံးေလာကကို လႊမ္းမိုးဖို႔ဆိုတာေတာ့ ေလာေလာဆယ္ မျဖစ္ႏိုင္ေသးပါဘူး။ ” လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။
ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ လီဗာပူးအသင္းဟာ ရမွတ္ ၂၂ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္လ်က္ရွိေနၿပီး ပရီးမီးယားလိဂ္ဖလားကို တစ္ေက်ာ့ျပန္ ဆြတ္ခူးႏိုင္ဖို႔ ေသခ်ာသေလာက္ ျဖစ္ေနပါတယ္။