ကြားရက်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ရှက်ဖီးပွဲအတွက် လော်ရိုးရဲ့ ပွဲကြိုခန့်မှန်း
ဒီအပတ် ကြားရက်မှာတော့ ယူနိုက်တက်က ရှက်ဖီးကို အိုထရတ်ဖိုဒ့်ကွင်းးမှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပိုမိုအားသာချက်လာဖို့ ဒီပွဲကို ယူနိုက်တက်က အားထည့်ကစားရမှာ ဖြစ်တယ်။
လော်ရိုးက သုံးသပ်ရာမှာ ” ပရီးမီးယားလိဂ် ပြန်စကတည်းက ရှက်ဖီးက တိုက်စစ်ပိုင်း သက်ရောက်မှုမရှိ ဖြစ်နေတဲ့ အသင်းဖြစ်တယ်။ အဲ့တာကပဲ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ဖို့ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။ အဲ့တာအပြင် ရှက်ဖီးက အဟန့်အတားတွေ ရင်ဆိုင်နေရတယ်။ တနင်္ဂနွေနေ့က နယူးကာဆယ်နဲ့ပွဲမှာ အနီကဒ်ပြ ထုတ်ပယ်ခံရတယ်၊ အက်စတွန်ဗီလာနဲ့ပွဲမှာလည်း သူတို့သွင်းဂိုးကို ဂိုးအဖြစ် မပေးခဲ့ဘူး။
ရှက်ဖီးအတွက်တော့ ဒီပွဲက တတိယပွဲပဲ သူတို့ရဲ့ ခက်ခဲနေမှုတွေအရ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်ပဲ အနိုင်ရမယ်လို့ ကျနော် ထင်တယ်။ စပါးနဲ့ပွဲမှာ အိုလီရဲ့ အသင်းက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်။
ဒီဂီယာရဲ့ အမှားက သူတို့ကို ဂိုးပေးစေခဲ့ရပေမယ့် သူတို့မှာ အရည်အချင်းရှိ ကစားသမားတွေရှိပြီး အသင်းအနေနဲ့ ပိုမို အလေးအနက် ကစားနိုင်မယ်လို့ ခံစားရတယ်။ ဒီရီယာက ရုတ်တရတ်ကြီး ညံ့ဖျင်းတဲ့ ဂိုးသမား ဖြစ်သွားတာ မဟုတ်ပါဘူး။ သူက ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဆုကို သုံးကြိမ်ရထားသူပါ။ နည်းစနစ်ပိုင်း နည်းနည်း မှားသွားတာဖြစ်ပြီး ပုံမှန်အတိုင်း ပြန်ဖမ်းနိုင်မှာပါ။ ” လို့ ဖြစ်ပါတယ်။
မန်ယူနိုက်တက် နဲ့ ရှက်ဖီးပွဲအတွက် လော်ရိုး ခန့်မှန်းရလဒ်ကတော့ အိမ်ရှင် မန်ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။
ZAWGYI