ယူနိုက်တက်အတွက် အောင်မြင်မှုတွေ ဆိုးလ်ရှား ယူဆောင်ပေးနိုင်မယ်လို့ ထောက်ခံမှု
နည်းပြဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဒင်းနစ်အာဝင်က ယုံကြည်နေပါတယ်။ ဒင်းနစ်အာဝင်ဟာ ကစားသမားဘဝမှာ ဆိုးလ်ရှားနဲ့အတူ ယူနိုက်တက်အတွက် ကစားပေးခဲ့ ဖူးတာ ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေဟာ အောင်မြင်မှုကို အထူး ဆာလောင်ကြသူတွေဖြစ်တာကြောင့် ဆိုးလ်ရှားအနေနဲ့ ဖိအားဒဏ်ကိုတော့ ခံနိုင်ရည်ရှိမှ ဖြစ်မယ်လို့လည်း အာဝင်က သုံးသပ်သွားခဲ့ပါတယ်။
” ကျွန်တော် ကစားသမားဘဝတုန်းက ဆိုးလ်ရှားနဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက် တွဲကစားခဲ့ဖူးပါတယ်။ ဆိုးလ်ရှားဟာ သင်ယူလိုစိတ် ပြင်းပြသူ တစ်ဦးဖြစ်ပြီး နည်းပြဖြစ်လာဖို့ အတော်လေး ဆန္ဒပြင်းပြခဲ့သူတစ်ယောက်ပါ။ ကစားသမားဘဝမှာ သူဟာ အရန်ခုံကနေ ပွဲအနေအထားကို အမြဲတမ်း ဖတ်ရှုနေလေ့ရှိပြီး ဝင်ကစားခွင့်ရပြီဆိုတာနဲ့ တစ်ဖက်ခံစစ်ကြောင်းရဲ့ အားနည်းချက်ကို အသုံးချပြီး ဂိုးတွေ သွင်းယူတတ်တာ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်။
သူက အတော်လေးလည်း ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ယူနိုက်တက် နည်းပြဖြစ်လာတာကို ကျွန်တော် မအံ့သြမိပါဘူး။ သူဟာ အသင်းကို အောင်မြင်မှုတွေရအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ဒါပေမဲ့ ခေတ်အဆက်ဆက် မန်ယူပရိသတ်တွေဟာ အောင်မြင်မှုကို အထူးဆာလောင်ကြသူတွေဖြစ်တာကြောင့် ဆိုးလ်ရှားအနေနဲ့ ဖိအားဒဏ် တွေတော့ အများကြီးခံရပါလိမ့်မယ်။ သူ့အနေနဲ့ ဒါကို ခံနိုင်ရည်ရှိဖို့ အရေးကြီးပါတယ်။ ” လို့ ဒင်းနစ်အာဝင်က ပြောကြားခဲ့ပါတယ်။
Zawgyi – နည္းျပဆိုးလ္ရွားဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို ေအာင္ျမင္မႈေတြရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ကစားသမားေဟာင္း တစ္ဦးျဖစ္သူ ဒင္းနစ္အာဝင္က ယုံၾကည္ေနပါတယ္။ ဒင္းနစ္အာဝင္ဟာ ကစားသမားဘဝမွာ ဆိုးလ္ရွားနဲ႔အတူ ယူနိုက္တက္အတြက္ ကစားေပးခဲ့ ဖူးတာ ျဖစ္ပါတယ္။
ယူနိုက္တက္ပရိသတ္ေတြဟာ ေအာင္ျမင္မႈကို အထူး ဆာေလာင္ၾကသူေတြျဖစ္တာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ဖိအားဒဏ္ကိုေတာ့ ခံႏိုင္ရည္ရွိမွ ျဖစ္မယ္လို႔လည္း အာဝင္က သုံးသပ္သြားခဲ့ပါတယ္။
” ကြၽန္ေတာ္ ကစားသမားဘဝတုန္းက ဆိုးလ္ရွားနဲ႔ ေျခာက္ႏွစ္၊ ခုနစ္ႏွစ္ေလာက္ တြဲကစားခဲ့ဖူးပါတယ္။ ဆိုးလ္ရွားဟာ သင္ယူလိုစိတ္ ျပင္းျပသူ တစ္ဦးျဖစ္ၿပီး နည္းျပျဖစ္လာဖို႔ အေတာ္ေလး ဆႏၵျပင္းျပခဲ့သူတစ္ေယာက္ပါ။ ကစားသမားဘဝမွာ သူဟာ အရန္ခုံကေန ပြဲအေနအထားကို အၿမဲတမ္း ဖတ္ရႈေနေလ့ရွိၿပီး ဝင္ကစားခြင့္ရၿပီဆိုတာနဲ႔ တစ္ဖက္ခံစစ္ေၾကာင္းရဲ႕ အားနည္းခ်က္ကို အသုံးခ်ၿပီး ဂိုးေတြ သြင္းယူတတ္တာ အားလုံး သိၿပီး ျဖစ္ပါလိမ့္မယ္။
သူက အေတာ္ေလးလည္း ဉာဏ္ေကာင္းတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ယူနိုက္တက္ နည္းျပျဖစ္လာတာကို ကြၽန္ေတာ္ မအံ့ၾသမိပါဘူး။ သူဟာ အသင္းကို ေအာင္ျမင္မႈေတြရေအာင္ ဦးေဆာင္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။
ဒါေပမဲ့ ေခတ္အဆက္ဆက္ မန္ယူပရိသတ္ေတြဟာ ေအာင္ျမင္မႈကို အထူးဆာေလာင္ၾကသူေတြျဖစ္တာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ဖိအားဒဏ္ ေတြေတာ့ အမ်ားႀကီးခံရပါလိမ့္မယ္။ သူ႔အေနနဲ႔ ဒါကို ခံႏိုင္ရည္ရွိဖို႔ အေရးႀကီးပါတယ္။ ” လို႔ ဒင္းနစ္အာဝင္က ေျပာၾကားခဲ့ပါတယ္။