ယူနိုက်တက် ဂျာစီကို ဝတ်ထားရတိုင်း အသင်းအတွက် ပေးဆပ်သွားမယ် ဆိုတဲ့ တော်မီနေးရဲ့ ဝမ်းမြောက်စကား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား တော်မီနေးကို ၂၀၂၅ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမယ့် (၅) နှစ် ကာလရှည် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပါတယ်။ တွမ်မီနေးဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်နေတဲ့ ဆိုးလ်ရှားရဲ့ ကွင်းလယ်တစ်ကျောမှာ အရေးပါနေတဲ့ ကစားသမားပါ။

စကော့တလန် လက်ရွေးစင်ကစားသမားက ယူနိုက်တက်အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုနိုင်တဲ့ အတွက် ဝမ်းမြောက် ပျော်ရွှင်နေပြီး ဒီအသင်း ဂျာစီကို ဝတ်ထားရတိုင်း အစွမ်းကုန် ပေးဆပ်မှာ ဖြစ်ကြောင်း ကတိစကား ဆိုခဲ့ပါတယ်။

” အခုအချိန် ကျွန်တေ်ာတို့ အားလုံးမှာ အခြားစဉ်းစားစရာတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီအသင်းရဲ့ အနာဂတ်မှာ ပါဝင်ခွင့်ရမယ့် ဒီလို စာချုပ် ချုပ်ဆိုနိုင်တဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ယူနိုက်တက် အတွက် ကျွန်တော် အမြဲတမ်း နားလည် ထားတာက အသင်းအတွက် ကစားရတဲ့အခါတိုင်း ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကို အမြဲတမ်း ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီအင်္ကျီကို ဝတ်ထားရတဲ့အခါတိုင်း အသင်းအတွက် အရာရာပေးဆပ်သွားမှာပါ။ နည်းပြကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ အသင်းမှာ ကျွန်တော် ဒီလို နေရာ ရောက်အောင် ကူညီခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ရာသီ ကုန်တဲ့အထိ ကျွန်တော်တို့ မျှော်မှန်ထားတဲ့ ရည်ရွယ်ချက်ကို ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ကွင်းလယ် ကစားသမားက ပြောသွား ခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစးသမား ဟာ ၂၀၁၂ ခုနှစ်ကတည်းက အိုးထရက်ဖိုဒ့်ကို ရောက်ရှိနေသူဖြစ်ပြီး အသင်းအတွက် ၂၀၁၇ ခုနှစ်က အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမဆုံး ပွဲဦးထွက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၇၅) ပွဲကစားထားသူဖြစ်ပါတယ်။ တော်မီနေးဟာ ယူနိုက်တက် အသင်းအတွက် ဒီနှစ်ဘောလုံးရာသီမှာ (၂၈) ပွဲကစားထားပြီး (၅) ဂိုးသွင်းကာ (၁) ဂိုး ဖန်တီးပေး ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ကြင္းလယ္ကစားသမား ေတာ္မီေနးကို ၂၀၂၅ ခုႏွစ္အထိ အသင္းမွာ ဆက္ရွိေနမယ့္ (၅) ႏွစ္ ကာလရွည္ စာခ်ဳပ္သစ္ တစ္ရပ္ကို ခ်ဳပ္ဆိုလိုက္ပါတယ္။ တြမ္မီေနးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ ဆိုးလ္ရွားရဲ႕ ကြင္းလယ္တစ္ေက်ာမွာ အေရးပါေနတဲ့ ကစားသမားပါ။

စေကာ့တလန္ လက္ေ႐ြးစင္ကစားသမားက ယူႏိုက္တက္အသင္းနဲ႔ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္တဲ့ အတြက္ ၀မ္းေျမာက္ ေပ်ာ္ရႊင္ေနျပီး ဒီအသင္း ဂ်ာစီကို ၀တ္ထားရတိုင္း အစြမ္းကုန္ ေပးဆပ္မွာ ျဖစ္ေၾကာင္း ကတိစကား ဆိုခဲ့ပါတယ္။

” အခုအခ်ိန္ ကြၽန္ေတ္ာတို႔ အားလုံးမွာ အျခားစဥ္းစားစရာေတြ အမ်ားႀကီးရွိတယ္ဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္။ ဒီအသင္းရဲ႕ အနာဂတ္မွာ ပါဝင္ခြင့္ရမယ့္ ဒီလို စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္တဲ့အတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္ပါတယ္။ ယူႏိုက္တက္ အတြက္ ကြၽန္ေတာ္ အၿမဲတမ္း နားလည္ ထားတာက အသင္းအတြက္ ကစားရတဲ့အခါတိုင္း ကြၽန္ေတာ့္ရဲ႕ စိတ္အားထက္သန္မႈကို အၿမဲတမ္း ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဒီအက်ႌကို ဝတ္ထားရတဲ့အခါတိုင္း အသင္းအတြက္ အရာရာေပးဆပ္သြားမွာပါ။ နည္းျပႀကီးကိုလည္း ေက်းဇူးတင္ပါတယ္။ အသင္းမွာ ကြၽန္ေတာ္ ဒီလို ေနရာ ေရာက္ေအာင္ ကူညီခဲ့တဲ့ လူတိုင္းကို ေက်းဇူးတင္ပါတယ္။ ရာသီ ကုန္တဲ့အထိ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္ထားတဲ့ ရည္႐ြယ္ခ်က္ကို ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ကြင္းလယ္ ကစားသမားက ေျပာသြား ခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္ အ႐ြယ္ ကစးသမား ဟာ ၂၀၁၂ ခုႏွစ္ကတည္းက အိုးထရက္ဖိုဒ့္ကို ေရာက္ရွိေနသူျဖစ္ၿပီး အသင္းအတြက္ ၂၀၁၇ ခုႏွစ္က အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပထမဆုံး ပြဲဦးထြက္ ကစားခဲ့ၿပီး ၿပိဳင္ပြဲစုံ (၇၅) ပြဲကစားထားသူျဖစ္ပါတယ္။ ေတာ္မီေနးဟာ ယူႏိုက္တက္ အသင္းအတြက္ ဒီႏွစ္ေဘာလုံးရာသီမွာ (၂၈) ပြဲကစားထားၿပီး (၅) ဂိုးသြင္းကာ (၁) ဂိုး ဖန္တီးေပးထားပါတယ္။