ရှက်ဖီးနဲ့ ပွဲမှ အကွက်ကုန် ထုတ်သုံးဖို့ ယူနိုက်တက်နည်းပြ ဆိုးရှား ပြင်ဆင်ထား

ရှက်ဖီးယူနိုက်တက်နဲ့ ကစားရမယ့် ဒီနေ့ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားက ကွင်းလယ်လူပေါ့ဂ်ဘာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမယ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ကွင်းလယ်မှာ ပထမဆုံးအကြိမ်အဖြစ် ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့အတွဲအဖက်ကို အတူတကွ ပွဲထွက် ကစားတာမြင်တွေ့ရမှာဖြစ်ပြီး ဆိုးလ်ရှားကတော့ သူ့အကွက်ကုန် ထုတ်သုံးဖို့ ရည်ရွယ်နေပါတယ်။

ပေါ့ဂ်ဘာဟာ စပါးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ ပွဲချိန်မိနစ် ၆၀ မှာ လူစားလဲဝ င်ရောက်ခဲ့ပြီးနောက် ပြင်သစ်ကွင်းလယ်လူက ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအတွက် ချေပဂိုးကိုလည်း သူ့ရဲ့အားထုတ်မှုကြောင့် ရရှိခဲ့တဲ့ ပယ်နယ်တီကတဆင့် ဖာနန်ဒက်စ်က သွင်းယူနိုင်ခဲ့ပါတယ်။

ထိုပွဲမှာတော့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးရဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်း တည့်တည့်ကို အံ့မခန်းပေးပို့မှုတစ်ခု ပြုလုပ်နိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဝင်ရောက်လာပြီးမှ ယူနိုက်တက်အသင်းကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး တိုက်စစ်ပိုင်းက ပိုမို ဖိအားပေးကစားနိုင်ခဲ့ကာ ချေပဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း ဆိုးလ်းရှားက ပေါ့ဂ်ဘာကို ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ခြေစွမ်းအပေါ်ကိုလည်း အသင်းပရိသတ်တွေကိုယ်တိုင်က ချီးကျူးပြောဆိုခဲ့ကာ ပိုမိုကြိုးစားပေးဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိမှာ အဆင့်ငါးနေရာရပ်တည်နေပြီး ချယ်လ်ဆီးအသင်းနဲ့ ၅ မှတ်ကွာဟနေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့အချိန်ကို ရောက်ရှိနေတာဖြစ်ပြီး အားထားရတဲ့ ကစားသမားကို အသုံးပြုခွင့်ရမှာက ဆိုးလ်ရှားအတွက် အားတက်စရာ တစ်ခုဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်ထားပြီး ဆိုးလ်ရှားလက်ထက်မှာ အချိန်အကြာဆုံး ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi – ရွက္ဖီးယူႏိုက္တက္နဲ႔ ကစားရမယ့္ ဒီေန႔ပြဲစဥ္မွာ နည္းျပဆိုးလ္ရွားက ကြင္းလယ္လူေပါ့ဂ္ဘာကို ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳမယ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္ကြင္းလယ္မွာ ပထမဆုံးအႀကိမ္အျဖစ္ ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္တို႔အတြဲအဖက္ကို အတူတကြ ပြဲထြက္ ကစားတာျမင္ေတြ႕ရမွာျဖစ္ၿပီး ဆိုးလ္ရွားကေတာ့ သူ႔အကြက္ကုန္ ထုတ္သံုးဖို႔ ရည္ရြယ္ေနပါတယ္။

ေပါ့ဂ္ဘာဟာ စပါးနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အတြက္ လူစားဝင္ကစားသမားအျဖစ္နဲ႔သာ ပါဝင္ခဲ့ရသူျဖစ္ပါတယ္။ ပြဲခ်ိန္မိနစ္ ၆၀ မွာ လူစားလဲဝ င္ေရာက္ခဲ့ၿပီးေနာက္ ျပင္သစ္ကြင္းလယ္လူက ေျခစြမ္းျပႏိုင္ခဲ့ကာ အသင္းအတြက္ ေခ်ပဂိုးကိုလည္း သူ႔ရဲ႕အားထုတ္မႈေၾကာင့္ ရရွိခဲ့တဲ့ ပယ္နယ္တီကတဆင့္ ဖာနန္ဒက္္စ္က သြင္းယူႏိုင္ခဲ့ပါတယ္။

ထိုပြဲမွာေတာ့ ေပါ့ဂ္ဘာဟာ ကမာၻ႔အဆင့္ကြင္းလယ္လူတစ္ဦးရဲ႕ ေျခစြမ္းကို ျပသႏိုင္ခဲ့ၿပီး မားကပ္စ္ရက္ရွ္ဖို႔ဒ္ရဲ႕ ေျပးလမ္းေၾကာင္း တည့္တည့္ကို အံ့မခန္းေပးပို႔မႈတစ္ခု ျပဳလုပ္ႏိုင္ခဲ့့ပါတယ္။ ေပါ့ဂ္ဘာဝင္ေရာက္လာၿပီးမွ ယူႏိုက္တက္အသင္းကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ၿပီး တိုက္စစ္ပိုင္းက ပိုမို ဖိအားေပးကစားႏိုင္ခဲ့ကာ ေခ်ပဂိုးရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာလည္း ဆိုးလ္းရွားက ေပါ့ဂ္ဘာကို ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ေပါ့ဂ္ဘာရဲ႕ေျခစြမ္းအေပၚကိုလည္း အသင္းပရိသတ္ေတြကိုယ္တိုင္က ခ်ီးက်ဴးေျပာဆိုခဲ့ကာ ပိုမိုႀကိဳးစားေပးဖို႔အတြက္လည္း ေတာင္းဆိုခဲ့ၾကပါတယ္။ ယူႏိုက္တက္ကေတာ့ လက္ရွိမွာ အဆင့္ငါးေနရာရပ္တည္ေနၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔ ၅ မွတ္ကြာဟေနတာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါတဲ့အခ်ိန္ကို ေရာက္ရွိေနတာျဖစ္ၿပီး အားထားရတဲ့ ကစားသမားကို အသုံးျပဳခြင့္ရမွာက ဆိုးလ္ရွားအတြက္ အားတက္စရာ တစ္ခုျဖစ္လာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေနာက္ဆုံး ၁၂ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္တင္ထားၿပီး ဆိုးလ္ရွားလက္ထက္မွာ အခ်ိန္အၾကာဆုံး ရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္ထားခဲ့တာလည္းျဖစ္ပါတယ္။