မန်ယူနိုက်တက် Vs ရှက်ဖီးပွဲ အတွက် စကိုင်းစပေါ့ သုံးသပ်ခန့်မှန်းချက်
ဒီတစ်ပတ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားမယ့် မန်ယူနိုက်တက် Vs ရှက်ဖီးပွဲ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ခန့်မှန်းချက်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ဒီပွဲ ပွဲချိန်ကတော့ ဒီနေ့ည ၁၁း၃၀ မှာ ဖြစ်ပါတယ်။
” ရှက်ဖီးက အက်စတွန်ဗီလာနဲ့ပွဲမှာ တည်ဆောက်ပုံ ကောင်းခဲ့ပါတယ်။ သူတို့က ပုံစံကောင်းတွေ ရနေပြီး ပုံစံကောင်းတွေအရ ထိပ်ဆုံး ၆ သင်းနဲ့ အဲ့ထက် ပိုမြင့်တဲ့ အနေအထားကိုတောင် ရောက်နိုင်ပါတယ်။ အဲ့လို အနေအထားမှာ ဘောလုံးပွဲတွေ ရပ်နားလိုက်ရတာက သူတို့ အပြစ် မဟုတ်ပါဘူး။ သူတို့ ပုံစံကောင်းတွေ ပြန်ရယူဖို့ ခက်ခဲနေပါတယ်။ ဒါကို ပြန်ရှာရမှာပါ။
ရှက်ဖီးက အကောင်းဆုံး လုပ်ဆောင်ထားပေမယ့် ဥရောပအဆင့်ကို ရောက်လိုတယ်ဆိုရင် သူတို့ ပုံစံကောင်းတွေ နောက်တစ်ကြိမ် ထပ်ရှာနိုင်ဖို့ လိုပါတယ်။ သူတို့က ဖရိုဖရဲတွေ ဖြစ်နေပါတယ်။
စပါးကို ရင်ဆိုင်တဲ့ပွဲမှာ ပိုကောင်းတဲ့အသင်းက ယူနိုက်တက်ဖြစ်ခဲ့ပေမယ့် ပွဲတစ်ခုလုံးတော့ ကစားပုံ မကောင်းခဲ့ပါဘူး။ ပေါ့ဘာ ပါဝင်လာချိန်မှာ သူတို့ ကစားပုံက အကောင်းဆုံး ဖြစ်ခဲ့တယ်။ ရပ်ဖိုဒ့်ကလည်း ပုံစံကောင်းမှာ ရနေပြီး အခုချိန်မှာတော့ ဆိုးရှားက ပေါ့ဘာကို ကစားခွင့် ပေးမှာပါ။
ဒီဂီယာက သေသေချာချာ လုပ်ဖို့ လိုပေမယ့် သူရဲ့ စွမ်းဆောင်ရည်တွေမှာက ထိပ်တန့်အဆင့်မှာ ရှိမနေပါဘူး။ ဝုဗ်နဲ့ ချယ်ဆီးက နိုင်ပွဲတွေ ရနေတာကြောင့် ယူနိုက်တက်ကလည်း နိုင်ပွဲတွေ ရယူဖို့ လိုပါတယ်။ သူတို့က ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ လုံလောက်အောင် ကောင်းတယ်ဆိုတာ သက်သေပြရမှာပါ။ မာရှယ်က ဂိုးသွင်းခြေ ရနိုင်ပါတယ်။ ” လို့ ချာလီက သုံးသပ် ပြောဆိုထားပါတယ်။
ချာလီနီကိုးလက်စ်ရဲ့ ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် ၂-၀ ရှက်ဖီး
Zawgyi – ဒီတစ္ပတ္ အိုးထရက္ဖို႔ဒ္ကြင္းမွာ ယွဥ္ျပိဳင္ ကစားမယ့္ မန္ယူနုိက္တက္ Vs ရွက္ဖီးပြဲ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခန္႔မွန္းခ်က္ေတြ ထြက္ေပၚေနျပီ ျဖစ္ပါတယ္။ ဒီပြဲ ပြဲခ်ိန္ကေတာ့ ဒီေန႔ည ၁၁း၃၀ မွာ ျဖစ္ပါတယ္။
” ရွက္ဖီးက အက္စတြန္ဗီလာနဲ႔ပြဲမွာ တည္ေဆာက္ပုံ ေကာင္းခဲ့ပါတယ္။ သူတို႔က ပုံစံေကာင္းေတြ ရေနၿပီး ပုံစံေကာင္းေတြအရ ထိပ္ဆုံး ၆ သင္းနဲ႔ အဲ့ထက္ ပိုျမင့္တဲ့ အေနအထားကိုေတာင္ ေရာက္ႏိုင္ပါတယ္။ အဲ့လို အေနအထားမွာ ေဘာလုံးပြဲေတြ ရပ္နားလိုက္ရတာက သူတို႔ အျပစ္ မဟုတ္ပါဘူး။ သူတို႔ ပုံစံေကာင္းေတြ ျပန္ရယူဖို႔ ခက္ခဲေနပါတယ္။ ဒါကို ျပန္ရွာရမွာပါ။
ရွက္ဖီးက အေကာင္းဆုံး လုပ္ေဆာင္ထားေပမယ့္ ဥေရာပအဆင့္ကို ေရာက္လိုတယ္ဆိုရင္ သူတို႔ ပုံစံေကာင္းေတြ ေနာက္တစ္ႀကိမ္ ထပ္ရွာႏိုင္ဖို႔ လိုပါတယ္။ သူတို႔က ဖ႐ိုဖရဲေတြ ျဖစ္ေနပါတယ္။
စပါးကို ရင္ဆိုင္တဲ့ပြဲမွာ ပိုေကာင္းတဲ့အသင္းက ယူႏိုက္တက္ျဖစ္ခဲ့ေပမယ့္ ပြဲတစ္ခုလုံးေတာ့ ကစားပုံ မေကာင္းခဲ့ပါဘူး။ ေပါ့ဘာ ပါဝင္လာခ်ိန္မွာ သူတို႔ ကစားပုံက အေကာင္းဆုံး ျဖစ္ခဲ့တယ္။ ရပ္ဖိုဒ့္ကလည္း ပုံစံေကာင္းမွာ ရေနၿပီး အခုခ်ိန္မွာေတာ့ ဆိုးရွားက ေပါ့ဘာကို ကစားခြင့္ ေပးမွာပါ။
ဒီဂီယာက ေသေသခ်ာခ်ာ လုပ္ဖို႔ လိုေပမယ့္ သူရဲ႕ စြမ္းေဆာင္ရည္ေတြမွာက ထိပ္တန႔္အဆင့္မွာ ရွိမေနပါဘူး။ ဝုဗ္နဲ႔ ခ်ယ္ဆီးက ႏိုင္ပြဲေတြ ရေနတာေၾကာင့္ ယူႏိုက္တက္ကလည္း ႏိုင္ပြဲေတြ ရယူဖို႔ လိုပါတယ္။ သူတို႔က ထိပ္ဆုံး ေလးသင္းထဲ ဝင္ဖို႔ လုံေလာက္ေအာင္ ေကာင္းတယ္ဆိုတာ သက္ေသျပရမွာပါ။ မာရွယ္က ဂိုးသြင္းေျခ ရႏိုင္ပါတယ္။ ” လို႔ ခ်ာလီက သံုးသပ္ ေျပာဆိုထားပါတယ္။
ခ်ာလီနီကိုးလက္စ္ရဲ႕ ခန္႕မွန္းရလဒ္။ ။ ယူႏိုက္တက္ ၂-၀ ရွက္ဖီး