ဆာအဲလက်စ် အနားယူပြီးနောက်ပိုင်း ပထမဆုံး ဟက်ထရစ် ဂိုးသွင်းရှင် ဖြစ်လာတဲ့ မာရှယ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးအန်သိုနီမာရှယ်ဟာ ရှက်ဖီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၇ နှစ် အတွင်း ယူနိုက်တက်အတွက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် မာရှယ်ရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်လည်းဖြစ်ကာ ယူနိုက်တက် အတွက် ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ပြန်မြင်ရတဲ့ ဟက်ထရစ်လည်း ဖြစ်တာကြောင့် ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်လာခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီဖြစ်ခဲ့ပြီး ဗန်ပါစီက အက်စတွန်ဗီလာနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ အဲဒီ နောက်မှာ ဖာဂူဆန်အ နားယူသွားခဲ့သလို ယူနိုက်တက်အတွက်လည်း ဟက်ထရစ်သွင်းယူပေးနိုင်တဲ့ ကစားသမားပေါ်ထွက်မလာခဲ့တာ ၇ နှစ် အထိ ရှိခဲ့ပြီး အဆိုပါမှတ်တမ်းဆိုးကို မာရှယ်က ချေဖျက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်မှာ အသင်းပေါင်း ၂၁ သင်းအထိ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြပြီး လက်ရှိတတိယတန်းမှာ ကစားနေတဲ့ဆန်းဒါးလန်းအသင်းကတောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်းမပါဝင်ခဲ့ဘဲရှိခဲ့ပြီး နည်းပြဆိုးလ်ရှား လက်ထက်မှာမှ မာရှယ်က စွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
အန်သိုနီ မာရှယ်ဟာ ရက်ရှ်ဖို့ဒ်၊ ဘစ်စ်ကာတို့ရဲ့ ဖန်တီးပေးမှုတွေကလည်း သွင်းယူခဲ့တာဖြစ်ပြီး နောက်ဆုံးသွင်းဂိုးကိုတော့ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မာရှယ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ပြိုင်ပွဲစုံသွင်းဂိုးကလည်း ၁၉ ဂိုးအထိရှိလာခဲ့လို့ ယူနိုက်တက်ကစားသမားဘဝ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးအန္သိုနီမာရွယ္ဟာ ရွက္ဖီးနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ၇ ႏွစ္ အတြင္း ယူႏိုက္တက္အတြက္ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။
ဒါ့အျပင္ မာရွယ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္လည္းျဖစ္ကာ ယူနိုက္တက္ အတြက္ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူျပီးေနာက္ပိုင္း ျပန္ျမင္ရတဲ့ ဟက္ထရစ္လည္း ျဖစ္တာေၾကာင့္ ဂုဏ္ယူစရာအခိုက္အတန႔္ျဖစ္လာခဲ့ပါတယ္။
၂၀၁၃ ခုႏွစ္မွာ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ ေနာက္ဆုံးရာသီျဖစ္ခဲ့ၿပီး ဗန္ပါစီက အက္စတြန္ဗီလာနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူေပးခဲ့ပါတယ္။ အဲဒီ ေနာက္မွာ ဖာဂူဆန္အ နားယူသြားခဲ့သလို ယူႏိုက္တက္အတြက္လည္း ဟက္ထရစ္သြင္းယူေပးႏိုင္တဲ့ ကစားသမားေပၚထြက္မလာခဲ့တာ ၇ ႏွစ္ အထိ ရွိခဲ့ၿပီး အဆိုပါမွတ္တမ္းဆိုးကို မာရွယ္က ေခ်ဖ်က္ႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၇ ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္မွာ အသင္းေပါင္း ၂၁ သင္းအထိ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၾကၿပီး လက္ရွိတတိယတန္းမွာ ကစားေနတဲ ့ဆန္းဒါးလန္းအသင္းကေတာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ အသင္းမပါဝင္ခဲ့ဘဲရွိခဲ့ၿပီး နည္းျပဆိုးလ္ရွား လက္ထက္မွာမွ မာရွယ္က စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္တယ္လို႔ အခ်က္အလက္ေတြက ေဖာ္ျပခဲ့ပါတယ္။
အန္သိုနီ မာရွယ္ဟာ ရက္ရွ္ဖို႔ဒ္၊ ဘစ္စ္ကာတို႔ရဲ႕ ဖန္တီးေပးမႈေတြကလည္း သြင္းယူခဲ့တာျဖစ္ၿပီး ေနာက္ဆုံးသြင္းဂိုးကိုေတာ့ လွလွပပ ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ မာရွယ္အတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၄ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ကာ ၿပိဳင္ပြဲစုံသြင္းဂိုးကလည္း ၁၉ ဂိုးအထိရွိလာခဲ့လို႔ ယူႏိုက္တက္ကစားသမားဘဝ ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ စံခ်ိန္ကိုလည္း ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။