ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဂျီမီနက်ဇ်အတွက် ဝုဗ်အသင်း တန်ကြေး သတ်မှတ်ပေး
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ် ကို ခေါ်ယူချင်ပါက ပေါင်သန်း ၉၀ ပေးရမှာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ အသင်းအတွက် နောက်ဆုံး (၂) နှစ်မှာ ခြေစွမ်းပြကစားပေးနေတဲ့ ထိပ်တန်းဂိုးသွင်းရှင် တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ်ကို ဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။
စနေနေ့က ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပြီး ဒီနှစ်မှာ ပြိုင်ပွဲစုံ (၂၃) ဂိုးသွင်းထားတဲ့ အသက် (၂၉) နှစ် အရွယ် မက္ကဆီကန် ကစားသမားဟာ ဖန်တီးမှု (၁၀) ကြိမ်လည်း လုပ်ထားသူဖြစ်ပါတယ်။ ၎င်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည် တွေကြောင့် ယူနိုက်တက် နဲ့ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
ဝုလ်ဗ်အသင်းဟာ တိုက်စစ်ကစားသမားကို ဘင်ဖီကာအသင်းကနေ အငှားနဲ့ အရင်ခေါ်ယူခဲ့တာဖြစ်ပြီး မနှစ်ကမှ အပြီးသတ် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ တိုက်စစ်မှူး ဂျီမီနက်ဇ် ကို လာမယ့် အပြောင်းအရွှေ့ ဈေးကွက်အတွက် ပေါင်သန်း ၉၀ သတ်မှတ်ပေး လိုက်ပါတယ်။
ရပ်ရှ်ဖိုဒ့်နဲ့ တိုက်စစ် အတွဲအဖက်ဖြစ်ရန်အတွက် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့လတွေကတည်းက ဂျီမီနက်ဇ် ကို စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ အီတလီမှာလည်း ဂျူဗင်တပ်စ်အသင်းဟာ ကစားသမား အလိုက်ပေးပြီး ဝုလ်ဗ်အသင်းထံ ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အိုးလေဒီအသင်းဟာ ဟီဂူအင် နေရာအစားထိုးရန် တိုက်စစ်ကစားသမား တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။
ရာအူးလ် ဂျီမီနက်ဇ်ဟာ ဝုလ်ဗ်အသင်းမှာ လစာအမြင့်မားဆုံး ရနေသူတစ်ယောက်ဖြစ်သော်လည်း သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေကြောင့် ဂုဏ်ယူမိတယ်လို့ ပြောကြားထားခဲ့ပါတယ်။ စပိန်ကို ပြန်သွားပြီး စပိန်လာလီဂါ အမှတ်ပေးဖလားကို စိန်ခေါ်ခွင့်ရပါက ငြင်းဆန်ရန် ခက်ခဲမှာလို့ ၎င်းက ဝန်ခံထားပါတယ်။
Zawgyi – မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေႏြရာသီမွာ တိုက္စစ္မွဴး ရာအူးလ္ဟီမီနက္ဇ္ ကို ေခၚယူခ်င္ပါက ေပါင္သန္း ၉၀ ေပးရမွာျဖစ္ပါတယ္။ ၀ုလ္ဗ္အသင္းဟာ အသင္းအတြက္ ေနာက္ဆံုး (၂) ႏွစ္မွာ ေျခစြမ္းျပကစားေပးေနတဲ့ ထိပ္တန္းဂိုးသြင္းရွင္ တိုက္စစ္မွဴး ရာအူးလ္ ဂ်ီမီနက္ဇ္ကို ဆက္လက္ ထိန္းသိမ္းထားခ်င္ေနပါတယ္။
စေနေန႔က ၀က္စ္ဟမ္းအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေခါင္းတုိက္ဂိုး သြင္းယူခဲ့ျပီး ဒီႏွစ္မွာ ျပိဳင္ပြဲစံု (၂၃) ဂိုးသြင္းထားတဲ့ အသက္ (၂၉) ႏွစ္ အရြယ္ မကၠဆီကန္ ကစားသမားဟာ ဖန္တီးမႈ (၁၀) ၾကိမ္လည္း လုပ္ထားသူျဖစ္ပါတယ္။ ၄င္းရဲ႕ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ယူႏိုက္တက္ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔က စိတ္၀င္စားလာတယ္လို႔ သိရပါတယ္။
၀ုလ္ဗ္အသင္းဟာ တိုက္စစ္ကစားသမားကို ဘင္ဖီကာအသင္းကေန အငွားနဲ႔ အရင္ေခၚယူခဲ့တာျဖစ္ျပီး မႏွစ္ကမွ အျပီးသတ္ ေပါင္သန္း ၃၀ နဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ၀ုလ္ဗ္အသင္းဟာ တိုက္စစ္မွဴး ဂ်ီမီနက္ဇ္ ကို လာမယ့္ အေျပာင္းအေရႊ႕ ေစ်းကြက္အတြက္ ေပါင္သန္း ၉၀ သတ္မွတ္ေပး လိုက္ပါတယ္။
ရပ္ရွ္ဖိုဒ့္နဲ႔ တိုက္စစ္ အတြဲအဖက္ျဖစ္ရန္အတြက္ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားဟာ ျပီးခဲ့တဲ့လေတြကတည္းက ဂ်ီမီနက္ဇ္ ကို စံုစမ္းခဲ့တာ ျဖစ္ပါတယ္။ အီတလီမွာလည္း ဂ်ဴဗင္တပ္စ္အသင္းဟာ ကစားသမား အလိုက္ေပးျပီး ၀ုလ္ဗ္အသင္းထံ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အိုးေလဒီအသင္းဟာ ဟီဂူအင္ ေနရာအစားထိုးရန္ တိုက္စစ္ကစားသမား တစ္ေယာက္ကို ရွာေဖြေနတာျဖစ္ပါတယ္။
ရာအူးလ္ ဂ်ီမီနက္ဇ္ဟာ ၀ုလ္ဗ္အသင္းမွာ လစာအျမင့္မားဆံုး ရေနသူတစ္ေယာက္ျဖစ္ေသာ္လည္း သူ႔ကို စိတ္၀င္စားေနတဲ့ အသင္းေတြေၾကာင့္ ဂုဏ္ယူမိတယ္လို႔ ေျပာၾကားထားခဲ့ပါတယ္။ စပိန္ကို ျပန္သြားျပီး စပိန္လာလီဂါ အမွတ္ေပးဖလားကို စိန္ေခၚခြင့္ရပါက ျငင္းဆန္ရန္ ခက္ခဲမွာလို႔ ၄င္းက ၀န္ခံထားပါတယ္။