လီဗာပူးအတြက္ ဂုဏ္ယူေပမယ့္ နာက်င္ရတယ္ ၀န္ခံလိုက္တဲ့ ယူနိုက္တက္နည္းျပ ဆိုးရွား

မန္ခ်က္စတာယူနိုက္တက္ ယူနည္းျပ ဆိုးလ္ရွားက ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လီဗာပူးရရွိသြားၿပီး ေအာင္ပြဲခံတာကို ၾကည့္ရတာ နာက်င္ရ ေၾကာင္း ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွား အမွတ္ေပး ခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်ာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းကို ခ်ီးက်ဴးမႈ ေတာ့ ျပဳလုပ္ခဲ့ပါတယ္။

လီဗာပူးဟာ ႏွစ္ ၃၀ အၾကာမွ အမွတ္ေပးခ်န္ပီယံဆုကို တေက်ာ့ျပန္ ရရွိခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားက ” ပရီးမီးယားလိဂ္၊ ခ်န္ပီယံရွစ္ေတြမွာ အသင္းတစ္သင္းအေနနဲ႔ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး ပိုင္ ဆိုင္ရမွာပါ။ ပရီးမီးယားလိဂ္ဟာ ခ်န္ပီယံျဖစ္ဖို႔ ခက္တဲ့လိဂ္ၿပိဳင္ပြဲတစ္ခုပါ။ ဒါကို ကေလာ့ပ္နဲ႔ သူအသင္းသားေတြက အေကာင္းဆုံးလုပ္ေဆာင္ျပႏိုင္ခဲ့ပါတယ္။ မန္ယူအသင္းသားတစ္ေယာက္အေနနဲ႔ လီဗာပူးအသင္းေအာင္ပြဲခံတာကို ၾကည့္ ရတာေတာ့ နာက်င္ရပါတယ္။ ” လို႔ ေျပာခဲ့ပါတယ္။

ယူနိုက္တက္ ဟာ ၂၆ ႏွစ္ေလာက္ အမွတ္ေပးခ်န္ပီယံမရခဲ့ဘူးေပမယ့္ ဆာအဲလက္ဖာဂူဆန္ရဲ႕ လက္ေအာက္မွာေတာ့ ခ်န္ပီယံ ၁၃ ႀကိမ္ျဖစ္ခဲ့ၿပီး အသင္းကလည္း ထိပ္သီးအသင္းတစ္သင္း သတ္မွတ္ခံ ခဲ့ရပါတယ္။ ၂၆ ႏွစ္ဖလားေအာင္ျမင္မႈ မရခဲ့ သလိုမ်ိဳး ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ ေနာက္တစ္ႀကိမ္ အျဖစ္ခံမွာမဟုတ္ပါဘူး။ အခ်ိန္တိုအတြင္းမွာ အသင္းနဲ႔ အရင္က လို ေအာင္ျမင္မႈေတြ ျပန္ရယူႏိုင္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ လုပ္ေဆာင္သြားမွာပါလို႔လည္း ဆိုးလ္ရွားက ေျပာခဲ့ပါတယ္။

ဆိုးလ္ရွားက ” ကြၽန္ေတာ္တို႔အသင္းကို ေနာက္မွာက်န္ရစ္ခဲ့တဲ့အသင္းအေနနဲ႔ ေျပာေနၾကတာကို မစဥ္းစားႏိုင္ေအာင္ ျဖစ္မိပါတယ္။ လက္ရွိမွာ ေနရာတစ္ခုကိုေရာက္ေနၿပီး တိုးတက္မႈေတြ ရွိေနတဲ့ အသင္းတစ္သင္းအေနနဲ႔ ေအာင္ျမင္မႈေတြကို ျပန္ရယူႏိုင္မွာပါ။ ဒီရာသီမွာ အက္ဖ္ေအဖလား ခ်န္ပီယံအျဖစ္ရယူၿပီး ေအာင္ျမင္တဲ့ေခတ္တစ္ခုရဲ႕အစကို တည္ေထာင္ႏိုင္ မယ္။ ” လို႔ ဆိုးလ္ရွားက ေျပာခဲ့ပါတယ္။ ယူနိုက္တက္ဟာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္မွာ ေနာ္ဝစ္ခ်္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။

Uni – မန်ချက်စတာယူနိုက်တက် ယူနည်းပြ ဆိုးလ်ရှားက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးရရှိသွားပြီး အောင်ပွဲခံတာကို ကြည့်ရတာ နာကျင်ရ ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှား အမှတ်ပေး ချန်ပီယံဖြစ်ခဲ့တဲ့ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ချီးကျူးမှု တော့ ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးဟာ နှစ် ၃၀ အကြာမှ အမှတ်ပေးချန်ပီယံဆုကို တကျော့ပြန် ရရှိခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက ” ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်တွေမှာ အသင်းတစ်သင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့ ထိုက်တန်တဲ့ခြေစွမ်းမျိုး ပိုင် ဆိုင်ရမှာပါ။ ပရီးမီးယားလိဂ်ဟာ ချန်ပီယံဖြစ်ဖို့ ခက်တဲ့လိဂ်ပြိုင်ပွဲတစ်ခုပါ။ ဒါကို ကလော့ပ်နဲ့ သူအသင်းသားတွေက အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ မန်ယူအသင်းသားတစ်ယောက်အနေနဲ့ လီဗာပူးအသင်းအောင်ပွဲခံတာကို ကြည့် ရတာတော့ နာကျင်ရပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက် ဟာ ၂၆ နှစ်လောက် အမှတ်ပေးချန်ပီယံမရခဲ့ဘူးပေမယ့် ဆာအဲလက်ဖာဂူဆန်ရဲ့ လက်အောက်မှာတော့ ချန်ပီယံ ၁၃ ကြိမ်ဖြစ်ခဲ့ပြီး အသင်းကလည်း ထိပ်သီးအသင်းတစ်သင်း သတ်မှတ်ခံ ခဲ့ရပါတယ်။ ၂၆ နှစ်ဖလားအောင်မြင်မှု မရခဲ့ သလိုမျိုး ကျွန်တော်တို့အသင်းအနေနဲ့ နောက်တစ်ကြိမ် အဖြစ်ခံမှာမဟုတ်ပါဘူး။ အချိန်တိုအတွင်းမှာ အသင်းနဲ့ အရင်က လို အောင်မြင်မှုတွေ ပြန်ရယူနိုင်ဖို့ အတွက် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါလို့လည်း ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက ” ကျွန်တော်တို့အသင်းကို နောက်မှာကျန်ရစ်ခဲ့တဲ့အသင်းအနေနဲ့ ပြောနေကြတာကို မစဉ်းစားနိုင်အောင် ဖြစ် မိပါတယ်။ လက်ရှိမှာ နေရာတစ်ခုကိုရောက်နေပြီး တိုးတက်မှုတွေ ရှိနေတဲ့ အသင်းတစ်သင်းအနေနဲ့ အောင်မြင်မှုတွေကို ပြန်ရယူနိုင်မှာပါ။ ဒီရာသီမှာ အက်ဖ်အေဖလား ချန်ပီယံအဖြစ်ရယူပြီး အောင်မြင်တဲ့ခေတ်တစ်ခုရဲ့အစကို တည်ထောင်နိုင် မယ်။ ” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ နော်ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။