ယူနိုက်တက် သိပ်ကို တိုးတက်ကောင်းမွန်လာကြောင်း ဗန်ပါစီ မနေနိုင်ဘဲ ချီးကျူးခဲ့ရ
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရမ်းကို တိုးတက်ကောင်းမွန်လာခဲ့ပြီး ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနေတယ် လို့ ဆိုလိုက်ပြီး လွန်ခဲ့တဲ့ ၁ နှစ်က ခြေစွမ်းမျိုးကို နောက်မှာထားခဲ့ပြီလို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၅ မှတ် ကွာဟနေပါတယ်။ သူတို့ဟာ ဒီနှစ် ရာသီအစောပိုင်းမှာ ရလဒ်ကောင်းတွေ ရရှိဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် အသင်းကို ဘရူနိုဖာနန်ဒက်စ် ရောက်ရှိပြီး နောက်ပိုင်းမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသကာ ရှုံးပွဲမရှိသေးတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၄ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားသလို အက်ဖ်အေ ဖလားမှာလည်း ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ယူရိုပါလိဂ်မှာလည်း အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်လို့ရနိုင်သေးတဲ့ အနေအထားမှာ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက် အပေါ် ချီးကျူးမှုတွေ ရှိနေခဲ့ပြီး ယူနိုက်တက် ဟာ တကယ့်ကို တိုးတက်လာတယ်လို့ သုံးသပ်နေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း မန်ယူအသင်းမှာ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ ရပ်ချ်ဖိုဒ့်တို့ကလည်း ပြန်ကစားနိုင်ပြီ ဖြစ်ပါတယ်။ အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း ယူနိုက်တက် ကို အခုလိုပဲ ချီးကျူးစကားဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဗန်ပါစီက “ လက်ရှိမှာတော့ မန်ယူနိုက်တက်ဟာ တကယ့်ကို တည်ငြိမ်ပြီး ကစားပုံကလည်း ကောင်းမွန်လာခဲ့ပါပြီ။ ကြားပွဲမှာ ကစားတဲ့ ရှက်ဖီးလ်နဲ့ ပွဲစဉ်မှာဆိုရင်လည်း သူတို့က တကယ့်ကို အကောင်းဆုံး စွမ်းဆောင်ရည်ကို တွေ့မြင်ခဲ့ရတာပါ။ သူတို့က တကယ့်ကိုပဲ အများကြီး တိုးတက်လာခဲ့တာပဲ ဖြစ်ပါတယ်။
တကယ်လို့ လက်ရှိ ယူနိုက်တက် အသင်းကို ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က အခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ သူတို့ကစားပုံဟာ အတော်လေး ကျစ်လျစ် ကောင်းမွန်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ FA ဖလားမှာလည်း သူတို့ဟာ နော်ဝှစ်ကို အတော်ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ မာရှယ် ၊ ရပ်ချ်ဖိုဒ့်နဲ့ ပေါ့ဘာတို့ ဘယ်လို ကစားခဲ့သလဲဆိုတာကို တွေ့မြင်ရမှာပါ။ သူတို့တွေ အများကြီး ကောင်းလာခဲ့ကြပါပြီ ” လို့ ဗန်ပါစီက ယူနိုက်တက် အပေါ် ချီးကျူးပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi – ယူနိုက္တက္ တိုက္စစ္မႉးေဟာင္း ဗန္ပါစီကေတာ့ လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အရမ္းကို တိုးတက္ေကာင္းမြန္လာခဲ့ၿပီး ထိပ္တန္းအဆင့္ေျခစြမ္းကို ျပသေနတယ္ လို႔ ဆိုလိုက္ၿပီး လြန္ခဲ့တဲ့ ၁ ႏွစ္က ေျခစြမ္းမ်ိဳးကို ေနာက္မွာထားခဲ့ၿပီလို႔ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။
ယူနိုက္တက္ဟာ ဒီႏွစ္ရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ မွာ ရပ္တည္ေနၿပီး အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ၅ မွတ္ ကြာဟေနပါတယ္။ သူတို႔ဟာ ဒီႏွစ္ ရာသီအေစာပိုင္းမွာ ရလဒ္ေကာင္းေတြ ရရွိဖို႔ အနည္းငယ္ ႐ုန္းကန္ခဲ့ရေပမယ့္ အသင္းကို ဘ႐ူႏိုဖာနန္ဒက္စ္ ေရာက္ရွိၿပီး ေနာက္ပိုင္းမွာေတာ့ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ျပသကာ ရႈံးပြဲမရွိေသးတာပဲ ျဖစ္ပါတယ္။
လက္ရွိမွာ ယူနိုက္တက္ဟာ ၿပိဳင္ပြဲစုံ ၁၄ ပြဲဆက္ ရႈံးပြဲမရွိေအာင္ ကစားထားသလို အက္ဖ္ေအ ဖလားမွာလည္း ဆီမီးဖိုင္နယ္ကို ေရာက္ရွိေနၿပီး ယူ႐ိုပါလိဂ္မွာလည္း အေျခအေနေကာင္းေတြကို ပိုင္ဆိုင္ထားႏိုင္တာပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ဒီႏွစ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္လည္း ေမွ်ာ္လင့္လို႔ရႏိုင္ေသးတဲ့ အေနအထားမွာ ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။
ထူးခၽြန္တဲ့ ေျခစြမ္းေတြေၾကာင့္ ယူနိုက္တက္ အေပၚ ခ်ီးက်ဴးမႈေတြ ရွိေနခဲ့ၿပီး ယူနိုက္တက္ ဟာ တကယ့္ကို တိုးတက္လာတယ္လို႔ သုံးသပ္ေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရွိ မွာလည္း မန္ယူအသင္းမွာ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ေပါ့ဘာနဲ႔ ရပ္ခ်္ဖိုဒ့္တို႔ကလည္း ျပန္ကစားႏိုင္ၿပီ ျဖစ္ပါတယ္။ အခုေတာ့ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီကလည္း ယူနိုက္တက္ ကို အခုလိုပဲ ခ်ီးက်ဴးစကားဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။
ဗန္ပါစီက “ လက္ရွိမွာေတာ့ မန္ယူနိုက္တက္ဟာ တကယ့္ကို တည္ၿငိမ္ၿပီး ကစားပုံကလည္း ေကာင္းမြန္လာခဲ့ပါၿပီ။ ၾကားပြဲမွာ ကစားတဲ့ ရွက္ဖီးလ္နဲ႔ ပြဲစဥ္မွာဆိုရင္လည္း သူတို႔က တကယ့္ကို အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ေတြ႕ျမင္ခဲ့ရတာပါ။ သူတို႔က တကယ့္ကိုပဲ အမ်ားႀကီး တိုးတက္လာခဲ့တာပဲ ျဖစ္ပါတယ္။
တကယ္လို႔ လက္ရွိ ယူနိုက္တက္ အသင္းကို ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္က အေျခအေနနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ သူတို႔ကစားပုံဟာ အေတာ္ေလး က်စ္လ်စ္ ေကာင္းမြန္လာတာကို ေတြ႕ျမင္ရပါလိမ့္မယ္။ FA ဖလားမွာလည္း သူတို႔ဟာ ေနာ္ဝွစ္ကို အေတာ္ဒုကၡေပးႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာ မာရွယ္ ၊ ရပ္ခ်္ဖိုဒ့္နဲ႔ ေပါ့ဘာတို႔ ဘယ္လို ကစားခဲ့သလဲဆိုတာကို ေတြ႕ျမင္ရမွာပါ။ သူတို႔ေတြ အမ်ားႀကီး ေကာင္းလာခဲ့ၾကပါၿပီ ” လို႔ ဗန္ပါစီက ယူနိုက္တက္ အေပၚ ခ်ီးက်ဴးေျပာဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။