ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ လက်စွမ်းကို အားမရသေးဘဲ ဖာဒီနန် ထုတ်ဖော် ဝေဖန်ခဲ့
ညက ကစားသြားခဲ့တဲ့ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ အက္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္အတြင္းမွာ အာဆင္နယ္က လူစားဝင္ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာရဲ႕ ေနာက္က်အသည္းခြဲဂိုးနဲ႔ အႏိုင္ရသြားခဲ့ကာ ဆီမီးဖိုင္နယ္ကို တတ္လွမ္းသြားခဲ့ပါတယ္။ နာက်င္အခ်ိန္ပိုမွ ခြင့္ျပဳလိုက္ရတဲ့ သြင္းဂိုးေၾကာင့္ ရွက္ဖီးအသင္းအတြက္ကေတာ့ ဖလားတစ္လုံးေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားခဲ့ရပါတယ္။
အာဆင္နယ္အႏိုင္ဂိုးကို မကာကြယ္ႏိုင္ပဲ ခြင့္ျပဳေပးလိုက္ရတဲ့ ရွက္ဖီးအသင္းရဲ႕ ဂိုးသမားေလး ဒင္းဟန္ဒါဆန္ကို မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က ေဝဖန္ျပစ္တင္ခဲ့ၿပီး သူ႔အေနနဲ႔ ကာကြယ္မႈေတြကို ဒီထက္မက ျပဳလုပ္ႏိုင္သင့္တယ္လို႔ ေထာက္ျပေျပာဆိုသြားခဲ့ပါတယ္။ ဒင္း ဟန္ဒါဆန္ဟာ ယူနုိက္တက္ ဂိုးသမား ျဖစ္ျပီး ရွက္ဖီးမွာ အငွား ကစားေနသူပါ။
“ကြၽန္ေတာ္ ဒီအေၾကာင္းေတြကို အရင္ကလည္း ေျပာခဲ့ဖူးပါတယ္။ ေနာက္ခံလူတစ္ေယာက္အေနနဲ႔ ကိုယ့္အသင္းရဲ႕ ဂိုးသမားက ဒီလိုကာကြယ္မႈေတြ မလုပ္ႏိုင္ဘူး ဆိုရင္ အေတာ္ေလးကို စိတ္ပ်က္မိမွာပါ။ တျခားလူေတြကေတာ့ သူ႔အေပၚမွာ တျခား အျမင္ေတြ ရွိေကာင္းရွိႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ သူ ဒီထက္မက ကာကြယ္မႈေတြ လုပ္သင့္တယ္လို႔ပဲ ခံစားမိပါတယ္” လို႔ ဖာဒီနန္က ေ၀ဖန္ ေျပာဆိုခဲ့ပါတယ္။
ဒင္းဟန္ဒါဆန္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္းမွာ ဂိုးေပါက္ကာကြယ္မႈ (၈၁)ႀကိမ္အထိ ျပဳလုပ္ထားခဲ့ကာ ပရီးမီးယားလိဂ္ ဂိုးေပါက္ကာကြယ္မႈ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္တဲ့ ဂိုးသမား(၁၀)ေယာက္စာရင္းထဲမွာ ပါဝင္ေနပါတယ္။ သူရဲ႕လက္စြမ္းေတြေၾကာင့္ ရွက္ဖီးယူႏိုက္တက္အသင္းဟာလည္း ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္းမွာ Clean Sheets (၁၁)ႀကိမ္ထိ ျပဳလုပ္ထားႏိုင္ပါတယ္။
ဒင္းဟန္ဒါဆန္ဟာ လာမယ့္ေဘာလုံးရာသီမွာ ရွက္ဖီးအသင္းနဲ႔ အငွားစာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္လို႔ မိခင္ ကလပ္ ယူႏိုက္တက္အသင္းဆီကို ျပန္သြား ရေတာ့မွာ ျဖစ္ေပမယ့္ ယူႏိုက္တက္ဘက္က ပထမ ဂိုးသမားေနရာကို အာမမခံႏိုင္ေသးတာေၾကာင့္ အသင္းကေန အငွားျပန္ထြက္ရဖြယ္ရွိေနပါတယ္။
Uni – ညက ကစားသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်းမှာ အာဆင်နယ်က လူစားဝင် ကွင်းလယ်ကစားသမား ဆီးဘယ်လောရဲ့ နောက်ကျအသည်းခွဲဂိုးနဲ့ အနိုင်ရသွားခဲ့ကာ ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။ နာကျင်အချိန်ပိုမှ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးကြောင့် ရှက်ဖီးအသင်းအတွက်ကတော့ ဖလားတစ်လုံးမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပါတယ်။
အာဆင်နယ်အနိုင်ဂိုးကို မကာကွယ်နိုင်ပဲ ခွင့်ပြုပေးလိုက်ရတဲ့ ရှက်ဖီးအသင်းရဲ့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဝေဖန်ပြစ်တင်ခဲ့ပြီး သူ့အနေနဲ့ ကာကွယ်မှုတွေကို ဒီထက်မက ပြုလုပ်နိုင်သင့်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ ဒင်း ဟန်ဒါဆန်ဟာ ယူနိုက်တက် ဂိုးသမား ဖြစ်ပြီး ရှက်ဖီးမှာ အငှား ကစားနေသူပါ။
“ကျွန်တော် ဒီအကြောင်းတွေကို အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ နောက်ခံလူတစ်ယောက်အနေနဲ့ ကိုယ့်အသင်းရဲ့ ဂိုးသမားက ဒီလိုကာကွယ်မှုတွေ မလုပ်နိုင်ဘူး ဆိုရင် အတော်လေးကို စိတ်ပျက်မိမှာပါ။ တခြားလူတွေကတော့ သူ့အပေါ်မှာ တခြား အမြင်တွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူ ဒီထက်မက ကာကွယ်မှုတွေ လုပ်သင့်တယ်လို့ပဲ ခံစားမိပါတယ်” လို့ ဖာဒီနန်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
ဒင်းဟန်ဒါဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ဂိုးပေါက်ကာကွယ်မှု (၈၁)ကြိမ်အထိ ပြုလုပ်ထားခဲ့ကာ ပရီးမီးယားလိဂ် ဂိုးပေါက်ကာကွယ်မှု အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ ဂိုးသမား(၁၀)ယောက်စာရင်းထဲမှာ ပါဝင်နေပါတယ်။ သူရဲ့လက်စွမ်းတွေကြောင့် ရှက်ဖီးယူနိုက်တက်အသင်းဟာလည်း ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ Clean Sheets (၁၁)ကြိမ်ထိ ပြုလုပ်ထားနိုင်ပါတယ်။
ဒင်းဟန်ဒါဆန်ဟာ လာမယ့်ဘောလုံးရာသီမှာ ရှက်ဖီးအသင်းနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ မိခင် ကလပ် ယူနိုက်တက်အသင်းဆီကို ပြန်သွား ရတော့မှာ ဖြစ်ပေမယ့် ယူနိုက်တက်ဘက်က ပထမ ဂိုးသမားနေရာကို အာမမခံနိုင်သေးတာကြောင့် အသင်းကနေ အငှားပြန်ထွက်ရဖွယ်ရှိနေပါတယ်။