ဂစ် ယူနိုက်တက်နဲ့ ယူခဲ့တဲ့ ဆုဖလားတွေထက် စီးတီးလူငယ် ဖိုဒန်က ပိုယူပြလိမ့်မယ်လို့ ကြွေးကြော်မှု
မန်စီးတီးအသင်း နောက်ခံလူဟောင်း လက်စ်ကော့က အသင်းမှာကစားနေတဲ့ လူငယ်ကစားသမား ဖိုဒန်အနေနဲ့ အသက် ၂၀ သာ ရှိသေးပြီး ဆုဖလား ၈ လုံးအထိ ရယူထားနိုင်တာကြောင့် ယူနိုက်တက်အသင်း ဂန္တဝင်ကစားသမား ရိုင်ယန်ဂစ် ရဲ့ ဆုဖလား ၂၅ လုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကြွေးကြော်လိုက် ပါတယ်။
ယူနိုက်တက်အသင်းကို ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူ ဆန် ကိုင်တွယ်ခဲ့တုန်းက ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ကြိမ်နဲ့ အတူ ပြည်တွင်းဖလားတွေမှာ အောင်မြင်မှုရခဲ့ပြီး ရိုင်ယန်ဂစ် ကလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
ဂစ်ဟာ အင်္ဂလန်မှာ ကစားခဲ့တဲ့ကစားသမားတွေထဲ ဆုဖလားရရှိမှု ၂၅ ကြိမ် အထိ အများဆုံး ရရှိထားပါတယ်။ ဒါပေမယ့် ဒီတလောနှစ်တွေမှာ စီးတီး တစ်ခေတ် ဖြစ်လာတာကြောင့် လူငယ် ကစားသမား ဖိုဒန်က မန်စီးတီးနဲ့အတူ ဆုဖလား များစွာ ယူကာ ဂစ်ကိုတောင် ကျော်သွားလိမ့်မယ်လို့ လက်စ်ကော့က ဆိုလာခဲ့ပါတယ်။
” အသက် ၂၀ မှာတင် ဖိုဒန် ရရှိခဲ့တဲ့အောင်မြင်မှုတွေက မနည်းပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံ၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတွေကို ရရှိထားပါတယ်။ အသင်းမှာ ဆက်နေမယ်ဆိုရင် သူအနေနဲ့ တစ်ရာသီကို ဖလား ၂လုံး၊ ၃လုံး လောက် ရယူနိုင်မှာပါ။ ဒါကြောင့် ဖိုဒန်အနေနဲ့ ဂစ်ရဲ့စံချိန်ကို တစ်ချိန်မှာ ကျော်ဖြတ်သွားနိုင်ပါတယ်။ ” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။
ဖိုဒန်ဟာ လက်ရှိမန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရပေမယ့် ရာသီကုန်မှာ အနားယူမယ့် အသင်း ခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားရဲ့နေရာမှာ အစားထိုး ဝင်ရောက်ကစားနိုင်မယ့်သူအဖြစ် ထင်ကြေးပေးခံရသူလည်း ဖြစ်ပါတယ်။ ဖိုဒန်ရဲ့ လက်ရှိခြေစွမ်းကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်း မှာလည်း ပါဝင်ခွင့်ရမယ်လို့ လက်စ်ကော့က ပြောခဲ့ပါတယ်။
Zawgyi – မန္စီးတီးအသင္း ေနာက္ခံလူေဟာင္း လက္စ္ေကာ့က အသင္းမွာကစားေနတဲ့ လူငယ္ကစားသမား ဖိုဒန္အေနနဲ႔ အသက္ ၂၀ သာ ရွိေသးၿပီး ဆုဖလား ၈ လုံးအထိ ရယူထားႏိုင္တာေၾကာင့္ ယူႏိုက္တက္အသင္း ဂႏၲဝင္ကစားသမား ႐ိုင္ယန္ဂစ္ ရဲ႕ ဆုဖလား ၂၅ လုံးကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ေၾကြးေၾကာ္လိုက္ ပါတယ္။
ယူႏိုက္တက္အသင္းကို ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူ ဆန္ ကိုင္တြယ္ခဲ့တုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံ ၁၃ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၂ႀကိမ္နဲ႔ အတူ ျပည္တြင္းဖလားေတြမွာ ေအာင္ျမင္မႈရခဲ့ၿပီး ႐ိုင္ယန္ဂစ္ ကလည္း အဓိက ကစားသမားတစ္ဦးအျဖစ္ ပါဝင္ခဲ့ပါတယ္။
ဂစ္ဟာ အဂၤလန္မွာ ကစားခဲ့တဲ့ကစားသမားေတြထဲ ဆုဖလားရရွိမႈ ၂၅ ႀကိမ္ အထိ အမ်ားဆုံး ရရွိထားပါတယ္။ ဒါေပမယ့္ ဒီတေလာနွစ္ေတြမွာ စီးတီး တစ္ေခတ္ ျဖစ္လာတာေၾကာင့္ လူငယ္ ကစားသမား ဖိုဒန္က မန္စီးတီးနဲ႕အတူ ဆုဖလား မ်ားစြာ ယူကာ ဂစ္ကိုေတာင္ ေက်ာ္သြားလိမ့္မယ္လို႔ လက္စ္ေကာ့က ဆိုလာခဲ့ပါတယ္။
” အသက္ ၂၀ မွာတင္ ဖိုဒန္ ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြက မနည္းပါဘူး။ ပရီးမီးယားလိဂ္ ခ်န္ပီယံ၊ အက္ဖ္ေအဖလား၊ လိဂ္ဖလားေတြကို ရရွိထားပါတယ္။ အသင္းမွာ ဆက္ေနမယ္ဆိုရင္ သူအေနနဲ႔ တစ္ရာသီကို ဖလား ၂လုံး၊ ၃လုံး ေလာက္ ရယူႏိုင္မွာပါ။ ဒါေၾကာင့္ ဖိုဒန္အေနနဲ႔ ဂစ္ရဲ႕စံခ်ိန္ကို တစ္ခ်ိန္မွာ ေက်ာ္ျဖတ္သြားနိုင္ပါတယ္။ ” လို႔ ၄င္းက ေျပာဆိုခဲ့ပါတယ္။
ဖိုဒန္ဟာ လက္ရွိမန္စီးတီးအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ေနရေပမယ့္ ရာသီကုန္မွာ အနားယူမယ့္ အသင္း ေခါင္းေဆာင္ ေဒးဗစ္ေဆးလ္ဗားရဲ႕ေနရာမွာ အစားထိုး ဝင္ေရာက္ကစားႏိုင္မယ့္သူအျဖစ္ ထင္ေၾကးေပးခံရသူလည္း ျဖစ္ပါတယ္။ ဖိုဒန္ရဲ႕ လက္ရွိေျခစြမ္းေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္အသင္း လူစာရင္း မွာလည္း ပါဝင္ခြင့္ရမယ္လို႔ လက္စ္ေကာ့က ေျပာခဲ့ပါတယ္။