မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ် အတွဲကို ပြိုင်ဘက်ခံစစ်တိုင်း ကြောက်ရွံ့နေရမယ်လို့ ဒွိုင်ယောက်ခ် ဆို
ယူႏိုက္တက္ အသင္း တိုက္စစ္မႉးေဟာင္း ဒြိဳင္ေယာက္ခ္က လက္ရွိအသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ေနတဲ့ မာရွယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္ အတြဲက သူနဲ႔ အင္ဒီကိုးလ္ တြဲဖက္ ကစားခဲ့စဥ္ကလို ၿပိဳင္ဘက္ခံစစ္ကစားသမားေတြ ေၾကာက္႐ြံေနရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အင္ဒီကိုးလ္၊ ဒြိဳင္ေယာက္ခ္ အတြဲမွာ ယူႏိုက္တက္အသင္းရဲ႕ ၁၉၉၉ ဖလား သုံးလုံး ရခဲ့တဲ့ႏွစ္က ႏွစ္ေယာက္ေပါင္း သြင္းဂိုး ၅၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ လက္ရွိ ရာသီမွာေတာ့ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ မာရွယ္လ္က သြင္းဂိုး ၂၄ ဂိုးနဲ႔ ရက္ရွ္ဖို႔ဒ္က သြင္းဂိုး ၂၂ ဂိုး အထိ သြင္းယူေပးထားပါတယ္။
ရွက္ဖီးယူႏိုက္တက္ကို သုံးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဒီကစားသမားႏွစ္ေယာက္က တိုက္စစ္ မွာ အေကာင္းဆုံး တြဲဖက္ကစားႏိုင္ခဲ့ၿပီး မာရွယ္လ္ဆိုရင္ ၂၀၁၃ ခုႏွစ္က ဗန္ပါစီ ဟက္ထရစ္ ရၿပီးေနာက္ပိုင္း ပထမဆုံး ဟက္ထရစ္သြင္းယူႏိုင္ခဲ့သူျဖစ္ခဲ့ပါတယ္။
“ မာရွယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္ၾကားမွာ နားလည္မႈေတြတိုးတက္လာပါၿပီ။နည္းျပအေနနဲ႔လည္း အသင္းရဲ႕တိုက္ စစ္ကို သူတို႔ႏွစ္ေယာက္က ဦးေဆာင္မွာလို႔ ေျပာရမွာပါ။ ရက္ရွ္ဖို႔ဒ္က အရည္အခ်င္းရွိတဲ့ ကစားသမားေကာင္းတစ္ေယာက္ ပါ။သူက မာရွယ္လ္အတြက္ ၿပီးျပည့္စုံတဲ့ တိုက္စစ္အတြဲျဖစ္လာမွာပါ။ ေက်ာနံပါတ္ ၁၀ ဝတ္ဆင္ၿပီး ကစားရတဲ့သူမ်ိဳး ရက္ရွ္ ဖို႔ဒ္က ကစားႏိုင္ပါတယ္။ အင္ဒီကိုးလ္၊ ဒြိဳင္ေယာက္ခ္ အတြဲလိုမ်ိဳး သူတို႔ေတြ လုပ္ေဆာင္လာႏိုင္မွာပါ” လို႔ ဒြိဳင္ေယာက္ခ္ က ေျပာဆိုခဲ့ပါတယ္။
ဒြိဳင္ေယာက္ခ္က ကစားေဖာ္ေဟာင္းျဖစ္ခဲ့တဲ့ နည္းျပဆိုးလ္ရွားကိုလည္း ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ၿပီး ဆိုးလ္ရွား အေနနဲ႔ မာရွယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ အတြဲအဖက္ မိေအာင္ လုပ္ေဆာင္ႏိုင္မယ္ ယံုၾကည္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။
Uni – ယူနိုက်တက် အသင်း တိုက်စစ်မှူးဟောင်း ဒွိုင်ယောက်ခ်က လက်ရှိအသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ် အတွဲက သူနဲ့ အင်ဒီကိုးလ် တွဲဖက် ကစားခဲ့စဉ်ကလို ပြိုင်ဘက်ခံစစ်ကစားသမားတွေ ကြောက်ရွံနေရမယ်လို့ ပြောဆိုခဲ့ပါတယ်။
အင်ဒီကိုးလ်၊ ဒွိုင်ယောက်ခ် အတွဲမှာ ယူနိုက်တက်အသင်းရဲ့ ၁၉၉၉ ဖလား သုံးလုံး ရခဲ့တဲ့နှစ်က နှစ်ယောက်ပေါင်း သွင်းဂိုး ၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ ရာသီမှာတော့ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ မာရှယ်လ်က သွင်းဂိုး ၂၄ ဂိုးနဲ့ ရက်ရှ်ဖို့ဒ်က သွင်းဂိုး ၂၂ ဂိုး အထိ သွင်းယူပေးထားပါတယ်။
ရှက်ဖီးယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဒီကစားသမားနှစ်ယောက်က တိုက်စစ် မှာ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပြီး မာရှယ်လ်ဆိုရင် ၂၀၁၃ ခုနှစ်က ဗန်ပါစီ ဟက်ထရစ် ရပြီးနောက်ပိုင်း ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။
“ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်ကြားမှာ နားလည်မှုတွေတိုးတက်လာပါပြီ။နည်းပြအနေနဲ့လည်း အသင်းရဲ့တိုက် စစ်ကို သူတို့နှစ်ယောက်က ဦးဆောင်မှာလို့ ပြောရမှာပါ။ ရက်ရှ်ဖို့ဒ်က အရည်အချင်းရှိတဲ့ ကစားသမားကောင်းတစ်ယောက် ပါ။သူက မာရှယ်လ်အတွက် ပြီးပြည့်စုံတဲ့ တိုက်စစ်အတွဲဖြစ်လာမှာပါ။ ကျောနံပါတ် ၁၀ ဝတ်ဆင်ပြီး ကစားရတဲ့သူမျိုး ရက်ရှ် ဖို့ဒ်က ကစားနိုင်ပါတယ်။ အင်ဒီကိုးလ်၊ ဒွိုင်ယောက်ခ် အတွဲလိုမျိုး သူတို့တွေ လုပ်ဆောင်လာနိုင်မှာပါ” လို့ ဒွိုင်ယောက်ခ် က ပြောဆိုခဲ့ပါတယ်။
ဒွိုင်ယောက်ခ်က ကစားဖော်ဟောင်းဖြစ်ခဲ့တဲ့ နည်းပြဆိုးလ်ရှားကိုလည်း ချီးကျူးမှုပြုလုပ်ခဲ့ပြီး ဆိုးလ်ရှား အနေနဲ့ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ အတွဲအဖက် မိအောင် လုပ်ဆောင်နိုင်မယ် ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။