လင်ဂတ် ယူနိုက်တက်က ထွက်ဖို့ ဒွိုက်ယော့ခ် ပေါ်တင် တိုက်တွန်း ပြောဆို

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်ကတော့ တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်အနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချိန် တန်နေပြီဖြစ်ကြောင်း ပေါ်တင်ပဲ တိုက်တွန်း ပြောကြားလာခဲ့ပါတယ်။

လင်ဂတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ခြေစွမ်းကောင်းတချို့ပြသနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အထိ တောက်ပခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၁၈ လ လုံးလုံးမှာတော့ ခြေစွမ်းကျဆင်းမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မရှိသလောက်ကို နည်းပါးသွားခဲ့ပါတယ်။

အဲဒီအတွက်လည်း ဝေဖန်မှုတွေ အလူးအလဲခံနေရတဲ့ အသက် ၂၇နှစ်သားအနေနဲ့ ကစားသမားဘဝ ကောင်းကျိုးအတွက်ရော မန်ယူနိုက်တက်အသင်းအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေဖို့အတွက် အသင်းကနေ ထွက်ခွာဖို့ရာ ဒွိုက်ယော့ခ်က အကြံပြုခဲ့တာပါ။

“ကျွန်တော်တို့အားလုံး သူ့ (ဂျက်ဆီလင်ဂတ်)ကို မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြတယ်။ သူဟာ အကယ်ဒမီကနေ အသင်းကြီးအထိ တက်လှမ်းလာနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ချစ်ပါတယ်။ သူဟာ အသင်းအတွက် တစ်ဆင့်ချင်း တက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။”

“မန်ယူနိုက်တက်အသင်းကိုလည်း သူ အရမ်းချစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သူ့ကို အခုချိန်မှာ ရက်ရှ်ဖို့ဒ်တစ်ယောက်ရောက်နေတဲ့ အဆင့်အတန်းမျိုး ဖြစ်လာလိမ့်မယ်လို့ တွေးခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အရင်ကနဲ့ တော်တော်ကွာသွားပါပြီ။”

ဒွိုက်ယော့ခ်က “သူ့ကစားသမားဘဝ ပြန်လည်တောက်ပလာဖို့အတွက် နောက်ထပ်တွန်းအားတစ်ခုရဖို့အတွက် အခြားအသင်းတစ်သင်းဆီပဲ ပြောင်းရွှေ့ဖို့ လိုအပ်နေပါပြီ။ အခုချိန်မှာတော့ သူ့အတွက် အခွင့်အရေးရှိပါသေးတယ်။ ဒီရာသီ ပွဲအချို့ကို ဝင်ကစားရင်း သူ့အရည်အသွေးကို သက်သေပြနိုင်ဖို့ပေါ့။”

“အခုချိန်မှာတော့ သူ့ရဲ့စွမ်းဆောင်ရည်၊ သူ့ရဲ့လုပ်ပုံကိုင်ပုံနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါတယ်။ သူ့အနေနဲ့ အဲဒီအတွက် တုံ့ပြန်နိုင်ရပါမယ်။ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ သူ့အနေနဲ့ အသင်းအတွက် ကစားချင်သေးတယ်ဆိုရင် ဒီထက်ပိုကောင်းအောင် လုပ်ပြဖို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္တိုက္စစ္မႉးေဟာင္းႀကီး ဒြိဳက္ေယာ့ခ္ကေတာ့ တိုက္စစ္ကစားသမား ဂ်က္ဆီလင္ဂတ္အေနနဲ႔ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်ိန္ တန္ေနၿပီျဖစ္ေၾကာင္း ေပၚတင္ပဲ တိုက္တြန္း ေျပာၾကားလာခဲ့ပါတယ္။

လင္ဂတ္ဟာ မန္ယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ၿပီး ေျခစြမ္းေကာင္းတခ်ိဳ႕ျပသႏိုင္ခဲ့သလို အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ပါဝင္ႏိုင္ခဲ့တဲ့ အထိ ေတာက္ပခဲ့သူ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ ၁၈ လ လုံးလုံးမွာေတာ့ ေျခစြမ္းက်ဆင္းမႈေတြ ျဖစ္ေပၚလာခဲ့ၿပီး အသင္းအတြက္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြ မရွိသေလာက္ကို နည္းပါးသြားခဲ့ပါတယ္။

အဲဒီအတြက္လည္း ေဝဖန္မႈေတြ အလူးအလဲခံေနရတဲ့ အသက္ ၂၇ႏွစ္သားအေနနဲ႔ ကစားသမားဘဝ ေကာင္းက်ိဳးအတြက္ေရာ မန္ယူႏိုက္တက္အသင္းအတြက္ပါ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစဖို႔အတြက္ အသင္းကေန ထြက္ခြာဖို႔ရာ ဒြိဳက္ေယာ့ခ္က အႀကံျပဳခဲ့တာပါ။

“ကြၽန္ေတာ္တို႔အားလုံး သူ႔ (ဂ်က္ဆီလင္ဂတ္)ကို ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမား ထားခဲ့ၾကတယ္။ သူဟာ အကယ္ဒမီကေန အသင္းႀကီးအထိ တက္လွမ္းလာႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ခ်စ္ပါတယ္။ သူဟာ အသင္းအတြက္ တစ္ဆင့္ခ်င္း တက္လွမ္းလာခဲ့သူ ျဖစ္ပါတယ္။”

“မန္ယူႏိုက္တက္အသင္းကိုလည္း သူ အရမ္းခ်စ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ သူ႔ကို အခုခ်ိန္မွာ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ေရာက္ေနတဲ့ အဆင့္အတန္းမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ ေတြးခဲ့ၾကတယ္။ ဒါေပမဲ့ အခုေတာ့ အရင္ကနဲ႔ ေတာ္ေတာ္ကြာသြားပါၿပီ။”

ဒြိဳက္ေယာ့ခ္က “သူ႔ကစားသမားဘဝ ျပန္လည္ေတာက္ပလာဖို႔အတြက္ ေနာက္ထပ္တြန္းအားတစ္ခုရဖို႔အတြက္ အျခားအသင္းတစ္သင္းဆီပဲ ေျပာင္းေ႐ႊ႕ဖို႔ လိုအပ္ေနပါၿပီ။ အခုခ်ိန္မွာေတာ့ သူ႔အတြက္ အခြင့္အေရးရွိပါေသးတယ္။ ဒီရာသီ ပြဲအခ်ိဳ႕ကို ဝင္ကစားရင္း သူ႔အရည္အေသြးကို သက္ေသျပႏိုင္ဖို႔ေပါ့။”

“အခုခ်ိန္မွာေတာ့ သူ႔ရဲ႕စြမ္းေဆာင္ရည္၊ သူ႔ရဲ႕လုပ္ပုံကိုင္ပုံနဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္စရာေတြ အမ်ားႀကီး ရွိေနပါတယ္။ သူ႔အေနနဲ႔ အဲဒီအတြက္ တုံ႔ျပန္ႏိုင္ရပါမယ္။ နည္းလမ္းတစ္ခုပဲ ရွိပါတယ္။ သူ႔အေနနဲ႔ အသင္းအတြက္ ကစားခ်င္ေသးတယ္ဆိုရင္ ဒီထက္ပိုေကာင္းေအာင္ လုပ္ျပဖို႔ပါပဲ။” လို႔ ေျပာၾကားခဲ့ပါတယ္။