အငွားခ် ကစားသမားေတြကို ပြဲကစားခြင့္ပိတ္ေနတာ ယူႏိုက္တက္ ေၾကာက္ေနသလား ေမးခြန္းထုတ္ခံရ

မန္ခ်က္စတာ ယူနိုက္တက္ဟာ စီးရီးေအ ကလပ္ အသင္းထံေတြကို အငွား ခ်ထားတဲ့ကစားသမားေတြကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ကစားခြင့္မေပးေတာ့တဲ့အတြက္ ေၾကာက္႐ြံၿပီး ပိတ္ပင္ေနတာလားလို႔ Sky Sport Italia ကေန ေမးခြန္းထုတ္ခံခဲ့ရပါတယ္။ ယူႏိုက္တက္ဟာ ဆန္းခ်က္ဇ္ကို အင္တာမီလန္နဲ႔ စေမာ လင္းကို ႐ိုးမားအသင္းေတြထံ အငွားခ်ထားတာပါ။

ကိုဗစ္ကာလေၾကာင့္ ေဘာလုံးပြဲစဥ္ေတြကို သုံးလၾကာရပ္နားခဲ့ရၿပီး အငွား ကစားသမားေတြရဲ႕ စာခ်ဳပ္သက္တမ္းဟာ ဇြန္ လ ၃၀ ရက္ေန႔မွာ ကုန္ဆုံးခဲ့ေပမယ့္ သက္ဆိုင္ရာ အသင္းေတြနဲ႔ အငွား စာခ်ဳပ္သက္တမ္းတိုးဖို႔ အတြက္ ခက္ခက္ခဲခဲ လုပ္ ေဆာင္ခဲ့ရတယ္လို႔ အင္တာမီလန္အသင္းဒါ႐ိုက္တာ မာေရာ့တာ ကေျပာခဲ့ပါတယ္။

ကစားသမားေတြကို အငွား စာခ်ဳပ္ သက္တမ္းတိုးႏိုင္ခဲ့ေပမယ့္ ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာပဲ ကစားခြင့္ရမွာျဖစ္ၿပီး ယူ႐ိုပါလိဂ္ကစားခြင့္ေတာ့ မရဘူးလို႔ သိရပါတယ္။ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကိုေတာ့ လာမယ့္ ၾသဂုတ္လအတြင္းမွာ ျပန္လည္က်င္းပဖို႔ ရွိေနတာပါ။

ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္အသင္း တာဝန္ရွိသူေတြက အင္တာမီလန္၊ ႐ိုးမား ႏွစ္သင္းစလုံး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ရွိေနေသးတာေၾကာင့္ ဒီ အခ်က္ကို ထည့္သြင္းခဲ့တာပါလို႔ ေျပာခဲ့ပါတယ္။

ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲတဲ့ အသင္းဟာ ေနာက္ႏွစ္ခ်န္ပီယံလိဂ္ကစားခြင့္ရတာ ေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ အင္တာမီလန္၊ ႐ိုးမား အသင္းေတြရဲ႕ ကစားအားကို ထိတ္လန႔္မႈရွိေနတယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။

ယူနိုက္တက္ဟာ ျပည္တြင္းမွာေတာ့ ရွက္ဖီးယူနိုုက္တက္ထံ အငွားခ်ထားတဲ့ ဂိုးသမား ဒင္းဟန္ဒါဆန္ကို ရာသီကုန္ထိ ဆက္ ကစားဖို႔ အငွား ေစလႊတ္ထားတာပါ။ ရွက္ဖီးကလည္း အခြင့္အေရး နည္းသည့္တိုင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္တစ္ေနရာ အတြက္ ၾကိဳးပမ္းေနတဲ့ အသင္း ျဖစ္ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်ဟာ စီးရီးအေ ကလပ် အသင်းထံတွေကို အငှား ချထားတဲ့ကစားသမားတွေကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားခွင့်မပေးတော့တဲ့အတွက် ကြောက်ရွံပြီး ပိတ်ပင်နေတာလားလို့ Sky Sport Italia ကနေ မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်ဇ်ကို အင်တာမီလန်နဲ့ စမော လင်းကို ရိုးမားအသင်းတွေထံ အငှားချထားတာပါ။

ကိုဗစ်ကာလကြောင့် ဘောလုံးပွဲစဉ်တွေကို သုံးလကြာရပ်နားခဲ့ရပြီး အငှား ကစားသမားတွေရဲ့ စာချုပ်သက်တမ်းဟာ ဇွန် လ ၃၀ ရက်နေ့မှာ ကုန်ဆုံးခဲ့ပေမယ့် သက်ဆိုင်ရာ အသင်းတွေနဲ့ အငှား စာချုပ်သက်တမ်းတိုးဖို့ အတွက် ခက်ခက်ခဲခဲ လုပ် ဆောင်ခဲ့ရတယ်လို့ အင်တာမီလန်အသင်းဒါရိုက်တာ မာရော့တာ ကပြောခဲ့ပါတယ်။

ကစားသမားတွေကို အငှား စာချုပ် သက်တမ်းတိုးနိုင်ခဲ့ပေမယ့် ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာပဲ ကစားခွင့်ရမှာဖြစ်ပြီး ယူရိုပါလိဂ်ကစားခွင့်တော့ မရဘူးလို့ သိရပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်တွေကိုတော့ လာမယ့် သြဂုတ်လအတွင်းမှာ ပြန်လည်ကျင်းပဖို့ ရှိနေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်အသင်း တာဝန်ရှိသူတွေက အင်တာမီလန်၊ ရိုးမား နှစ်သင်းစလုံး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှိနေသေးတာကြောင့် ဒီ အချက်ကို ထည့်သွင်းခဲ့တာပါလို့ ပြောခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ ဗိုလ်စွဲတဲ့ အသင်းဟာ နောက်နှစ်ချန်ပီယံလိဂ်ကစားခွင့်ရတာ ကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အင်တာမီလန်၊ ရိုးမား အသင်းတွေရဲ့ ကစားအားကို ထိတ်လန့်မှုရှိနေတယ်လို့လည်း ဖော်ပြနေကြပါတယ်။

ယူနိုက်တက်ဟာ ပြည်တွင်းမှာတော့ ရှက်ဖီးယူနိုက်တက်ထံ အငှားချထားတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို ရာသီကုန်ထိ ဆက် ကစားဖို့ အငှား စေလွှတ်ထားတာပါ။ ရှက်ဖီးကလည်း အခွင့်အရေး နည်းသည့်တိုင် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပါတယ်။