ယူနုိက္တက္ ဘယ္လို ကစားသမားမ်ိဳး လိုအပ္လဲ ေထာက္ျပလိုက္တဲ့ ဆာအဲလက္စ္ရဲ႕ လက္ေထာက္ေဟာင္း
ယူနုိက္တက္ရဲ႕ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေအာက္မွာ လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ဖူးသူ ရီနီမူလန္စတီးက မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ လီဝန္ေဒါစကီးလို တိုက္စစ္မႉးမ်ိဳး လိုအပ္ေနတာျဖစ္တယ္လို႔ ေထာက္ျပေျပာဆိုလာခဲ့ပါတယ္။
နည္းျပဆိုးရွားဟာ ဒီရာသီမွာ လူကာကူလိုတိုက္စစ္မႉးမ်ိဳးကို ေရာင္းထုတ္ခဲ့ၿပီး အန္တိုနီမာရွယ္လ္နဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔လို လူငယ္တိုက္စစ္မႉးေတြကိုပဲ ေနရာေပး အသုံးျပဳခဲ့ပါတယ္။ ၄င္းတုိ႔ နွစ္ဦးဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ ၃၈ဂိုးအထိ သြင္းယူထားပါတယ္။
ဂရင္းဝုဒ္လို လူငယ္ၾကယ္ပြင့္မ်ိဳးနဲ႔ ဝါရင့္တိုက္စစ္မႉး အီဂါလိုတို႔လည္း ရွိေနေသးေပမဲ့ မူလန္စတင္းကေတာ့ ထိပ္တန္းတိုက္စစ္မႉးစစ္စစ္တစ္ဦးကိုသာ မန္ယူႏိုက္တက္ အသင္း လိုအပ္ေနတာျဖစ္ေၾကာင္း ယုံၾကည္ေနပါတယ္။
“လက္ရွိအခ်ိန္မွာ အီဂါလိုမ်ိဳးကို အသင္းကို အက်ိဳးျပဳႏိုင္တဲ့ တိုက္စစ္မႉးတစ္ဦးကို ယူႏိုက္တက္ ေခၚယူထားႏိုင္တယ္။ သူ လုပ္ျပထားတာေတြဟာ အရမ္းအရမ္းကိုပဲ ေကာင္းမြန္လွပါတယ္။ ဒါေပမဲ့လည္း အျခားကစားသမားေတြကို ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ရက္ရွ္ဖို႔ဒ္၊ မာရွယ္တို႔ဟာ အေထာင္တိုက္စစ္မႉး စစ္စစ္ေတြ မဟုတ္ၾကဘူးေလ။ ဂရင္းဝုဒ္ ကလည္း ငယ္ေသးေပမဲ့ သူတို႔ႏွစ္ဦးနဲ႔ အတူတူပါပဲ။
ယူႏိုက္တက္ရဲ႕ ဖန္တီးမႈနဲ႔ သြင္းဂိုးေတြက ေတာင္ပံကေန ျဖစ္တည္လာတာ မ်ားတယ္ဗ်။ ဆန္ခ်ိဳကလည္း ေတာင္ပံကစားသမားတစ္ဦးပါပဲ။ ယူႏိုက္တက္လိုအပ္ေနတာက ေရာဘတ္ လီဝန္ေဒါစကီးလို တိုက္စစ္မႉးမ်ိဳး ျဖစ္ပါတယ္။
အၿမဲတမ္းပဲ ေနရာယူဖို႔ အသင့္ရွိေနတယ္။ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားႏိုင္တယ္။ အခြင့္အေရးရရင္ရသလို ဧရိယာတြင္းကေရာ ဧရိယာျပင္ပေနပါ ဂိုးေတြ သြင္းယူႏိုင္တယ္။ အဲဒီလိုမ်ိဳး ကစားသမားကို ယူႏိုက္တက္လိုအပ္ေနတာပါ။ ဆန္ခ်ိဳအတြက္ သန္း ၅၀ေပးမယ္ဆိုရင္ေတာင္ မ်ားလြန္းပါတယ္။ ေတာင္ပံတိုက္စစ္ကို အင္အားျဖည့္လို႔ေရာ မန္ယူႏိုက္တက္အသင္း ပိုေကာင္းသြားမယ္ဆိုတာ ေသခ်ာလို႔လား။” လို႔ မူလန္စတင္းက ေထာက္ျပ ေျပာၾကားခဲ့ပါတယ္။
Uni – ယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ရီနီမူလန်စတီးက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဝန်ဒေါစကီးလို တိုက်စစ်မှူးမျိုး လိုအပ်နေတာဖြစ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။
နည်းပြဆိုးရှားဟာ ဒီရာသီမှာ လူကာကူလိုတိုက်စစ်မှူးမျိုးကို ရောင်းထုတ်ခဲ့ပြီး အန်တိုနီမာရှယ်လ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့လို လူငယ်တိုက်စစ်မှူးတွေကိုပဲ နေရာပေး အသုံးပြုခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၃၈ဂိုးအထိ သွင်းယူထားပါတယ်။
ဂရင်းဝုဒ်လို လူငယ်ကြယ်ပွင့်မျိုးနဲ့ ဝါရင့်တိုက်စစ်မှူး အီဂါလိုတို့လည်း ရှိနေသေးပေမဲ့ မူလန်စတင်းကတော့ ထိပ်တန်းတိုက်စစ်မှူးစစ်စစ်တစ်ဦးကိုသာ မန်ယူနိုက်တက် အသင်း လိုအပ်နေတာဖြစ်ကြောင်း ယုံကြည်နေပါတယ်။
“လက်ရှိအချိန်မှာ အီဂါလိုမျိုးကို အသင်းကို အကျိုးပြုနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို ယူနိုက်တက် ခေါ်ယူထားနိုင်တယ်။ သူ လုပ်ပြထားတာတွေဟာ အရမ်းအရမ်းကိုပဲ ကောင်းမွန်လှပါတယ်။ ဒါပေမဲ့လည်း အခြားကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ဟာ အထောင်တိုက်စစ်မှူး စစ်စစ်တွေ မဟုတ်ကြဘူးလေ။ ဂရင်းဝုဒ် ကလည်း ငယ်သေးပေမဲ့ သူတို့နှစ်ဦးနဲ့ အတူတူပါပဲ။
ယူနိုက်တက်ရဲ့ ဖန်တီးမှုနဲ့ သွင်းဂိုးတွေက တောင်ပံကနေ ဖြစ်တည်လာတာ များတယ်ဗျ။ ဆန်ချိုကလည်း တောင်ပံကစားသမားတစ်ဦးပါပဲ။ ယူနိုက်တက်လိုအပ်နေတာက ရောဘတ် လီဝန်ဒေါစကီးလို တိုက်စစ်မှူးမျိုး ဖြစ်ပါတယ်။
အမြဲတမ်းပဲ နေရာယူဖို့ အသင့်ရှိနေတယ်။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်တယ်။ အခွင့်အရေးရရင်ရသလို ဧရိယာတွင်းကရော ဧရိယာပြင်ပနေပါ ဂိုးတွေ သွင်းယူနိုင်တယ်။ အဲဒီလိုမျိုး ကစားသမားကို ယူနိုက်တက်လိုအပ်နေတာပါ။ ဆန်ချိုအတွက် သန်း ၅၀ပေးမယ်ဆိုရင်တောင် များလွန်းပါတယ်။ တောင်ပံတိုက်စစ်ကို အင်အားဖြည့်လို့ရော မန်ယူနိုက်တက်အသင်း ပိုကောင်းသွားမယ်ဆိုတာ သေချာလို့လား။” လို့ မူလန်စတင်းက ထောက်ပြ ပြောကြားခဲ့ပါတယ်။