မိနစ္ ၉၀ ေက်ာ္တိုင္း တစ္ဂိုး သြင္းေပးေနတဲ့ မန္ခ်က္စတာယူနုိက္တက္ရဲ႕ တိုက္စစ္၀ွက္ဖဲ
မန္ခ်က္စတာယူနုိက္တက္ အကယ္ဒမီထြက္တိုက္စစ္မႉးေလးဂရင္းဝုဒ္ဟာ ဒီႏွစ္ေဘာလုံးရာသီမွာ အသင္းအတြက္ အထူးေျခစြမ္းျပကစားလ်က္ရွိေနၿပီး ၿပိဳင္ပြဲစုံသြင္းဂိုး ၂၀ ရရွိေအာင္ စြမ္းေဆာင္ေပးထားပါတယ္။ ကိုယ္တိုင္ ၁၅ ဂိုးသြင္းယူထားၿပီး အသင္းေဖာ္ေတြကိုေတာ့ ၅ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။
အသက္ ၁၈ႏွစ္ အ႐ြယ္သာရွိေသးတဲ့ လူငယ္တိုက္စစ္မႉးေလး ဂရင္းဝုဒ္ဟာ ဒီရာသီ ယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲ ၄၀ ပါဝင္ကစားခဲ့တယ္ဆိုေပမယ့္လည္း လူစားဝင္ အျဖစ္ ပါဝင္ကစားရတာ အမ်ားစုျဖစ္ေနၿပီး စုစုေပါင္း မိနစ္ ၁၉၀၀ ေက်ာ္သာ ပါဝင္ကစားထားတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ဂရင္းဝုဒ္ရဲ႕ဂိုးသြင္းႏႈန္းဟာ ပ်မ္းမွ်အားျဖင့္ ၉၆ မိနစ္ကို တစ္ဂိုးႏႈန္းျဖစ္ေနၿပီး ဒါဟာ အေတာ္ေလး ျမင့္မားတဲ့ ဂိုးသြင္းႏႈန္းတစ္ရပ္လည္း ျဖစ္ပါတယ္။
နာမည္ေက်ာ္ တိုက္စစ္မႉး ဗန္ပါစီနဲ႔ ကစားပုံခ်င္းဆင္တူတယ္လို႔ အမ်ားကသတ္မွတ္ထားၾကတဲ့ ဂရင္းဝုဒ္ဟာ ဒီရာသီမွာေတာ့ အေထာင္တိုက္စစ္ေနရာမွာ သိပ္မကစားရဘဲ ညာေတာင္ပံမွာ အမ်ားဆုံး ပြဲထြက္ကစားခဲ့ရပါတယ္။ သူဟာ ေတာင္ပံတိုက္စစ္ေနရာမွာလည္း အံဝင္ခြင္က်ကစားႏိုင္ခဲ့ၿပီး အခုလိုေျခစြမ္းျပေနခဲ့တာပါ။
လက္ရွိ ယူနိုက္တက္မွာ အငွါးေခၚထားတဲ့ အစ္ဟာလိုနဲ႔ မာရွယ္တို႔ေလာက္ပဲ အေထာင္တိုက္စစ္မႉး အျဖစ္ ရွိေနၿပီး ရပ္ဖို႔ဒ္ကလည္း ဘယ္ျခမ္းကို ပိုမို အားသန္ ေနတာေၾကာင့္ ဂရင္းဝုဒ္အေနနဲ႔ အေထာင္ တိုက္စစ္ေနရာမွာ ျပန္ကစားရဖို႔လည္းရွိလာႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။
Uni – မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်တိုက်စစ်မှူးလေးဂရင်းဝုဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြကစားလျက်ရှိနေပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ကိုယ်တိုင် ၁၅ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။
အသက် ၁၈နှစ် အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ ဒီရာသီ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၄၀ ပါဝင်ကစားခဲ့တယ်ဆိုပေမယ့်လည်း လူစားဝင် အဖြစ် ပါဝင်ကစားရတာ အများစုဖြစ်နေပြီး စုစုပေါင်း မိနစ် ၁၉၀၀ ကျော်သာ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဂရင်းဝုဒ်ရဲ့ဂိုးသွင်းနှုန်းဟာ ပျမ်းမျှအားဖြင့် ၉၆ မိနစ်ကို တစ်ဂိုးနှုန်းဖြစ်နေပြီး ဒါဟာ အတော်လေး မြင့်မားတဲ့ ဂိုးသွင်းနှုန်းတစ်ရပ်လည်း ဖြစ်ပါတယ်။
နာမည်ကျော် တိုက်စစ်မှူး ဗန်ပါစီနဲ့ ကစားပုံချင်းဆင်တူတယ်လို့ အများကသတ်မှတ်ထားကြတဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီမှာတော့ အထောင်တိုက်စစ်နေရာမှာ သိပ်မကစားရဘဲ ညာတောင်ပံမှာ အများဆုံး ပွဲထွက်ကစားခဲ့ရပါတယ်။ သူဟာ တောင်ပံတိုက်စစ်နေရာမှာလည်း အံဝင်ခွင်ကျကစားနိုင်ခဲ့ပြီး အခုလိုခြေစွမ်းပြနေခဲ့တာပါ။
လက်ရှိ ယူနိုက်တက်မှာ အငှါးခေါ်ထားတဲ့ အစ်ဟာလိုနဲ့ မာရှယ်တို့လောက်ပဲ အထောင်တိုက်စစ်မှူး အဖြစ် ရှိနေပြီး ရပ်ဖို့ဒ်ကလည်း ဘယ်ခြမ်းကို ပိုမို အားသန် နေတာကြောင့် ဂရင်းဝုဒ်အနေနဲ့ အထောင် တိုက်စစ်နေရာမှာ ပြန်ကစားရဖို့လည်းရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။